Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Tuesday, June 23, 2015
မြန်မာ့ဆေးဖက်ဝင် ကြောင်လျှာပင်
Item Name -------- Indian Trumpet Flower (ကြောင်လျှာ)
Category ----------- Raw Material
Botany Term ------- Oroxylum indicun Vent
Species Family ----- Bignoniaceae
မြန်မာနိုင်ငံ နေရာအနှံ့အပြား အမြင့်ပေ ၄၀၀၀ အထိ ပေါက်ရောက် နိုင်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။
♥ အပင်
ကြီးထွားမှု မြန်သောအပင်လတ်မျိုးဖြစ်သည်။ ပေ ၃၀ မှ ၄၀ အထိမြင့်သည်။ အခေါက်ထူသည်။ မီးခိုးစိမ်းရောင်ရှိသည်။ အတွင်းသား အ၀ါရောင် ရှိသည်။
♥ အရွက်
ရွက်ပေါင်း ဖြစ်ပြီး ရွက်ဆိုင်ထွက်သည်။ ရွက်မြွှာများ မျက်နှာချင်းဆိုင်ထွက်၍ ရှည်မျောမျော ဘဲဥပုံသဏ္ဍာန်ရှိသည်။ ရွက်ရင်းအနည်းငယ်ဝိုင်း ၊ သို့မဟုတ် သွယ်၍ ရွက်ဖျား ချွန်သည်။ အကြောထင်ရှားသည်။ ထိပ်ရွက် တစ်ရွက် ပါသည်။
♥ အပွင့်
ခရမ်းရောင် အပွင့်များဖြစ်သည်။ ပန်းခိုင်ရှည်သည်။ ခေါင်းလောင်းပုံရှိပြီး အသားထူသည်။ ပွင့်ညှာရှည်၍ တုတ်သည် ။ နယုန် ၊ ၀ါဆို တွင် ပွင့်သည်။
♥ အသီး
သီးတောင့် ရှည်ဖြစ်၍ ပြားပြီး အမွေးကလေးများရှိသည်။ တွဲလျားကျ၍ သီးသည်။ စိမ်းညိုရောင် ရှိသည်။ အတွင်းသား ထူသည်။ အစေ့တွင် အတောင်ပိါသည်။ တန်ဆောင်မုန်းလတွင် သီးသည်။
► အသုံးဝင်ပုံ
အခေါက် ၊ အရွက်၊ အသီး ၊ အမြစ် ။
♥ အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ဖန်ခါးသော အရသာရှိ၍ ပူ၏ ၊ စပ်၏ ၊ ကြေလွယ်၏ ၊ နှုတ်ကို မြိန်စေ၏ ။ နှလုံး ၊ လည်ပင်းကို အကျိုးပြု၏ ။ ၀မ်းမီးကို တောက်စေသည်။ လေ သလိပ်ကို နိုင်သည်။ မြင်းသရိုက် ၊ ၀မ်းသက် ၊ အဖျား ၊ အစာမကြေ ၊ နူနာ ၊ ပျို့အန် ၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေနိုင်၍ ခွန်အားကို တိုးပွားစေသည်။
► အခေါက်အသုံးပြုပုံ
၁ ။ ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။
၂ ။ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။
၃ ။ ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။
၎ ။ သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံး၏ ။
၅ ။ အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ၀မ်းဖော ၊ ၀မ်းရောင် ၊ ၀မ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ။
► အရွက်အသုံးပြုပုံ
၁ ။ ကြောင်လျှာရွက်ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။
၂ ။ ကြောင်လျှာရွက်ပြုတ်တို့စားက ၀မ်းမီးကောင်း၏ ။
► အသီးအသုံးပြုပုံ
၁ ။ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။
၂ ။ ကြက်သားနှင့် ချက်စားပါက ပန်းနာရောဂါ ပျောက်၏ ။
၃ ။ ငါးရံ့ဖြင့်ချက်စားပါက ကာလ၀မ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ၀မ်းပျက်ရောဂါပျောက်၏။
၎ ။ ပုစွန်ဖြင့် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏
၅ ။ ငါးသလောက်ဖြင့် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ၀ဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။
၆ ။ ငါးမြွေထိုးနှင့် ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။
► အမြစ်အသုံးပြုပုံ
၁ ။ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။
Labels:
ကျန်းမာရေး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment