Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Friday, June 19, 2015
Raheem Sterling အတွက် မန်စီးတီး အသင်းက ပေါင် သန်း ၄၀ နဲ့ကမ်းလှမ်းမှုကို လီဗာပူး ပယ်ချ
လီဗာပူး အသင်းဟာ အသင်းရဲ့ လူငယ်ကစားသမား Raheem Sterling ကို ခေါ်ယူဖို့ မန်စီးတီး အသင်းရဲ့ ကမ်းလှမ်းမှု ကို ပယ်ချခဲ့ပါတယ်။
အန်ဖီးလ်ကွင်း ရဲ့ ပိုင်ရှင် ဖြစ်တဲ့ John Henry ၊ Tom Werner နဲ့ Mike Gordon တို့ဟာ ထို ကမ်းလှမ်းမှုအတွက် ရှောင်တခင် တွေ့ဆုံနေကြပြီး အဖြေကတော့ မကြာခင်မှာ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
မာဆေးဆိုက် ရဲ့ အတွင်းလူတွေထံမှ သိရတာကတော့ မန်စီးတီး အသင်းဟာ Raheem Sterling ကို ခေါ်ယူနိုင်ဖို့ စတာလင်ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး လီဗာပူးကတော့ အသင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို ပြုပြင်နေပြီး Raheem Sterling ကို ရောင်း၇န် အစီအစဉ် မရှိဘူးလို့ ဆိုကာ ငြင်းပယ်ခဲ့တာ ပဲ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သတင်းဌာန တစ်ချို့ က ဖော်ပြခဲ့တာကတော့ လီဗာပူး အသင်းရဲ့ ပိုင်ရှင် အမေရိကန် နိုင်ငံသားတွေဟာ Raheem Sterling ကို စတာလင်ပေါင် သန်း ၅၀ ကျော် မရရင် ရောင်းထုတ်မှာ မဟုတ်ဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။
လီဗာပူး အသင်းရဲ့ တွေးခေါ်ပုံ တွေကတော့ ရိုးရှင်းပါတယ်။ သူတို့ဟာ Luis Suarez ကို ဘာစီလိုနာ အသင်းကို ရောင်းထုတ်လိုက်စဉ်က အသင်း ဟာ တော်တော် လေး အထိနာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ထို တိုက်စစ်မှုး တစ်ယောက်အတွက် ထိုက်တန်တဲ့ ဈေးနှုန်းကိုတော့ ရလိုက်ပါတယ်။ ဒါကြောင့် အသင်းတာဝန်ရှိသူတွေက ဥရုဂွေး နိုင်ငံသား Sterling ဟာ အနာဂတ် မှာ ပိုပြီးတန်ဖိုးရှိလာမယ်ဆိုတာကို တွေးမိခဲ့ကြပါတယ်။
Raheem Sterling ဟာ လီဗာပူး အသင်းနဲ့ ၂ နှစ်ခန့် သဘောတူစာချုပ် သက်တမ်း ကျန်ရှိနေပါသေးတယ်။
မန်မာဒုက္ခသည် ပြဿနာ ကုလမဟာမင်းကြီး သတိပေး
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှား ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးကြရသူပေါင်းဟာ ၂၀၁၄ ခုနှစ်မှာ ၅၉ သန်းခွဲအထိ ရှိလာနေပြီလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး က ပြောကြား လိုက်ပါတယ်။ ဥရောပမှာ အခြေချဖို့ မြေထဲပင်လယ်နဲ့ Aden ပင်လယ်ကွေ့တွေကို အသက်စွန့်ပြီး ဖြတ်ကြသူတွေ၊ မြန်မာနဲ့ ဘင်္ဂလားဒက်ရှ် နိုင်ငံတွေ ကနေ အရှေ့တောင်အာရှနိုင်ငံတွေကို သွားဖို့ ကြိုးစားကြသူတွ အရေးကို ကမ္ဘာက တာဝန်တရပ် အနေနဲ့ လက်ခံပြီး ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂက ပန်ကြားလိုက်တာပါ။ ဒီအထဲမှာ ရိုဟင်ဂျာတွေအရေးနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံက အခုထက်ပိုပြီး အရေးယူ ဆောင်ရွက်ပေး ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးက ဒီကနေ့ ကြာသပတေးနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ၂၀၁၄ ခုနှစ်ကုန်အထိ စာရင်းတွေအရ အိုးအိမ်စွန့်ခွါ ထွက်ပြေးရတဲ့ ဒုက္ခသည်က သန်းပေါင်း ၆၀ လောက်ရှိနေပြီး ဒါဟာ ၂၀၁၃ ခုနှစ်ကထက် ၈ သန်းလောက် ပိုလာသလို လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကထက် သန်း ၂၀ လောက် ပိုလာတယ်လို့ ဆိုပါတယ်။
ဒီဒုက္ခသည်တွေထဲက ဘင်္ဂလား ပင်လယ်အော်နဲ့ အရှေ့တောင် အာရှ ရေပြင်တွေထဲမှာ သောင် တင်နေတဲ့ ဒုက္ခသည်တွေ အတွက် ဒေသ တွင်းနိုင်ငံတွေ ရဲ့ ဆောင်ရွက်ချက်တွေကို ကုလသမဂ္ဂက ဝမ်းမြောက်ပေမယ့် အခုထက်ပိုပြီး လုပ်စရာတွေ ရှိသေးတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres ကပြောပါတယ်။
"မလေးရှားနဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေက ပင်လယ်ပြင်ထဲက ဒုက္ခသည်တွေကို ကယ်တင်ဖို့ စလုပ်လာတာအတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကပါ ပင်လယ်ပြင်ထဲ ဒုက္ခရောက်နေသူတွေကို ကယ်ဆယ် တာတွေ လုပ်ခဲ့တာပါ။ ဒါပေမယ့် ထင်ရှားလာတာက ဒီလို ဒုက္ခသည် ဖြစ် လာရတဲ့ အကြောင်းရင်းကို ထုတ်ပြောကြဖို့ လိုနေပြီဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ ဆိုရင် ရိုဟင်ဂျာတွေဟာ နိုင်ငံမဲ့ ဖြစ်နေသလိုသူတို့ရဲ့ ရပိုင်ခွင့်တွေ အတွက် လေးစားမှုလည်း မရတဲ့အတွက် ဒီလို ပြဿနာတွေ ဖြစ်နေတာပါ။"
လူပေါင်း ၁၂၂ ယောက်တိုင်းမှာ တယောက်ကတော့ ဒုက္ခသည်၊ ဒါမှမဟုတ် ပြည်တွင်းအိုးအိမ်စွန့်ခွါ ထွက်ပြေးသူ၊ ဒါမှမဟုတ် နိုင်ငံရေး ခိုလှုံသူတွေ ဖြစ်နေပြီး ဒီကမ္ဘာ့လက်ရှိ အခြေနေက ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ထင်ဟပ်နေတယ်လို့ မစ္စတာ ဂူးထရပ်စ်က ပြောပါတယ်။
"နိုင်ငံတကာ အသိုင်းအဝိုင်းက တာဝန်တရပ်အနေနဲ့ လက်ခံပြီး ဆောင်ရွက်ရမယ့် အချိန်ရောက်နေပါပြီ။ ဒုက္ခသည်တွေ အတွက်တင် မကပါဘူး။ဒီလိုမဖြစ်အောင် ကာကွယ်နိုင်ဖို့ ဒါမှမဟုတ် ဒုက္ခရောက်စေတဲ့ ပဋိပက္ခတွေ အတွက် အဖြေရှာရမှာပါ။"
လက်ရှိမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးကြတဲ့ ဒုက္ခသည် အများဆုံး နိုင်ငံဟာ ဆီးရီးယား ဖြစ်ပြီး သူ့နောက်မှာ အာဖဂန်နစ္စတန် နဲ့ ဆိုမားလီယား နိုင်ငံတွေ ဖြစ်ပါတယ်။ ဆီးရီးယား အိမ်နီးချင်း တူရကီကတော့ ဒုက္ခသည် အများဆုံး လက်ခံရတဲ့ နိုင်ငံပါ။ ဂရိနဲ့ အီတလီ နိုင်ငံတွေမှာလည်း ဥရောပကို အခြေချ ချင်သူတွေနဲ့ ပြည့်နေပါတယ်။ ဒီဒုက္ခသည်တွေရဲ့ ပြဿနာကို ဘယ်လို ဝေမျှယူကြမယ် ဆိုတာအတွက်တော့ ဥရောပ နိုင်ငံတွေကြား အငြင်းပွါးနေကြပါတယ်။
"နိုင်ငံတကာအသိုင်းအဝိုင်းက တာဝန်တရပ်အနေနဲ့ လက်ခံပြီး ဆောင်ရွက်ရမယ့် အချိန် ရောက်နေပါပြီ။ ဒုက္ခသည်တွေအတွက်တင် မကပါဘူး။ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်ဖို့ ဒါမှမဟုတ် ဒုက္ခရောက်စေတဲ့ ပဋိပက္ခတွေ အတွက် အဖြေရှာရမှာပါ။"
ဂျာမဏီ နိုင်ငံခြားရေး ဝန်ကြီး Frank Walter Steinmeier ပါ။ EU အဖွဲ့ဝင် နိုင်ငံ အများအပြား ကတော့ ဒါကိုလက်မခံကြပါဘူး။ ဟန်ဂေရီက သူရဲ့ဆားဗီးယား နယ်စပ်ကို ပိတ်ပစ်မယ့်အစီစဉ်ကို ကြေညာခဲ့ပါတယ်။
ဂျာမဏီနဲ့ ဆွီဒင်ကို သွားမယ့် ဒုက္ခသည် အများအပြား ဟာ ဘော်လကန်နိုင်ငံတွေကို ဖြတ်ပြီး ဟန်ဂေရီကို ရောက်လာကြတာ ဖြစ်ပါတယ်။
"၁၇၅ ကီလိုမီတာရှည်တဲ့ နယ်စပ်တလျှောက်မှာ ၄ မီတာ မြင့်တဲ့ ခြံစည်းရိုးခတ်ပြီး ပိတ်ပစ်မယ်လို့ ကျွန်တော်တို့ ပြောနေတာပါ။
ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပါ။
ကမ္ဘာတလွှားမှာ အခုလို ဒုက္ခသည်တွေ ပေါ်ပေါက်လာနေတဲ့ ပြဿနာ အတွက်တော့ ကုလသမဂ္ဂနဲ့ ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေက တာဝန်ယူနိုင်မှာတော့ မဟုတ်ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres ကပြောပါတယ်။
နယ်စပ်ပစ်ခတ်မှု မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ် ဆင့်ခေါ်ကန့်ကွက်
မြန်မာနယ်ခြား စောင့်တပ်က ဘင်္ဂလားဒေ့ရှ် အရံ တပ်ဖွဲ့ကို ပစ်ခတ်ပြီး နယ်ခြားစောင့် တဦးကို ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရက ဒါကာမြို့တော်မှာရှိတဲ့ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ် ကန့်ကွက်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး တွဲဖက် အတွင်းဝန် Mizanur Rahman က ပြင်းပြင်းထန်ထန် ရေးသားထားတဲ့ စာကို မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဆီ ပေးအပ်ပြီး ဖမ်းဆီးခံ Nayak Abdur Razzak ကို ချက်ခြင်း ပြန်ပေးဖို့ တောင်းဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းစာမှာ ဖော်ပြထားပါတယ်။
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ အနေနဲ့ တစုံတရာ ရန်စခံရတာ မရှိပဲ ပစ်ခတ်တာကိုလဲ လုံးဝ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုကြောင့် စစ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် ဆွေးနွေးဖို့ ဖိတ်ခေါ်တာကို မြန်မာသံအမတ်ကြီးက ငြင်းဆန်ခဲ့တဲ့အတွက်လဲ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ The Daily Star သတင်းစာမှာ ရေးသားထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကလူတွေ ဥပဒေမဲ့ ခိုးဝင်တဲ့ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က သံတမန်တွေကို ရှင်းပြခဲ့တဲ့အတွက် ဇွန်လ ၅ ရက်နေ့ကလဲ သံအမတ်ကြီး ဦးမျိုးမြင့်သန်းကို အဲဒီလို ဆင့်ခေါ်ခဲ့ပါသေးတယ်။
မြစ်သာဆည်အနီး ရေသယ်ကားတိမ်းမှောက် ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသမီးနှစ်ဦးသေဆုံး
ပခုက္ကူခရိုင် ဂန့်ဂေါမြို့နယ် မြစ်သာဆည်အနီးတွင် ဇွန် ၁၇ ရက်က ရေသယ်ကားတိမ်းမှောက်ခဲ့သဖြင့် အမျိုးသမီးနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ကျော်ဌေးအောင် (၂၁ နှစ်) ချောင်းတက်ရွာ ချောက်မြို့နယ်နေသူမောင်းနှင်သည့် ဇ/-----ဟီးနိုး ခြောက်ဘီးအစိမ်း ရောင်ယာဉ်သည် ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်က မြစ်သာမြစ်မှ ရေသယ် ပြီးအပြန် မြစ်သာဆည်အနီး ကုန်းအတက်တွင် လမ်းချော်၍ နောက်ပြန် လျှောကာ လမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဂန့်ဂေါမြို့ မောလယ်ရွာ နေသူများဖြစ်ကြသော မညိုညိုဌေး (၃၅ နှစ်)နှင့် မသူဇာခင် (၂ဝ နှစ်)တို့ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ဌေးအောင်အား ဂန့်ဂေါ မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
အချိန်မတော် မြစ်ရိုးတစ်လျှောက် ဓားကိုင်လူတစ်စုမှ ၀င်ရောက်ခိုးယူမှု စဥ့်ကိုင်၌ ဖြစ်ပွား
စဥ့်ကိုင်မြို့နယ် မြောက်ကိုင်း ကျေးရွာ၌ ဇွန် ၁၆ရက် ည ၁၂ နာရီဝန်းကျင်က ဓားရှည်ကိုင်ဆောင် ထားသည့် လူတစ်စုက စက်လှေ ဖြင့် လာရောက်ကာ နေအိမ်တွင်း ကျူးကျော်ခိုးယူမှု ဖြစ်ပွားခဲ့သဖြင့် စဥ့်ကိုင်မြို့နယ် ပုလိပ်မြို့မနယ်မြေ ရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဇွန် ၁၆ ရက် ည ၁၂ နာရီက စဥ့်ကိုင်မြို့နယ် မြောက်ကိုင်းကျေးရွာ အရှေ့ဖျားရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဦးစီးဌာန၊ မြစ်ရေတင် စခန်းမှ ဦးမောင်နိုင်နှင့် သားဖြစ်သူ မောင်အောင်အောင်သည် အိပ်ပျော် နေ စဉ် အိမ်အတွင်းသို့ လူခြောက်ဦး ခန့်က ဓားရှည်များကိုကိုင်ဆောင် ဝင်ရောက်လာသည်ကို အတူအိပ်နေ သည့် သားဖြစ်သူ မောင်အောင်အောင် ပြောကြားသဖြင့် သိရှိရကြောင်း၊ ဓား များ ကိုင်ဆောင်ထားသဖြင့် သား ဖြစ်သူက ဖခင်ကိုမနှိုးဘဲ လက်နက် ကိုင်ဆောင်သူများ ပြန်ထွက်သွားမှ နှိုး၍ ကြည့်ရှုရာ ငွေကျပ် ၃၈ဝဝဝဝ ကျော်နှင့် ရေအရင်းအမြစ်စခန်း အသုံးပြုနေသည့် ကင်မရာ၊ ဖုန်း လေးလုံးနှင့် အခြားပစ္စည်းအချို့ ယူ ဆောင်သွားကြောင်း တွေ့ရှိရသည်။
ဓားကိုင်ဆောင်ထားသူများသည် မြစ်အတွင်း အသင့်ရှိသည့် စက်လှေ ဖြင့် မောင်းနှင်ထွက်ခွာသွားသည်ကို သိရှိရပြီး ယင်းနေ့ည ၁ နာရီကလည်း မြောက်ကိုင်းကျေးရွာ အနောက် ဖျားရှိ ဒေါ်မြမြ၏ ကုန်စုံဆိုင်မှ ကုန် ပစ္စည်းတန်ဖိုး ငွေကျပ်တစ်သိန်းကျော် ဖိုးအား ယူဆောင်သွားခဲ့သေးကြောင်း သိရသည်။
''ကျွန်တော်တို့ ရွာသားတစ်ဦးက ဒေါ်မြမြအိမ်ကနေ ဆင်းလာတာကို မြင်ရလို့ အော်ဟစ်ခဲ့တဲ့အခါ စက် လှေပေါ်တက်ပြီး မောင်းထွက်သွား တယ်။ အခုလိုဖြစ်တာ နှစ်ကြိမ်ရှိ ပါပြီ။ မတ်လတုန်းကလည်း လူအုပ်စု ဖွဲ့ပြီး စက်လှေနဲ့လာဖူးတယ်။ ဆန်အိတ်ရှစ်ပိုင်း ပါသွားခဲ့တယ်။ စက်လှေမှာ လူဘယ်နှစ်ဦးပါလဲ မသိ ဘူး။ ဓားရှည်တွေကိုင်ထားတဲ့အတွက် ဒေသခံတွေ ထိတ်လန့်နေလို့ လုံခြုံ ရေးဆောင်ရွက်နေတယ်''ဟု စဥ့်ကိုင် မြို့နယ် မြောက်ကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းက ပြောသည်။
မြန်မာနိုင်ငံ တည်ငြိမ်မှု သတိထားနေရဆဲ
မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှု အခြေအနေဟာ သတိနဲ့ စောင့်ကြည့်ရမယ့်အဆင့်မှာ ရှိနေဆဲဖြစ်တာကို ကြာသပတေးနေ့က ထွက်တဲ့ အစီရင်ခံစာတခုမှာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကနဲ့နှိုင်းယှဉ်ရင် တည်ငြိမ်မှုအခြေအနေ အနည်းငယ် တိုးတက် လာပေမဲ့ လုံလောက်တဲ့ တိုးတက်မှု မရှိသေးဘူးဆိုတာကို အညွှန်းကိန်းတွေမှာ တွေ့ရ ပါတယ်။ ဘယ်လိုကဏ္ဍတွေမှာ စိုးရိမ်ဖွယ် အကောင်းဆုံးဖြစ်နေပြီးတော့ နောင်မှာ တည်ငြိမ်မှုပိုကောင်းလာမယ့် အလားအလာရော ရှိပါသလား၊ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
နိုင်ငံများ၏ တည်ငြိမ်မှုအခြေအနေပြ အညွှန်းကိန်းလို့ဆိုရမယ့် Fragile States Index 2015 ဆိုတာကို အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော် အခြေစိုက် Fund for Peace ဆိုတဲ့ သုတေသနအဖွဲ့တခုက ဇွန်လ ၁၈ ရက်နေ့မှာ ထုတ်ပြန် လိုက်တာပါ။ နိုင်ငံပေါင်း ၁၇၈ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး စတဲ့အခြေအနေတွေကို ကဏ္ဍ ၁၂ ခုနဲ့ ခွဲခြားပြီး ကဏ္ဍတခုချင်းစီမှာ တည်ငြိမ်မှုအကောင်းဆုံးကနေ အဆိုးဆုံးကို အခြေခံကိန်း ၁ ကနေ ၁၀ အထိ အဆင့်ဆင့် သတ်မှတ်ပါတယ်။ ပြီးတဲ့အခါ ကဏ္ဍ ၁၂ ခုလုံးမှာရတဲ့ အခြေခံကိန်းအားလုံးကို ပေါင်းယူပြီး နိုင်ငံတခုချင်းစီရဲ့ စုစုပေါင်းအခြေခံကိန်းရလာပါတယ်။
အဲဒီပေါ်မှာ မူတည် ပြီးတော့ နိုင်ငံပေါင်း ၁၇၈ နိုင်ငံရဲ့ တည်ငြိမ်မှုအညွှန်းကိန်းကို အနိမ့်ဆုံးကနေ အမြင့်ဆုံး တန်းစီသတ်မှတ်ထားတာပါ။
ဒီသတ်မှတ်ချက် အရ တောင်ဆူဒန်နိုင်ငံ ဟာ တည်ငြိမ်မှုအနိမ့်ဆုံးနိုင်ငံအဖြစ် အညွှန်းကိန်း ၁ မှာရှိနေပြီး မြန်မာနိုင်ငံကတော့ အညွှန်းကိန်း ၂၇ မှာရှိနေပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း စုစုပေါင်းအဆင့်မှာ တိုးတက်မှုတချို့ရှိ ထားပြီးတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်တိုးတက်မှုမှာ သိပ်ကို အရေးကြီးတယ်လို့ သူတို့ယူဆတဲ့ အဓိကအညွှန်းကိန်းတချို့ကို Fund for Peace အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး J. J. Messner က ဗွီအိုအေကိုရှင်းပြပါတယ်။
“အစိုးရအဖွဲ့ထဲ၊ အာဏာပိုင်တွေကြားထဲ တစုစီ တဖွဲ့ဆီ အကွဲကွဲအပြားပြားဖြစ်မှုကို တိုင်းတာတဲ့ Factionalized Elites အညွှန်းကိန်းက လွန်ခဲ့တဲ့နှစ်အတွင်း တကယ်ပဲ တိုးတက်ခဲ့ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ နိုင်ငံတော်ရဲ့ တရားဝင်ဖြစ်မှု အညွှန်းကိန်းက လွန်ခဲ့တဲ့ ၁၂ လအတွင်း အနည်းငယ် တိုးတက်ခဲ့ပါတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ တိုးတက်မှုဟာ နှေးနေ တယ်ဆိုပေမဲ့ တိုးတက်နေတယ်ဆိုတာကို ပြပါတယ်။”
အတိုးတက်ဆုံးက စီးပွားရေးနဲ့ဆိုင်တဲ့ တည်ငြိမ်မှုအခြေအနေဖြစ်ပြီးတော့ နိုင်ငံရေး စစ်ရေး တည်ငြိမ်မှုအခြေအနေကိုပြတဲ့ အညွှန်းကိန်းတွေဟာ သိပ်အားပျော့နေတယ် လို့ မစ္စတာ Messner ကပြောပါတယ်။ အဲဒီထဲမှာမှ Group Grievance လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းတွင်းက အစုအဖွဲ့တွေ အချင်းချင်းကြား တင်းမာမှုနဲ့ အကြမ်းဖက်မှုအခြေအနေကိုပြတဲ့ အညွှန်းကိန်းက အတော် လေးကို မြင့်မားနေတာကြောင့် ဒါကို တိုးတက်အောင် လုပ်ဖို့လိုတယ်လို့ မစ္စတာ Messner က ထောက်ပြပါတယ်။
“အိုးအိမ်စွန့်ထွက်ပြေးရတာ ပိုများလာတာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ မှာ အစိုးရစစ်တပ်နဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်တာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ၊ ရိုဟင်ဂျာမူစလင် ဒုက္ခသည်တွေ အလုံးအရင်းလိုက် ထွက်ပြေးကြတာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို တကယ်ပဲ အာရုံစိုက်ဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်တယ် ဆိုရင်တောင်မှ၊ နိုင်ငံရေးနဲ့ တခြားအခြေအနေတချို့ တိုးတက်တယ်ဆိုရင်တောင်မှ နိုင်ငံမှာ ရေရှည်ခိုင်မာတဲ့ တိုးတက်မှုရဖို့ရာ အဲဒီ အစုအဖွဲ့အချင်းချင်းကြား ပဋိပက္ခအခြေအနေက တကယ့်ကိုစိုးရိမ်စရာကောင်းတဲ့ အဟန့်အတားတခု ဆက်ဖြစ်နေဦးမှာပါပဲ။”
ဒါကြောင့်လဲ မြန်မာနိုင်ငံရဲ့ အခြေအနေတချို့မှာ တိုးတက်မှု တချို့ကို တွေ့နေရပေမဲ့ လေ့လာ သုံးသပ်တဲ့နေရာမှာတော့ ဆက်ပြီး သတိထားသွားရဦးမှာဖြစ်တယ်လို့ မစ္စတာ Messner ကပြောပါတယ်။
Fund for Peace အဖွဲ့က သုတေသနပြု လေ့လာပြီး သတ်မှတ်ချက်အရ နိုင်ငံပေါင်း ၁၇၈ နိုင်ငံထဲမှာ သိပ်ကိုခိုင်မာတဲ့ တည်ငြိမ်မှု အရှိဆုံးနိုင်ငံကတော့ ဖင်လန်နိုင်ငံပဲဖြစ်ပါတယ်။
ဖားကန့်ဗုံးပေါက်ကွဲမှု ရဲတစ်ဦး ဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒီရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ KIA အကြား တိုက်ပွဲတွေ ဆက်တိုက် ဆိုသလိုဖြစ်ပွား ခဲ့တဲ့နောက် ဗုဒ္ဓဟူးနေ့ညက ဒေသတွင်းမှာ ပေါက်ကွဲမှု ၄ကြိမ်ဖြစ် ပွားခဲ့ပြီး အနည်းဆုံး လူတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီလို တိုက်ပွဲတွေ ရေရှည် လာမယ်ဆိုရင် မိုးကောင်း- ဖားကန့်လမ်းပိတ်ဆို့သွားနိုင်ပြီး ကုန်စည်စီးဆင်းတာတွေ ရပ်တန့်သွားနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။ ဖားကန့်ဒေသက နောက်ဆုံး အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်းမှာ ဒီလ ၁၅ရက်နေ့ကစပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ ဖားကန့်နဲ့ မိုးကောင်း ကားလမ်းမှာ ၃နေရာလောက်တိုက်ပွဲဖြစ်ခဲ့သလို ညပိုင်းမှာတော့ ဗုံး ၄လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။ ဒီလိုဗုံးတွေ ဆက်တိုက်ပေါက်ကွဲ ခဲ့ကြောင်းကို ဒေသခံ တယောက်က အခုလို ပြောပါတယ်။
" ၇နာရီနဲ့ ၈နာရီကြား ကြားသိရတာကတော့ လုံးခင်းမှာက တပ်ကုန်းနားမှာက မိုင်းနှစ်လုံးကွဲတယ်။ နောက် ဖားကန့်မှာကျတော့ ၇နာရီနဲ့ ၈နာရီကြားပါပဲ။ ဒီဘေလီတံတား ဖားကန့်နဲ့ ကူးထားတဲ့ ဥရုချောင်းကူးတံတား လုံခြုံရေးတာဝန်ယူထားတဲ့ရဲတွေပေါ့ဗျာ။ ရဲကင်းစောင့်တွေကို သူတို့က မိုင်းလာပစ်သွားတယ်။ အဲ့ဒီ့တဲတွေကြားထဲမှာ ရဲကင်းမှူး ဗိုလ်မှူးတယောက်ထိတယ်လို့ကြားတယ်။ ဒဏ်ရာရတယ်ပေါ့ဗျာ။ ခြေထောက်မှာ။
နောက်ပြီးတော့ ၇နာရီ၊ ၈နာရီကြားမှာ ရှမ်းတောင် စရဖရုံးရှေ့မှာလည်း ဗုံးတလုံးကွဲတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။"
ဗုံးပေါက်ကွဲပြီးတဲ့နောက် တံတားကို ပိတ်လိုက်ပြီး မြို့အတွင်းနဲ့ မြို့ အ၀င်၊ အထွက်မှာ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ကြာသာပတေးနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ပြောပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှုးရုံးက တာဝန်ရှိသူတဦးက အခုလို အတည်ပြုပါတယ်။
"ဟုတ်ကဲ့။ ကွဲတာတော့ ကွဲတယ်ခင်ဗျ။ ကျန်တာတော့ အချက်အလက်ကို အတိအကျ ကျနော်တော့ မသိဘူးဗျ။ ကိုင်တဲ့ဌာနစိတ်က တယောက်မှ မရှိဘူးဗျ။"
ရဲတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရရှိတာလည်း ဟုတ်မှန်ကြောင်း ပြောပါတယ်။
ဖားကန့်ဒေသမှာ ဒီလို ဗုံးပေါက်ကွဲတာနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာမယ်ဆိုရင် လမ်းပမ်းဆက်သွယ်ရေး ပိုမိုခက်ခဲလာပြီး ကုန်ဈေးနှုန်းတွေ မြင့်တက် လာနိုင်မယ်လို့လည်း လုံးခင်းဒေသခံတဦးက သုံးသပ်ပါတယ်။
" အခုလို ဒီလိုသာ နေ့စဉ်ရက်ဆက် ဖောက်ခွဲမှုတွေ ဖြစ်လာမယ်ဆိုရင် ကြာလာရင် လမ်းတွေပါ ပိတ်ဆို့တာတွေဖြစ်လာရင် ကုန်ဈေးနှုန်းတွေ တက်မှာပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ တက်ဖို့ အနေအထားလေးတွေရှိတယ်ဗျ။ ပြီးတော့ အခုအနေအထားမှာက ဖားကန့်မှာက လမ်းပမ်း ဆက်သွယ်ရေး ကောင်းလာတဲ့အခါကျတော့ ဒေသခံတွေက ဆန်တို့ဘာတို့ လှောင်ထားတာမရှိဘူး။
အရင်တုန်းကဆိုရင် လမ်းပမ်းဆက်သွယ်ရေး မကောင်းတဲ့အခါကျတော့ တနှစ်စာ ဆန်တွေ ဘာတွေ သိုလှောင်ထားကြတာတွေရှိတယ်။ တကယ်လို့ လမ်းပမ်းဆက်သွယ်ရေးကသာ ပြတ်တောက်ပြီးတော့မှ ဖြစ်သွားမယ်ဆိုလို့ရှိရင်ကုနဈေးနှုန်းတွေက သေချာပေါက် တက်လာမှာပဲဗျ။"
ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းကလည်း လုံးခင်းနဲ့ ဖားကန့်မှာ ဒီလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့ဖူးပါတယ်။ ဒါကတော့ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးရဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကို KIA က ဖမ်းဆီးခဲ့တဲ့နောက် အစိုးရတပ်က KIA တပ်စခန်းတွေကို လက်နက်ကြီးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့နောက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုတွေအတွင်းမှ လုံးခင်းရဲစခန်းက ရဲမိသားစုဝင် ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အမေရိကန်မှာ သေနတ်ကိုင်မှု ပြန်သုံးသပ်ဖို့ တိုက်တွန်း
အမေရိကန်နိုင်ငံ South Carolina ပြည်နယ် Charleston မြို့က အာဖရိကန် အမေရိကန် ခရစ်ယာန် ဘုရားကျောင်းတခုမှာ လူ ၉ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရအပြီးမှာ ဒီမိုကရက်တစ် ပါတီဝင် သမ္မတလောင်း Hillary Clintonက အမေရိကန် နိုင်ငံအနေနဲ့ သေနတ်ကိစ္စ၊ လူမျိုးရေး ကိစ္စတွေနဲ့ ပတ်သက်လို့ လက်ခံဖို့ ခက်တဲ့ အမှန်တရားတွေကို ရင်ဆိုင်ဖို့ လိုတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အဲဒီ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူအဖြစ် သံသယရှိသူ အသက်၂၁
နှစ်အရွယ် လူဖြူလူငယ် Dylann Roof ကို ရဲက ဖမ်းဆီးခဲ့အပြီး Charleston မြို့ကို ပြန်ခေါ်ဆောင်လာပြီ ဖြစ်ပါတယ်။
သူဟာ သမ္မာကျမ်းစာ လေ့လာနေတဲ့လူအုပ်ကြီးကို မပစ်ခတ်မီ အဲဒီ သင်တန်းကို တနာရီလောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအတွင်း အမျိုးသမီး ၆ယောက် သင်းအုပ်ဆရာအပါအဝင် အမျိုးသား ၃ ယောက် သေဆုံးပါတယ်။ သမ္မတအိုဘားမားက အခုသေဆုံးတဲ့ သင်းအုပ်ဆရာ အပါအဝင် အီမယ်နွယ် အေအမ်အီး ဘုရားကျောင်းက လူအတော်များများကို သူနဲ့သမ္မတ ကတော်တို့ သိကြောင်း၊ ဒီဘုရားကျောင်းဟာ ချယ်လ်စတန် သမိုင်းမှာ မြင့်မြတ်တဲ့နေရာ ဖြစ်ပြီး ဒီလူ့အဖွဲ့အစည်းအနေနဲ့ ပြန်လည် နလံထူလာမယ်လို့ ယုံကြည်ကြောင်း သမ္မတက ပြောပါတယ်။
ဒါ့အပြင် အခုလိုအစုလိုက် အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်တာ တိုးတက်တဲ့အခြား နိုင်ငံတွေမှာ မဖြစ်သလို အမေရိကန်မှာသာ မကြာခဏ ဖြစ်တယ်ဆိုတာ လက်ခံ အသိအမှတ်ပြုဖို့ လိုသလို သေနတ်အလွယ်တကူရလို့ အပြစ်မဲ့သူတွေ အသတ်ခံရတာကို အားလုံး တခုခုလုပ်မှ ဖြစ်တော့မယ်လို့ သမ္မတ အိုဘားမားက ရုပ်မြင်သံကြားကနေ ပြောကြားသွားပါတယ်။
အခုတိုက်ခိုက်မှုကို မုန်းတီးမှုကြောင့် ဖြစ်တဲ့ရာဇဝတ်မှုလို့ ရဲက ပြောလိုက်ပြီး အမေရိကန် တရားရေးဌာနက လူမျိုးရေးမုန်းတီးမှုနဲ့ဆိုင်တဲ့ ပြစ်မှုအနေနဲ့ စုံစမ်းဖေါ်ထုတ်သွားမယ်လို့ ပြောကြားသွားပါတယ်။
ရီးရဲ ပရိတ်သတ် တစ်ဝက်လောက်က C.Ronaldo ကို ရောင်းထုတ်ချင်နေ
ရီးရဲ မက်ဒရစ် အသင်းရဲ့ ပရိတ်သတ် တစ်ဝက်လောက်က Cristiano Ronaldo ကို ရောင်းထုတ်ချင်နေပါတယ်။
ဒါဟာ စပိန် ၀က်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ AS က ပြီးခဲ့တဲ့ အပတ်ကပဲ ပရိတ်သတ် ၃၁၄၇၄ ယောက်ကို မဲပေး ဆုံးဖြတ်စေခဲ့ရာမှာတော့ ၁၅၇၂၅ ယောက် (၄၉.၉၆ ရာခိုင်နှုန်း) က ပေါ်တူဂီ တိုက်စစ်မှုး C.Ronaldo ကို အသင်းက ထွက်ခွာသွားစေချင်နေကြပါတယ်။
အမှန်တစ်ကယ်ကတော့ Ronaldo ဟာ ၂၀၀၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကနေ ရီးရဲမက်ဒရစ် အသင်းသို့ ပြောင်းရွှေ့လာကတည်းက ဘာနေဗျူးကွင်းမှာ တာဝန်ကျေခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။
Ronaldo ဟာ အသင်းအတွက် ပွဲစဉ်ပေါင်း ၃၀၀ ကစားပြီးချိန်မှာ ၃၁၃ ဂိုးတိတိ သွင်းယူထားပြီးဖြစ်ပါတယ်။ မနှစ်ကလည်း Ronaldo ဟာ ၆၁ ဂိုး တိတိ သွင်းယူခဲ့ပြီး ထို ဂိုး အရေအတွက်တွေထဲက ၄၈ ဂိုးဟာ လာလီဂါပွဲစဉ် ၃၅ ပွဲ အတွင်း သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။
Ronaldo ဟာ ကလပ်အသင်း မှာတင်မကပဲ နိုင်ငံ အသင်းမှာ လည်း ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ Euro 2016 ခြေစစ်ပွဲမှာလည်း အာမေနီးယား နဲ့ ပွဲစဉ်မှာ ပေါ်တူဂီ အသင်းအတွက် ဟက်ထရစ် ဂိုး သွင်းယူပြီး ၃ ဂိုး - ၂ ဂိုး နဲ့ အနိုင်ရစေခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဥရောပ ပြိုင်ဘက် အသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းက Ronaldo အတွက် စတာလင်ပေါင် ၈၇ သန်း နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ဘာကာ နောက်ခံလူ Martin Montoya ကို ခေါ်ယူဖို့ အာစင်နယ် စိတ်ဝင်စားနေ
အာစင်နယ် အသင်းဟာ ဘာစီလိုနာ အသင်းရဲ့ နောက်ခံလူ Martin Montoya ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အသက် ၂၄ နှစ်ရှိနေပြီဖြစ်တဲ့ ညာနောက်ခံ ကစားသမား Montoya ဟာ ပထမဦးစားပေး လူစာရင်းမှာ ကစားခွင့်ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးလိုက်ရတဲ့နောက် နျူးကမ့် ကွင်း ကို စွန့်ခွာဖို့ ပြင်ဆင်နေပါတယ်။
စပိန်နိုင်ငံသား Montoya ရဲ့ ကိုယ်စားလှယ်ကလည်း ပရီးမီးယားလိဂ် အသင်းတစ်ချို့က Montoya ကို စိတ်ဝင်စားနေတယ်ဆိုတာ အတည်ပြုပေးခဲ့ပြီး Montoya ကိုယ်တိုင်ကလည်း အာစင်နယ် အသင်းက အခြေအနေတွေ စောင့်ကြည့်နေတယ်ဆိုတာကို ၀န်ခံထားပါတယ်။
"ကျွန်တော်ပြောနိုင်တာကတော့ Martin Montoya ကို အင်္ဂလန် ကလပ် အချို့ က အရမ်းစိတ်ဝင်စားနေတယ်ဆိုတာပါပဲ။ ဒါပေမယ့် အီတလီ နဲ့ ဂျာမနီ မှာရှိတဲ့ ကလပ်တစ်ချို့ကလည်း Montoya ကို စိတ်ဝင်စားနေပါသေးတယ်" လို့ Montoya ရဲ့ ကိုယ်စားလှယ်ဖြစ်သူ Juan de Dio Carrasco က ဆိုပါတယ်။
Montoya ကို စိတ်ဝင်စားနေတဲ့ ကလပ် အသင်းတွေရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသလို Montoya ရဲ့ အနာဂတ် အတွက် အကောင်းဆုံး ဖြစ်မယ့် အသင်း ကို ပြောင်းဖို့ စဉ်းစားသွားမှာ ဖြစ်တယ်လို့ Carrasco က ရှင်းပြခဲ့ပါတယ်။
၂၀၀၈ ခုနှစ်ကတည်းက ဘာစီလိုနာ B အသင်းမှာ စတင်ကစားခဲ့တဲ့ Montoya ဟာ ၂၀၁၀ ခုနှစ်မှာ ဘာစီလိုနာ အသင်းအတွက် စတင် ကစားခွင့်ရခဲ့ကာ ပွဲပေါင်း ၆၇ ပွဲ ကစားပေးခဲ့ပြီး ၂ ဂိုး သွင်းယူပေးခဲ့ဖူးတယ်လို့ သိရပါတယ်။
အရွယ်မတိုင်မီအိုမင်းစေသော အကြောင်း
အိပ်ချိန်မမှန်ခြင်း
အိပ်ရေးမဝခြင်းက ခွန်အားနှင့် အာရုံစူးစိုက်မှု ကိုကျဆင်းစေရုံသာမက သွေးများကောင်းစွာလည် ပတ် စီးဆင်းမှုမရှိတော့တာကြောင့် အရေပြားပေါ် မှာ အပြစ်အနာအဆာများဖြစ်စေပါတယ်။ အရွယ် ရောက်ပြီးသူတိုင်း တစ်နေ့ကို ၇ နာရီမှ ၈ နာရီ အိပ်ရေးဝဝ အိပ်စက်ပါ။ တီဗွီ၊ ကွန်ပျူတာ၊ ဟန်း ဖုန်းမှထွက်လာတဲ့အလင်းများက အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တာကြောင့် အိပ်ရာမဝင်မီ နာရီဝက် ခန့်အလိုကတည်းက ၄င်းတို့ကိုမကြည့်ပါနှင့်။
အလှပြင်ပစ္စည်းမရွေးချယ်တတ်ခြင်း
အလှကုန်ဈေးကွက်ထဲမှာ ထူးခြားဆန်းသစ်တဲ့ အလှကုန်ပစ္စည်းစုံ၊တံဆိပ်စုံရှိနေပါတယ်။လူတစ်ဦး နှင့်တစ်ဦးအသားအရေဖွဲ့စည်းထားပုံချင်းမတူညီ ကြပါဘူး။ ဒါကြောင့် သူများနှင့်လိုက်ဖက်သော် လည်း မိမိအသားအရေနဲ့ လိုက်ဖက်လိမ့်မယ်လို့ တထစ်ချမယုံကြည်သင့်ပါဘူး။ အလှကုန်ပစ္စည်း ဓာတ်မတည့်ခြင်းက အသားအရေကို ဆိုးဆိုးရွား ရွားပျက်စီးအိုမင်းသွားစေနိုင်လို့ပါ။
စိတ်ဖိစီးမှုလွန်ကဲခြင်း
'ရုပ်'ကို 'စိတ်'က ဆောင်ပါတယ်။ စိတ်ဖိစီး မှုလွန်ကဲခြင်းကြောင့် ရုပ်ကျအရွယ်အိုစေတဲ့အပြင် ဟော်မုန်းများအဆမတန်ထွက်ရှိလာကာအရေပြားသို့
အောက်ဆီဂျင်ပြတ်လပ်စေတာကြောင့်ဝက်ခြံထွက် လာစေပါတယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ပြင်းပြင်းရှူ ခြင်း၊လမ်းသွက်သွက်လျှောက်ခြင်းဖြင့်စိတ်ဖိစီးမှုကို လျှော့ချပါ။
ဒီရေတောများဖျက်ဆီးမှုဖြင့် တရားစွဲခံနေရသည့် လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦးအမှုအား ဆက်လက်စစ်ဆေးရန် ဒေးဒရဲတရားရုံး ဆုံးဖြတ်
လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦးအပါအ၀င် လူ ၆ ဦးအား မြို့နယ်သစ်တောဌာနက တရားစွဲဆို ထားသည့်အမှုကို ဆက်လက်စစ်ဆေးရန် ဒေးဒရဲမြို့နယ် တရားသူကြီး ဒေါ်သန်းသန်းဝင်းက ဇွန်လ ၁၅ ရက် နေ့တွင် ဆုံးဖြတ်ခဲ့ပြီး ယင်းအမှုအား ဇွန်လ ၂၂ ရက်နေ့တွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုထားကြောင်း သစ်ထူးလွင်က သတင်းရရှိသည်။
ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက် - HRWDN အဖွဲ့ဝင် ဦးထွန်းထွန်းဦးနှင့် ဒေသခံ ၅ ဦးမှာ ဒေးဒရဲမြို့နယ် ကျုံတက်စားကျက်မြေအတွင်း စိုက်ပျိုးထားသည့် ဒီရေတောအပင်များကို ကျွဲကျောင်း၍ ဖျက်ဆီးပစ်သည်ဟုဆိုကာ ဒေးဒရဲမြို့နယ် သစ်တောဌာနမှ တောအုပ် ဦးအာကာဝင်းက တရားလိုပြုလုပ်၍ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ ဖြင့် ၂၀၁၄ ခုနှစ် သြဂုတ်လက တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ အမှုကြားနာနေဆဲဖြစ်သည်။
“အစောပိုင်းထွက်ဆိုချက်တွေအရ ဦးထွန်းထွန်းဦးတို့အဖွဲ့ ဒီရေတောတွေ ဖျက်ဆီးတာကို ကိုယ်တိုင် မမြင်ပါဘူးလို့ တရားလို ဦးအာကာဝင်းက တရားရုံးမှာ ထွက်ဆိုထားခဲ့တယ်။ နောက်ပြီး ဒေသခံသက်သေ တွေကလည်း ဦးထွန်းထွန်းဦးနဲ့အဖွဲ့ဟာ ကျွဲကျောင်းတာလုံးဝမဟုတ်ဘဲ ၀ါဆိုသင်္ကန်းကပ်အလှူဖိတ်လို့ သွားတာသာ ဖြစ်တယ်လို့ ထွက်ဆိုထားတယ်။ ဒါကြောင့် ကျမတို့အနေနဲ့ တရားလိုဖြစ်တဲ့ တောအုပ် ဦးအာကာဝင်းရဲ့ စွပ်စွဲချက်တွေဟာ မခိုင်မာတဲ့အတွက် အမှုကို ပလပ်ပေးဖို့ လျှောက်လဲခဲ့ပေမယ့် တရားသူကြီးက ပယ်ချခဲ့ပြီးတော့ တရားလိုစွပ်စွဲထားတဲ့ ပုဒ်မ ၆/၁ ကို စွဲချက်တင်ပြီး ဆက်လက်စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ဦးထွန်းထွန်းဦး၏ဇနီးဖြစ်သူ ဒေါ်သန္တာက သစ်ထူးလွင်ကို ပြောသည်။
လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦးမှာ ပင်လယ်ရေတိုက်စားမှုများ ဖြစ်ပွားနေသည့် ဒေးဒရဲမြို့နယ်၌ ဒီရေတောစိုက်ကြရန် ၂၀၁၄ ခုနှစ်အတွင်းက လိုက်လံဟောပြောခဲ့ရာ ဒေသအာဏာပိုင်များက ၎င်းအား ခွင့်ပြုချက်မရဘဲ ဒီရေတောစိုက်ပျိုးရန် ဟောပြောမှု၊ ခွင့်ပြုချက်မရဘဲ ဒီရေတော စိုက်ပျိုးမှုနှင့် ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် တကိုယ်တော် ဆန္ဒဖော်ထုတ်မှုတို့ဖြင့် တရားစွဲဆိုခဲ့ပြီး ဒေးဒရဲမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
လက်ရှိတွင် ပုဒ်မ ၆/၁ ဖြင့် ဦးထွန်းထွန်းဦးနှင့်အတူ တရားစွဲခံနေရသူများမှာ ဒေသခံ ဦးချိုလွင်၊ ဦးခင်ရွှေ၊ ဦးဝင်းရွှေ၊ ဒေါ်လှရီနှင့် ဦးမောင်မျိုးတို့ဖြစ်သည်။ ဦးထွန်းထွန်းဦးမှလွဲ၍ ကျန်လူအားလုံးကို တရားရုံးက အာမခံ ပေးထားသည့်အတွက် ဒေသခံများမှာ အပြင်မှနေ၍ တရားရင်ဆိုင်နေသည်။
ဦးထွန်းထွန်းဦးအနေဖြင့် သုံးကြိမ်တိုင်အောင် အာမခံလျှောက်ထားခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလမှစတင်ကာ တရားရုံးအမိန့်ဖြင့် ဖျာပုံထောင်၌ ဖမ်းဆီးထိမ်းသိမ်း ထားကာ ထောင်ထဲမှနေ၍ အဆိုပါ ၆/၁ အမှုကို ရုံးတက်တရားရင်ဆိုင်နေခြင်း ဖြစ်သည်။
“ကျမတို့ကတော့ ဒီအမှုကို အဆုံးစွန်အထိ ဆက်လက်ရင်ဆိုင်သွားမှာပါ။ ရုံးတော်အနေနဲ့လည်း ကျမခင်ပွန်းနဲ့ ဒေသခံတွေအပေါ် စွပ်စွဲချက်တွေကို တရားမျှတမှန်ကန်စွာ ဥပဒေနဲ့အညီ ဆုံးဖြတ်ပေးမယ်လို့ မျှော်လင့်ပါတယ်”ဟု မသန္တာက ပြောသည်။
ဦးထွန်းထွန်းဦးအား ပြန်လွှတ်ပေးရန် ယခုနှစ် ဇန်န၀ါရီလအတွင်းက ဒေးဒရဲဒေသခံ ၁၀၀၀ ကျော်က ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ထံ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြပြီး ဧပြီလ ၂၃ ရက်နေ့ကလည်း ရွှေမုဌောဘုရား၌ ဦးထွန်းထွန်းဦးလွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်၍ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
HRWDN အဖွဲ့မှာ ဧရာဝတီတိုင်းအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ ကလေးစစ်သားကိစ္စများနှင့် လယ်ယာမြေသိမ်းဆည်းခံရမှုများအား ၂၀၀၉ ခုနှစ်ကစတင်၍ လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ကွန်ရက်အဖွဲ့တခုဖြစ်ကြောင်း သိရသည်။
၂၀၁၄နှစ်ကုန်မှာ အိုးအိမ်စွန့် ဒုက္ခသည် သန်း ၆၀ နီးပါး
စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ နဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် ကမ္ဘာတ၀ှမ်း အိုးအိမ် စွန့်ခွာထွက်ပြေးနေရသူ အရေအတွက်ဟာ စံချိန်တင်ခဲ့သလို၊ အဲဒီလို ထွက်ပြေးနေသူ အရေအတွက်ဟာ အလျှင်အမြန်ကို တိုးလာနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ပြောလိုက်ပါတယ်။
ကြာသာပတေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲအရ၊ ၂၀၁၄ ခုနှစ်အကုန်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးသူဦးရေ သန်း ၆၀ နီးပါးရှိတယ်လို့ UNHCR က ပြောပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်ကထက် ၈ သန်းပိုများပြီး၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကထက် သန်း ၂၀ ကျော် ပိုများတယ်လို့ ပြောပါတယ်။ ၂၀၁၃ ကစတင်ပြီး ဒုက္ခသည်အရေအတွက် တိုးလာတာဟာ တနှစ်ထဲမှာကို စံချိန်တင်လောက်အောင် တိုးလာတာဖြစ်ပါတယ်။
အခုလို လူတွေအစုလိုက် အပြုံလိုက်ထွက်ပြေးကြတာဟာ လွန်ခဲ့တဲ့ ၂၀၁၁ ဆီးရီးယားပြည်တွင်းစစ် စတင်တဲ့အချိန်မှာဖြစ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ အာဖရိက၊ အာရှ နဲ့ ဥရောပဒေသတွေမှာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေ နဲ့ ညှင်းပမ်းနှိပ်စက်မှုတွေက လူတွေကို သူတို့ရဲ့နေရပ်တွေကနေ ထွက်ပြေးစေခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အကြမ်းဖက်မှုတမျိုးမျိုးကြောင့်၊ မိမိရဲ့ အိုးအိမ်ကို စွန့်ခွာထွက်ပြေးသူဦးရေဟာ တနေ့ကို ၄၂၅၀၀ ရှိခဲ့ပါတယ်။
အခုလက်ရှိအချိန်မှာတော့ ဆီးရီးယားနိုင်ငံဟာ အိုးအိမ်စွန့်ခွာထွက်ပြေးသူ နဲ့ ဒုက္ခသည်အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး၊ အဲဒီနောက်မှာတော့ အာဖဂန်နစ္စတန် နဲ့ ဆိုမာလီယာနိုင်ငံတို့ဖြစ်ကြပါတယ်။ တူရကီနိုင်ငံကတော့ ဒုက္ခသည်အများဆုံး လက်ခံထားတဲ့နိုင်ငံဖြစ်ပါတယ်။
ဘုရားကျောင်း ပစ်ခတ်မှု သံသယရှိသူ ဖမ်းဆီးစစ်ဆေး
အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသက တောင် Carolina ပြည်နယ်၊ Charleston မြို့မှာရှိတဲ့ အာဖရိကန် - အမေရိကန် ဘုရှားရှိခိုးကျောင်းမှာ သေနတ်နဲ့ ပတ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားပြီး လူ ၉ ဦး သေဆုံးခဲ့ရတဲ့အတွက် ဒေသခံတွေ ၀မ်းနည်း ကြေကွဲနေကြချိန်မှာပဲ ဒီပစ်ခတ်မှုနဲ့ ဆက်နွယ်တဲ့သူတဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ လူမျိုးရေး မုန်းတီးပေါ် အခြေခံပြီး ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဟုတ်မဟုတ်ဆိုတာကို ပြည်ထောင်စု အစိုးရ အရာရှိတွေက စုံစမ်း စစ်ဆေးနေပါတယ်။
ပစ်ခတ်မှု ဖြစ်သွားခဲ့တဲ့နေရာနဲ့ ကီလိုမီတာ ၄၀၀ လောက်ဝေးတဲ့ အိမ်နီးချင်း မြောက် Carolina ပြည်အတွင်း ကားနဲ့ မောင်းသွားနေတဲ့အချိန် အသက် ၂၁ နှစ်အရွယ် Dylann Storm Roof ဆိုသူကို ရဲတပ်ဖွဲ့က ကြာသပတေးနေ့ အစောပိုင်းက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ညက သေနတ်နဲ့ ပစ်ခတ်ခြင်းမပြုခင် Roof ဟာ Emanuel African Methodist Episcopal ဘုရားရှိခိုးကျောင်းအတွင်းမှာ ဘုရှားရှိခိုးနေကြတဲ့ သူတွေနဲ့အတူ တနာရီလောက် ဘုရှားကျောင်းထဲမှာ ထိုင်နေခဲ့တယ်လို့ Charleston ရဲတပ်ဖွဲ့အကြီးအကဲ Greg Mullen က သတင်းထောက်တွေကို ပြောပါတယ်။
သမ္မတ Barack Obama ကလည်း အဲဒီ ပစ်ခတ်မှုအတွက် ၀မ်းနည်းကြောင်းနဲ့ သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်မှုနဲ့ဆိုင်တဲ့ ကိစ္စကို သူ့အနေနဲ့ ထပ်ခါတလဲလဲ ပြောကြားနေရတဲ့အတွက် ဒေါသဖြစ်ရကြောင်း သမ္မတ အိမ်ဖြူတော်ကနေ ပြောကြားခဲ့ပါတယ်။
“ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အနေနဲ့ အကြိမ်ကြိမ် ပြောခဲ့ရပြီးဖြစ်ကြောင်း၊ ဒီလိုမျိုး လူမှုအသိုင်းဝိုင်းအနေနဲ့ အခုလို စိတ်မကောင်းဖွယ် ဖြစ်ရပ်ကို ကြိမ်ဖန်များစွာ ကြုံတွေ့ ခံစားခဲ့ကြရကြောင်း၊ ပစ်ခတ်မှုနဲ့ဆိုင်တဲ့ အချက်အလက် အပြည့်အစုံကို မသိရသေးပေမယ့် သေနတ်ကို အလွယ်တကူ ရယူ ပိုင်ဆိုင်နိုင်သူတဦးက တပါးသူတွေကို နာကျင်အောင် လုပ်လိုတဲ့ ဆန္ဒရှိတာကြောင့် အပြစ်မဲ့တဲ့သူတွေ နောက် တကြိမ် သေဆုံးကြရကြောင်း သမ္မတ အိုဘားမားက ပြောသွားတာပါ။”
ပစ်ခတ်မှုကြောင့် တောင် Carolina ပြည်နယ် အထက်လွှတ်တော်အမတ် တဦးအပါအ၀င် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၆ ဦးတို့ သေဆုံးခဲ့ရတာပါ။
Subscribe to:
Posts (Atom)









