Popular Posts

Friday, June 19, 2015

အရွယ်မတိုင်မီအိုမင်းစေသော အကြောင်း

အိပ်ချိန်မမှန်ခြင်း အိပ်ရေးမဝခြင်းက ခွန်အားနှင့် အာရုံစူးစိုက်မှု ကိုကျဆင်းစေရုံသာမက သွေးများကောင်းစွာလည် ပတ် စီးဆင်းမှုမရှိတော့တာကြောင့် အရေပြားပေါ် မှာ အပြစ်အနာအဆာများဖြစ်စေပါတယ်။ အရွယ် ရောက်ပြီးသူတိုင်း တစ်နေ့ကို ၇ နာရီမှ ၈ နာရီ အိပ်ရေးဝဝ အိပ်စက်ပါ။ တီဗွီ၊ ကွန်ပျူတာ၊ ဟန်း ဖုန်းမှထွက်လာတဲ့အလင်းများက အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တာကြောင့် အိပ်ရာမဝင်မီ နာရီဝက် ခန့်အလိုကတည်းက ၄င်းတို့ကိုမကြည့်ပါနှင့်။ အလှပြင်ပစ္စည်းမရွေးချယ်တတ်ခြင်း အလှကုန်ဈေးကွက်ထဲမှာ ထူးခြားဆန်းသစ်တဲ့ အလှကုန်ပစ္စည်းစုံ၊တံဆိပ်စုံရှိနေပါတယ်။လူတစ်ဦး နှင့်တစ်ဦးအသားအရေဖွဲ့စည်းထားပုံချင်းမတူညီ ကြပါဘူး။ ဒါကြောင့် သူများနှင့်လိုက်ဖက်သော် လည်း မိမိအသားအရေနဲ့ လိုက်ဖက်လိမ့်မယ်လို့ တထစ်ချမယုံကြည်သင့်ပါဘူး။ အလှကုန်ပစ္စည်း ဓာတ်မတည့်ခြင်းက အသားအရေကို ဆိုးဆိုးရွား ရွားပျက်စီးအိုမင်းသွားစေနိုင်လို့ပါ။ စိတ်ဖိစီးမှုလွန်ကဲခြင်း 'ရုပ်'ကို 'စိတ်'က ဆောင်ပါတယ်။ စိတ်ဖိစီး မှုလွန်ကဲခြင်းကြောင့် ရုပ်ကျအရွယ်အိုစေတဲ့အပြင် ဟော်မုန်းများအဆမတန်ထွက်ရှိလာကာအရေပြားသို့ အောက်ဆီဂျင်ပြတ်လပ်စေတာကြောင့်ဝက်ခြံထွက် လာစေပါတယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ပြင်းပြင်းရှူ ခြင်း၊လမ်းသွက်သွက်လျှောက်ခြင်းဖြင့်စိတ်ဖိစီးမှုကို လျှော့ချပါ။

No comments:

Post a Comment