Popular Posts

Friday, June 19, 2015

မြစ်သာဆည်အနီး ရေသယ်ကားတိမ်းမှောက် ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသမီးနှစ်ဦးသေဆုံး

ပခုက္ကူခရိုင် ဂန့်ဂေါမြို့နယ် မြစ်သာဆည်အနီးတွင် ဇွန် ၁၇ ရက်က ရေသယ်ကားတိမ်းမှောက်ခဲ့သဖြင့် အမျိုးသမီးနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ယာဉ်မောင်း ကျော်ဌေးအောင် (၂၁ နှစ်) ချောင်းတက်ရွာ ချောက်မြို့နယ်နေသူမောင်းနှင်သည့် ဇ/-----ဟီးနိုး ခြောက်ဘီးအစိမ်း ရောင်ယာဉ်သည် ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်က မြစ်သာမြစ်မှ ရေသယ် ပြီးအပြန် မြစ်သာဆည်အနီး ကုန်းအတက်တွင် လမ်းချော်၍ နောက်ပြန် လျှောကာ လမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဂန့်ဂေါမြို့ မောလယ်ရွာ နေသူများဖြစ်ကြသော မညိုညိုဌေး (၃၅ နှစ်)နှင့် မသူဇာခင် (၂ဝ နှစ်)တို့ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ဌေးအောင်အား ဂန့်ဂေါ မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

No comments:

Post a Comment