Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Friday, June 12, 2015
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကျေးဇူး မေ့လို့မရဟု ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ပြောကြား
အငြိမ်းစားတပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် လမ်းကြောင်းမှန်ပေါ် တင်ပေးခဲ့သူဖြစ်ပြီး သူ့ရဲ့ကျေးဇူးကို မေ့လို့မရဘူးလို့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဇွန်လ ၉ ရက်ညနေက နေပြည်တော် ဘုရင့်နောင်ရိပ်သာခန်းမမှာ ဂျပန် မိုင်နိချိ (Mainichi) သတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာလို့ မြန်မာကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က “ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဒီမြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် လမ်းကြောင်းမှန်ပေါ် တင်ပေးခဲ့တဲ့ သူ့ရဲ့ ကျေးဇူးလို့ ပြောရမှာပေါ့။ သူ့ရဲ့ကျေးဇူးကို မေ့လို့မရပါဘူး။ သူလည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးခဲ့တာပါပဲ။ အခု သူပြောင်းလဲပေးခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ဟာ နည်းနည်းလေး ထိန်းပြီးလုပ်သွားတာနဲ့ ခိုင်ခိုင်မာမာ ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်တယ်”လို့ ဖြေကြား သွားပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ တပ်မတော်အပေါ်မှာ နှစ်ပေါင်းများစွာ ဦးဆောင်ပြီး ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်သွားတဲ့အကြောင်းနဲ့ ခေတ်မီတပ်မတော်တခု ဖြစ်လာတာ သူ့ရဲ့အားထုတ်မှုတွေကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံပြီး အချို့အရေးကိစ္စတွေကို ဆွေးနွေးတိုင်ပင်ပါသလားဆိုတဲ့ ဂျပန်သတင်းဌာနရဲ့ မေးမြန်းချက်ကိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “သူက တပ်မတော်ရဲ့ ဖခင်ကောင်းတယောက်ပါ။ ကျနော်တို့အနေနဲ့လည်း ကျနော်တို့ရဲ့၊ တပ်မတော်ရဲ့ မိဘတယောက် ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လည်း အခါကြီး ရက်ကြီးတွေ၊ ဥပမာအဖြစ် သီတင်းကျွတ် ကန်တော့တာကတော့ ရိုးရာထုံးတမ်းဖြစ်ပါတယ်။ မြန်မာ့ရိုးရာ နှစ်ဆန်းတရက်နေ့မှာ ကန်တော့တာရှိတယ်။ ရံဖန်ရံခါမှာ တွေ့ဆုံမှုတွေရှိတယ်။ ရှိတဲ့အခါကျတော့ သူ့အနေနဲ့လည်း ကျနော်တို့အပေါ်မှာ လိုအပ်တဲ့ ဆိုဆုံးမမှုတွေ ရှိပါတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် သမ္မတကြီး ဦးသိန်းစိန်နဲ့ ပတ်သက်လို့လည်း သမ္မတဟာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့တဲ့ အကြောင်းနဲ့ အခုဆိုရင် တတိုင်းပြည်လုံး သေနတ်သံတွေ သိပ်မကြားရတော့ဘဲ နည်းသွားပြီလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့တော့ ပြောဖို့ခက်တဲ့အကြောင်းနဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်တဲ့အတွက်ကြောင့် လူသိများတဲ့ သူတယောက်ဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ် မတ်လက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ရာထူးက အနားယူသွားပြီးနောက် လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံရဲ့ ၈ ယောက်မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတာပါ။
လူကုန်ကူးမှုနှင့်ဆက်စပ်သူ ထိုင်း ဒု-ဗိုလ်ချုပ်ကြီးထံမှ ပိုင်ဆိုင်မှုများ သိမ်းဆည်း
ပြီးခဲ့တဲ့ မေလအတွင်း ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်မှာ ရိုဟင်ဂျာအလောင်း အများအပြား တွေ့အပြီး လူကုန်ကူးမှုနဲ့ ဆက်စပ်သူတွေအပေါ် နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုတခုအဖြစ် သူတို့ရဲ့ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၁၀၉ သန်းကို သိမ်းဆည်းလိုက်တယ်လို့ ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အဲဒီ ဘတ် ၁၀၉ သန်းမှာ လူကုန်ကူးမှုကို တိုက်ရိုက်ကျူးလွန်သူ၊ အားပေးကူညီသူ၊ ဆက်နွယ်သူတွေ ပိုင်ဆိုင်ကြတဲ့ မော်တော်ကား၊ အဆောက်အဦ၊ ဟိုတယ်၊ စက်လှေနဲ့ ဘဏ်ငွေစုစာအုပ် စသဖြင့် အမျိုးအစားပေါင်း ၂၅၈ မျိုး ပါဝင်တယ်လို့ ထိုင်းနိုင်ငံ ငွေကြေးခ၀ါချမှု ကာကွယ်နှိမ်နင်းရေးကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး ရဲမှူးကြီး ဆီဟနတ် ပယွန်းရတ်က ဇွန် ၁၁ ရက်မှာ ရှင်းလင်းပြောကြားပါတယ်။လူကုန်ကူးမှုမှာ အရေးပါတဲ့ တရားခံတဦးဖြစ်တဲ့ ထိုင်းတပ်မတော် အတိုင်ပင်ခံ ဒု-ဗိုလ်ချုပ်ကြီး မာနတ့် ခုန်ပိုင့်ရဲ့ ဘဏ်ငွေစုစာအုပ်မှ ငွေအမြောက်အမြား ၀င်လာပြီး တခြားသူတွေကို ပြန်လွှဲပေးတဲ့ အထောက်အထားတွေအရ ဘတ်ငွေ ၄ သန်းကိုလည်း သိမ်းဆည်းခဲ့ကြောင်း၊ ငွေလွှဲမှုမှာ ဆက်စပ်နေသူတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
ဒု-ဗိုလ်ချုပ်ကြီးရဲ့ နေအိမ်၊ ခြံမြေ စတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ရာထူးရှိပြီးမှ ရလာခြင်း ဟုတ် မဟုတ် ပြန်လည်စစ်ဆေးမယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာလူကုန်ကူးမှု စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ စစ်တိုင်းဒေသအမှတ် ၈ ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ပရ၀င်းဖုန်းဆီရင်းကလည်း လူကုန်ကူးခံရသူ ၃၃ ဦးနဲ့ အခြားမျက်မြင်သက်သေ ထိုင်းလူမျိုးတဦးတို့ကို နားထ၀ီးခရိုင် အကျဉ်းထောင်ကို ခေါ်လာပြီး လူကုန်ကူးသူတွေ ပါ၊ မပါ လက်ညှိုးထိုးပြစေတဲ့အခါ ၁၇ ယောက်ကို ညွှန်ပြခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
စစ်တိုင်းဒေသအမှတ် ၉ ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ပုတ်ထိချတ် ဧကချန်းကလည်း ရိုဟင်ဂျာ လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်းထုတ်ထားသူ ၈၉ ယောက်အနက် ၅၅ ယောက်ကို ဖမ်းမိထားပြီး ကျန်သူတွေ လွတ်နေဆဲပဲလို့ ဆိုပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေကို လမ်းပြခေါ်ဆောင်လာမှု၊ လူကုန်ကူးသူတွေလက်ထဲ အပ်နှံမှုနဲ့ ပတ်သက်ပြီး နောက်ထပ် လူ ၂ ဦးဖြစ်တဲ့ အသက် ၃၀ အရွယ်ရှိ အပ္ပဒူလာဆင်း (မြန်မာနိုင်ငံသား) နဲ့ အသက် ၂၆ နှစ်ရှိ ဟာဇောလ် (ဘင်္ဂလားဒေ့ရှ်နိုင်ငံသား) နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
လူကုန်ကူးခံရတဲ့ထဲက ပျောက်ဆုံးနေတယ်ဆိုတဲ့ ရိုဟင်ဂျာ ၆ ဦးအနက် ၅ ဦးကိုလည်း ရတ်တဖုမ်းမြို့နယ် ကမ်ဖိုင်ဖစ်ကျေးရွာအုပ်စုထဲမှာ ပြန်တွေ့ရှိကြောင်း၊ သူတို့ဟာ တတိယနိုင်ငံသွားဖို့အတွက် လူကုန်ကူးသူတွေနဲ့ လိုက်ခဲ့ရာ တောထဲမှာ ပစ်ထားခံရပြီး ရွာကိုမတွေ့ခင် တောထဲမှာ ၄ ရက်ကြာ လမ်းပျောက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ကယ်ဆယ်ရေးစခန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာပေါင်း ၁၀၀ ကျော်ရှိပြီး သူတို့တွေ နောက်ထပ်ထွက်မပြေးနိုင်အောင် လုံခြုံရေးကို အထူးကြပ်မတ်ထားတယ်လို့ အမှတ် ၉ ဒု-တိုင်းမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။
IS စစ်ဆင်ရေးအတွက် ဒေါ်လာ ၂ ဘီလီယံကျော် အမေရိကန် သုံးစွဲ
အစ္စလာမ်မစ်နိုင်ငံအဖွဲ့ IS တွေကို တိုက်ခိုက်ရာမှာ အမေရိကန်က တနေ့ကို ဒေါ်လာ ၉ သန်းကျော် သုံးစွဲနေပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေအတွက် သုံးစွဲခဲ့တာ ဒေါ်လာ ၂.၇ ဘီလီယံ ရှိနေပြီလို့ အမေရိကန် အစိုးရက ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကတည်းက အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ IS လက်နက်ကိုင်တွေကို အမေရိကန် ဦးဆောင်တဲ့နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။
အဲဒီလို အီရတ်မှာစတင် တိုက်ခိုက်ခဲ့ချိန်ကတည်းက အမေရိကန် စစ်ရေး အသုံးစားရိတ်ဟာ သိသိသာသာ မြင့်တက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အမေရိကန် သမ္မတ အိုဘားမားက အီရတ်ကို စစ်ဘက်ဆိုင်ရာ အရာရှိ ၄၅၀ စေလွှတ်ပေးမယ့်လို့ ဒီသီတင်းပတ်အတွင်း ကြေညာခဲ့ပြီးတဲ့နောက် အခုဆိုရင် စုစုပေါင်း အမေရိကန် စစ်ဘက်ဆိုင်ရာ စစ်သည် ၃၅၀၀ ရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် အဲဒီအမေရိကန် စစ်သည်တွေဟာ တိုက်ပွဲတွေမှာ ၀င်ရောက်တိုက်ခိုက်ဖို့အတွက် မဟုတ်ဘဲ ဒေသခံ တပ်ဖွဲ့တွေကို စစ်တိုက်နိုင်ဖို့ စစ်ရေး လေ့ကျင့်သင်ကြားပေးဖို့ အတွက်သာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
အခုလို အီရတ်မှာ အမေရိကန်ရဲ့ ၀င်ရောက်အကူအညီပေးမှုတွေကို ထပ်မံတိုးမြှင့်သွားဖို့ ရှိတယ်လို့လည်း အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီး တဦးက ပြောကြားပါတယ်။
လူမှောင်ခိုလှေကို ငွေပေးတယ်ဆိုတဲ့ စွပ်စွဲချက် သြစတေးလျှ ၀န်ကြီးချုပ် လက်မခံ
လှေစီးပြေးတွေကို တင်လာတဲ့ လူမှောင်ခို စက်လှေတစ်စီးကို သြစတေးလျှ ရေတပ်သင်္ဘောက ငွေပေးပြီး အင်ဒိုနီးရှားနိုင်ငံကို ပြန်လှည့်ခိုင်းတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် သြစတေးလျှ ၀န်ကြီးချုပ် Tony Abbott က ငြင်းဆိုလိုက်ပါတယ်။
ဒါပေမယ့် ၀န်ကြီးချုပ်က ခိုလှုံခွင့်တောင်းခံမယ့် လှေစီးပြေး လှေတွေ သြစတေးလျှကို မရောက်လာအောင် တားမြစ်နိုင်ဖို့ ကိုင်တွယ် ဖြေရှင်းမှုတွေတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလို လှေစီးပြေးတွေကို ငွေပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကို သြစတေးလျှ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတွေကလည်း ငြင်းဆိုခဲ့ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ အထူး စိုးရိမ်မိကြောင်း ပြောဆိုခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် Nusa Tenggara ပြည်နယ်က ရဲတွေကတော့ စက်လှေတစီးက စက်လှေမောင်းသူနဲ့ အဖွဲ့ကို လူမှောင်ခိုမှုနဲ့ မေလကုန်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေ့ရှ်၊ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံတို့က ထွက်ပြေးလာတဲ့ လှေစီးပြေး ရွှေ့ပြောင်းလာသူတွေကတော့ သူတို့တွေ နယူးဇီလန်အသွား လမ်းမှာ သြစတေးလျှ ရေတပ်သင်္ဘော တစီးက ကြားဖြတ်ပြီး သင်္ဘောပေါ်ပါ လူဝင်မှုကြီးကြပ်ရေးအရာရှိက သူတို့ တစ်ယောက်ချင်းကို သြစတေးလျှ ဒေါ်လာ ၅ ထောင်စီပေးပြီး အင်ဒိုနီးရှားကို ပြန်လှည့်ခိုင်းခဲ့တယ်လို့ ရဲအရာရှိတွေကို ပြောဆိုခဲ့ပါတယ်။
အင်ဒိုနီးရှား ဒေသခံ ရဲအရာရှိ အကြီးအကဲဖြစ်သူကတော့ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ပိုက်ဆံတွေကို တွေ့မြင်ခဲ့ရတာပါလို့ အေအက်ဖ်ပီ ကို ပြောကြားခဲ့ပါတယ်။
သြစီထဲ ဝင်တဲ့လှေကို ငွေပေးပြီး လှည့်ပြန်ခိုင်းသလား
သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ဝင်လာသူတွေကို သြစတြေးလျက လာရာလမ်းအတိုင်း ပြန်ဖို့ ပြောဆိုပြီး ပိုက်ဆံတွေ ပေးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုကို အင်ဒိုနီးရှားက စုံစမ်း စစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် လူပေါင်း ၆၅ ယောက် တင်ဆောင်လာတဲ့ လှေဟာ သြစတြေးလျနိုင်ငံ ရေပိုက်နက်ထဲ ဝင်လာခဲ့ပါတယ်။
အဲဒီမှာ သြစတြေးလျ ရေတပ်က လှေကပ္ပတိန်နဲ့ တခြား အမှုထမ်းတွေကို ဒေါ်လာ ၅၀၀၀ စီပေးပြီး လာရာ လှမ်းအတိုင်း ပြန်ဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလှေက အင်ဒိုနီးရှားကို ပြန်လာတုန်း ကျောက်တန်းနဲ့ ဝင်တိုက်မိရာက တံငါသည်တွေက ကယ်ဆယ်လိုက်ပါတယ်။
လှေပေါ်ပါလာသူတွေကို စစ်ဆေးရာက သြစတြေးလျက ငွေပေးပြီး သူတို့ကို ပြန်လှည့်ပြန်ခိုင်းတာ ဖြစ်ကြောင်း ထွက်ဆိုကြတာ ဖြစ်ပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်ကတော့ လူကုန်ကူးမှုမှာ ပါဝင်တဲ့ လှေအမှုထမ်းတွေကို သြစတြေးလျက ပိုက်ဆံမပေးရဘူးလို့ ပြောပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်မိလို့ စုံစမ်းမှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။
ဒီလို လုပ်ဆောင်ချက်တွေကြောင့် ပင်လယ်ပြင်မှာ သေဆုံးမှုတွေ ဖြစ်စေနိုင်တယ်လို့လည်း ပြောလိုက်ပါတယ်။
လှေပေါ်ပါလာသူတွေကတော့ သူတို့က နယူးဇီလန်ကို သွားဖို့ ကြိုးစားကြပေမယ့် သြစတြေးလျ ရေပိုင်နက်ထဲ ရောက်ရှိလာတာလို့ ဆိုပါတယ်။
တာရှည်ပင်ပန်းနေသူတို့အတွက်
ခံစားနေရတဲ့ တာရှည်ပင်ပန်းမှု ဝေဒနာသက်သာအောင် မိမိဘာသာပြောင်းလဲ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။
၁။ စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းရတဲ့ကိစ္စတွေကို ရှောင်ရှားနိုင်ဖို့ အစီအစဉ်တစ်ခု ချမှတ်ထားပါ။ နေ့တိုင်းစိတ်သက်သာရာရအောင် လုပ်ဆောင်နိုင်ဖို့ အချိန်ပေးပါ။
၂။ အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝဝအိပ်တာဟာ တာရှည်ပင်ပန်းမှုမဖြစ်အောင် ကူညီနိုင်တဲ့ နည်းလမ်းကောင်းပါ။ အိပ်ချိန်အလုံအလောက်ရဖို့အပြင် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်တွေကို တိတိကျကျ သတ်မှတ်ထားပြီး အိပ်စက်တဲ့ အလေ့အထကို တည်ဆောက်လေ့ကျင့်ပါ။
၃။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန် စတင်ပြုလုပ်ပြီး တဖြည်းဖြည်းနဲ့ တိုးမြှင့်ပြုလုပ်သွားပါ။ ပုံမှန်အားကစားလုပ်တာဟာ တာရှည်ပင်ပန်းနေတာကို ပြေပျောက်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းစတဲ့ လေ့ကျင့်ခန်းတွေနဲ့ အကြောဆန့် ထုတ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းစတဲ့ စိတ်အပန်းပြေ လေ့ကျင့်ခန်းတွေကို အဆင်ပြေသလို လုပ်ဆောင်ပေးပါ။
၎။ ပုံမှန်ပဲ အလုပ်လုပ်ပါ
တချို့နေ့တွေမှာ ခန္ဓာကိုယ်အင်အားနဲ့မမျှအောင် အလုပ်လုပ်တာမျိုးကို ရှောင်ပါ။ နေ့စဉ် ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ညီမျှတဲ့ အလုပ်ကိုသာ လုပ်ပါ။
၅။ ကျန်းမာရေးနဲ့ အညီနေပါ
ကောင်းမွန်တဲ့ အစားအသောက်စားပါ။ အရည်များများ သောက်ပါ။ ကဖင်းဓာတ်ပါတဲ့ အရည်ကို လျှော့သောက်ပါ။ ဆေးလိပ်မသောက်ပါနဲ့။ ပြည့်ပြည့်ဝဝအနားယူပါ။ ကိုယ်လက်လှုပ်ရှား အားကစားကို ပုံမှန်လုပ်ပါ။ ကိုယ်တကယ် ဝါသနာပါပြီး လုပ်ဆောင်ချင်တဲ့ ဝါသနာအတွက် အချိန်ပေးပါ။
လူကြီး လူလတ်တို့၏ ကျန်းမာရေးအပေါ် အကျိုး သက်ရောက်စေမည့် နွားနို့
လူလတ်ပိုင်း အရွယ်အများအပြားက နွားနို့သောက်ဖို့ မလိုအပ်တော့ဘူးလို့ ထင်မြင် ယူဆလျက် ရှိပါတယ်။ ဒါပေမဲ့ နွားနို့နဲ့ နွားနို့က ထွက်တဲ့ ပစ္စည်းတွေဟာအာဟာရကြွယ်ဝတဲ့ အစားအစာတွေဖြစ်တယ် ဆိုတာကိုတော့ လူတိုင်းက သတိမထားမိကြပါဘူး။ နွားနို့ဟာ လူ့ခန္ဓာကိုယ်အတွက် တစ်သက်တာလုံး လိုအပ်တဲ့ အာဟာရဓာတ် အနည်းဆုံး ၁၅ မျိုး အထိ ပါဝင် နေပါတယ်။
ဟန်ချက်ညီတဲ့ အစားအစာဖြစ်ပြီး အာဟာရလည်း ဖြစ်တာကြောင့် နွားနို့ဟာ လူလတ်ပိုင်းအရွယ် ခန္ဓာကိုယ် ကျန်းမာရေးကို ထိန်းညှိ ထားစေရေးနဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းများရဲ့ စွမ်းအား အရည်အသွေး မြှင့်တင်ရေးတို့အတွက် သိပ်ကို အရေးကြီးပြီး အဖိုးတန်တဲ့ အကျိုး သက်ရောက်မှု ပေးစေနိုင်တယ်လို့လည်း သိရပါတယ်။
တရုတ် ပြည်သူ ပြည်သားတွေမှာ ယေဘုယျ ကယ်လ်စီယမ်ဓာတ်ချို့တဲ့နေတာဟာ တကယ့်အဖြစ်မှန် တစ်ခုပါ။ နေ့စဉ် အစားအစာထဲမှာ ကယ်လ်စီယမ် ၈ဝဝ ကနေ၁၂ဝဝ မီလီဂရမ် ကမ္ဘာ့ကျန်းမာရေး(WHO) က ဆိုပေမဲ့ တရုတ် ပြည်သူတွေရဲ့ ထဲမှာက ကယ်လ်စီ ယလီလီဂရမ် ၄ဝဝ ကျင်သာ ပါရှိပါတယ်။ ဒီလိုဖြစ်ရတာဟာ တရုတ်လူမျိုးတွေရဲ့ နေ့စဉ်အ စားအသောက် ဖွဲ့စည်းမှုက သီးအရွက်တွေသာ အဓိက ဖြစ်နေလေတော့ ကယ်လ်စီယမ်ပါ ဝင်မှု နည်းပါးနေလို့ပါ။ တစ်ခါ အသီးအရွက်၊ ဆန်၊ ဂျုံဖြူစတဲ့ အစားအစာမျိုးမှာ ပါဝင်တဲ့ အက်စစ်ဓာတ်တွေကြောင့် ကယ်လ်စီယမ် စုပ်ယူနိုင်မှုကို ထိခိုက်စေပြန်ပါတယ်။ ဒါကြောင့် လည်း တရုတ် လူမျိုးတွေကို ကယ်လ်စီယမ် ဓာတ်ချို့တဲ့ လူမျိုးလို့ ပြောကြပါတယ်။ ကယ်လ်စီယမ်ဟာ လူ့ဘဝ တစ်လျှောက်လုံးရဲ့ ဖြစ်စဉ်မှာ မဖြစ်မနေ ပါဝင်နေရတာပါ။ လူလတ်ပိုင်း အရွယ်တွေမှာ ကယ်လ်စီယမ် ဓာတ်ချို့တဲ့ခဲ့ရင် ချို့ယွင်းချက် လက္ခဏာတွေ ပေါ်
ပေါက်လာ တတ်ပါတယ်။ အရိုးပွဆတ်တဲ့ လက္ခဏာ၊ အရိုးကျိုးလွယ်ပြီး အရိုးကျိုး သွားရင် ပြန်ဆက်ဖို့နဲ့ ကောင်းမွန်ဖို့ အချိန်ကြာတတ်တယ်။ ကယ်လ်စီယမ် ချို့တဲ့ရင် အူတွင်း အကျိုးပြု ပိုးမွှားတွေ မတိုးပွား နိုင်ပါဘူး။ သွေးအတွင်း ကယ်လ်စီယမ်ဓာတ် မလုံလောက်တဲ့အတွက် ကြွက်တက်တာတွေကို ဖြစ်ပေါ်စေတယ်။ ထို့အတူပဲ ထူးကဲတဲ့ ဖောရောင် မှုတွေရဲ့ အဓိက အကြောင်းအရင်း ကလည်း ကယ်လ်စီယမ် ချို့တဲ့မှုကြောင့် ဖြစ်ပါတယ်။
အမှန်တကယ်ပဲ လူ့ခန္ဓာကိုယ်မှာ ကယ်လ်စီယမ်ဓာတ် လုံလုံလောက်လောက် ရှိတယ်ဆိုရင် အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာများ မဖြစ်ပွား စေတဲ့အပြင် အရေပြား၊ ဆံပင်၊ ချွေးပေါက် စတဲ့ ဆဲလ်များရဲ့ ပုံမှန်အနေအထားကို စောင့်ရှောက်ပေးနိုင်ပြီး နှလုံးရောဂါ ဖြစ်ပွားမှု နှုန်းကို လျှော့ချနိုင်ခြေ ရှိပါတယ်။ မျက်မှောက်ကာလမှာ နိုင်ငံ အသီးသီးက နွားနို့အသုံးပြု (ကယ်လ်စီ ယမ်ဖြည့်ဆည်းမှု)ကိုအလွန် အလေးထား ကြပါတယ်။ ကယ်လ်စီယမ်ဓာတ် ချို့တဲ့ခြင်းရဲ့ အကျိုးဆက် အနေနဲ့ အရိုးပွဆတ် ရောဂါ osteoporosis ဟာ လူတွေကို အဓိက ဒုက္ခပေးတဲ့ ရောဂါပါပဲ။ နွားနို့နဲ့ နွားနို့ထွက် ပစ္စည်းဖြစ်တဲ့ သဘာဝ ကယ်လ်စီယမ်ဓာတ်ဖြင့် အရိုးပွဆတ် ရောဂါနဲ့ တခြား ရောဂါတွေကို ကာကွယ်တာဟာ နိုင်ငံ အသီးသီးရဲ့ ဆေးသိပ္ပံ လောကက အသိအမှတ်ပြုတဲ့ ဘုံအယူအဆ တစ်ရပ် ဖြစ်လာခဲ့ပါပြီ။ ။
လုပ်ငန်းခွင်မှာ ခေါင်းကိုက်တဲ့အခါ
(၁) အလုပ်ပတ်ဝန်းကျင်ကိုပြုပြင်ပါ
ခေါင်းကိုက်စေတဲ့ အမွှေးနံ့၊ ရေမွှေး၊ ဆပ်ပြာစသည်တို့ကို ဖယ်ရှားပါ။ အလုပ်ထဲမှာ ကော်ဖီအလွန်အကျွံသောက်ခြင်းရှောင်ပါ။ ရေများများသောက်ပါ။ အစာစားချိန်ထက်မကျော်ပါစေနှင့်။ ကွန်ပျူတာမော်နီတာရှေ့မှာ အလင်းပြန်မှုလျှော့ချနိုင်တဲ့ မှန်တစ်ချပ်တစ်ဆင်ပါ။
(၂) ခေါင်းကိုက်ခြင်း၏ ကနဦးလက္ခ ဏာများကို သတိပြုပါ
အချို့ပုဂ္ဂိုလ်များ၌ ခေါင်းမကိုက်ခင် စိတ်တိုခြင်း၊ မူးဝေခြင်း၊ ပျို့ချင်အန်ချင်သလိုဖြစ်ခြင်း စသည်တို့ခံစားရတတ်သည်။ မိမိပင်ကိုယ် လက္ခဏာများအား ဂရုပြုမှတ်သားပြီး ခေါင်းမကိုက်ခင် အဆိုပါ ဝေဒနာများ ဖြစ်ပေါ်လာပါက ခေါင်းကိုက်ပျောက်ဆေးများ ကြိုသောက်ပါ။
(၃)တာဝန်လွှဲပြောင်းပါ
လုပ်ငန်းတာဝန်များကို တစ်ဦးတစ်ယောက်တည်း လုပ်ကိုင်ရခြင်းကြောင့် စိတ်ဖိစီးမှု ဖြစ်စေပြီး ခေါင်းကိုက်စေသည်။ လုပ်ဖော်ကိုင်ဘက်အချင်းချင်းတာဝန် လွှဲပေးပါ။
(၄) ဆေးကုသမှုခံယူရန် လိုမလို စောင့်ကြည့်ပါ
ခေါင်းကိုက်ခြင်းကြောင့် အလုပ် မကြာခဏ ပျက်ကွက်သည့်အခါ၊ လုပ်ငန်းခွင်မှ မကြာခဏစောပြန်ရသည့်အခါ၊ အလုပ်တွင်အာရုံမစိုက် နိုင် သည့်အခါ ဆေးကုသမှုခံယူပါ။
(၅) အမြင်အာရုံ စမ်းသပ်မှုခံယူပါ
ခေါင်းကိုက်ခြင်းသည် မျက်စိ မှုန်ခြင်း၊ မျက်စိအားနည်းခြင်းကြောင့် လည်းဖြစ်လေ့ရှိသည်။ မျက်လုံးတစ်ချက်ချင်းစီ ပိတ်ပြီးအနီးအဝေးကြည့်ပါ။ မျက်လုံးတစ်ဖက်ဖက်က ပိုမှုန်နေပါသလား။ မျက်မှန် တပ်လိုက်ခြင်းဖြင့် ခေါင်းကိုက်ဝေဒနာသက်သာလာပါလိမ့်မည်။
လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ
ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။
သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုတက် စီယမ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးတွေဟာ ကြွပ်ကြွတဲ့ အဆာပြေ အစာတွေကို ရှောင်တာကြောင့် ဆားရရှိမှု နည်းသလိုမျိုး သွေးဖိအားကို ကျဆင်းစေနိုင်တယ်လို့ သိရပါတယ်။
ယခင်က လေ့လာမှုတွေအရ အသက်ကြီးသူတွေ အနေနဲ့ ပိုတက်စီယမ် မြင့်မားစွာပါဝင်တဲ့ အစာစားရင် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကျောက်ကပ်ဟာ ပိုလျှံနေတဲ့ သွေးတွင်းက ပိုတက် စီယမ်ကို ဖယ်ရှားနိုင်စွမ်း လျော့နည်းနေတာကြောင့် ဆိုပါတယ်။ ယခုလေ့လာမှုအရ ပိုတက်စီယမ်ဟာ ကျောက်ကပ် လုပ်ဆောင်ချက်အတွက် ထိခိုက်မှု မရှိဘူးလို့ တွေ့ရှိထားပါတယ်။ ပိုတက်စီ ယမ် မြင့်မားစွာ ပါဝင်တဲ့ အသီးတွေထဲမှာ ငှက်ပျော်သီးလည်း ပါဝင်ပါတယ်။
ငှက်ပျောသီး တစ်လုံးမှာ ပိုတက်စီယမ် ၄၂၀ မီလီဂရမ် ပါဝင်ပြီး လူကြီး တစ်ယောက်အတွက် နေ့စဉ် ပိုတက်စီယမ် လိုအပ်ချက်ပမာဏ ၃၅၀၀ မီလီဂရမ် ဖြစ်ပါတယ်။ လေးပတ်တာလောက် ဆားလျှော့ စားတာကြောင့် သွေးဖိအား ကျဆင်းပြီး လေဖြတ်တာနဲ့ နှလုံးတိုက်ခိုက်ခံ ရနိုင်ခြေ လျော့ကျ သွားတယ်လို့ လေ့လာမှု အရလည်း တွေ့ရှိထားပါတယ်။ ဆားလျှော့စားပြီး ငှက်ပျော်သီးနဲ့ ဟင်းနု နယ်ရွက်လို ပိုတက်စီယမ် မြင့်မားစွာ ပါဝင်တဲ့ အစာ စားတာကြောင့် သွေးဖိအား ထိန်းချုပ်နိုင်ပြီး လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်
သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာသိသိသာသာ ပျောက်ကင်းသွား သလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ။ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ (လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည်။
ဆေးရည်ကျိုနည်း …. ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။
အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။ အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။ အရွက်ခြောက်နဲ့  အပွင့်ခြောက်အနည်းငယ်ကိုလည်းလက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ် သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊ သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။
ပဲနို့သောက်လျှင် ဤလေးချက်ကို ရှောင်စေချင်
ပဲနို့သည် ကလေးရော လူကြီးပါ ကြိုက်သော အစားအသောက် တစ်မျိုး ဖြစ်ပါသည်။ ထိုကြောင့် ပဲနို့ကို သောက်ရာတွင် ကျန်းမာရေးအတွက် ဖော်ပြပါ အချက်လေးချက်ကို သတိပြု ရှောင်ရှား သင့်ပါသည်။
ယင်းအချက်လေးချက်မှာ-
၁။ ကြက်ဥနှင့် အတူ ဖျော်သောက်ရန် ရှောင်ရ ပါမည်
ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင်(Trypsin)နှင့် ပေါင်းစပ် မိသောအခါ လခန္ဓာ ကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တု တစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရ ဓာတ်ကို ဆုံးရှုံး သွားစေ တတ်ပါသည်။
၂။ ကြံသကာနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်
ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ် မိသောအခါ အနှစ်သာရ ပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေ တတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။
၃။ မကျက်တကျက် ပြူတ်ပြီး မသောက်သင့်
ပဲနို့ထဲတွင် ထရစ်ပဆင် တားဆီးသည့် အရာဝတ္ထုရှိ၍ ကျက်အောင် မပြုတ်ဘဲ သောက်သုံး ပါက အော်ဂလီ ဆန်တတ်သည်။ အော့အန် တတ်သည်။ နောက်ဆုံး ဝမ်းလျှော တတ်ပါသည်။
၎။ဓာတ်ဘူးနဲ့ မတည့်ပဲနို့တွင်ပါသော အစေးများ သည် ဓာတ်ဘူးထဲက ရေချေးကို ချွတ်နိုင်သဖြင့် အချိန်ကြာလျှင် ပဲနို့တွင် ရောဂါပိုးမျာ ပြန့်ပွား စေတတ်၍ ကျန်းမာရေးက အထူး ထိခိုက် စေပါသည်။
ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ
ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်ပါတယ်။
ဒါကြောင့် ဗိုက်ပူနေပြီ ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။
(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျ စေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ် စေပါတယ်။
(၂) အမျှင်ဓာတ်များများ စားပါ
အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီး ဟင်းရွက်တွေက ကယ်လိုရီ ပါဝင်မှု နည်းပါး ပါတယ်။
(၃) ဆားလျှော့စားပါ
လူအများစုဟာ ဆိုဒီယမ်ကို လိုအပ်တာထက် နှစ်ဆပိုစား နေကြတယ်လို့ ကျွမ်းကျင်သူ တွေက အကြံပြု ထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုး စေနိုင်သလို လေပွ စေနိုင်ပါတယ်။ ဆားပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုးကို အရင် ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ် ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး အိမ်မှာ မိမိဘာသာ ချက်ပြုတ် ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများ သောက်တာက ဆိုဒီယမ် ပမာဏကို လျော့ကျ စေပါတယ်။
(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ
ညစာကို များများ စားတာကြောင့် ဗိုက်ပူ နေတယ်ဆိုရင် နည်းနည်းနဲ့ မကြာ ခဏစားတဲ့ အလေ့အထကို ပြောင်းလဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄ နာရီကြာတိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာတာနဲ့ အစာကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။
(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ
ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်း အတာက လျော့ကျမှု မရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
ကိုယ်အလေးချိန် လျှော့ချဖို့ အတွက် လိုအပ်ချက် ၅ချက်
လူအများစုက သူတို့ဝိတ်လျှော့တဲ့အခါ တစ်နေ့ကို ဘာအစားတွေပဲ ရွေးချယ်ပြီ စားရမယ်ဆိုတာကို ညွှန်ပြပေးတဲ့ diet လုပ်နည်းကိုပဲ အသုံးပြုလေ့ရှိပါတယ်။ ဥပမာ၊ ညဘက်မှာ ဂေါ်ဖီထုပ်ပြုတ်လောက် စားတဲ့ diet နည်းလိုမျိုးပေါ့။ သို့ပေမယ့် ဒီလို diet လုပ်တဲ့အခါ အလုပ်ဖြစ်ရဲ့လားဆိုတာတော့ အလုပ်ဖြစ်ပါတယ်။ တကယ်လည်း အစားအသောက်တွေ ရွေးချယ်ပြီ စားရင် ၀ိတ်လျှော့ကျသွားပါတယ်။ သို့သော် ဒီလို ၀ိတ်လျှော့သွားသော်လည်း မည်သူမျှ dietကို အမြဲတစေမလုပ်နိုင်သည်မို့ ၀ိတ်ကျသွားသည်မှာလည်း ခဏတာပဲ ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် diet လုပ်နေသည်ကို ရပ်တန့်လိုက်တာနှင့် အရင်ကိုယ်အလေးချိန်ကို ပြန်ရောက်သွားပြန်ရော။
ကဲ၊ ဒီလိုဆို diet လုပ်လိုက် ၀ိတ်လျှော့လိုက်၊ ရပ်လိုက် ပြန်ဝလိုက် သံသယာတော့ လည်နေပြီ။ ဒါကြောင့် နောက်တစ်နည်းအနေနဲ့ Diet လိုခဏတာပဲ စားတဲ့နည်းမဟုတ်ပဲ၊ အမြဲလည်း စားလို့ရ၊ တကယ်လည်း ပိန်စေမယ့် နည်းရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ အစားအသောက်၊ အနေအထိုင် အလေ့အကျင့်ဟောင်းတွေကို ပြောင်းလည်းလိုက်တာနဲ့ ပိန်လည်းပိန်၊ ကျန်းမာရေးအတွက်လည်း ပိုကောင်းသွားမှာ သေချာပါတယ်။ ဥပမာ အရင်က မနက်စာကို မစားတဲ့သူက မနက်စာ များများ စားပေးရမယ်၊ အရင်က ညစာကို များများစားတတ်ရင် လျှော့စားရမယ်။ ဒီလို နေ့စဉ် လုပ်နေတဲ့ ကိုယ်ရဲ့ အလေ့အထဟောင်းတွေကိုပါ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အလေ့အထ အဖြစ် ပြင်ပေးရမှာပါ။ ဒီအတွက် အချက် (၅) ချက်ကို အကြံပေးချင်ပါတယ်။
(၁) လေ့ကျင့်ခန်း
လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ပိုနေတဲ့ ကယ်လိုရီတွေကို လောက်ကျွမ်းစေမှာ ဖြစ်သလို၊ သင့်ကြွက်သားတွေကိုလည်း ပိုပြီးသန်မာလာစေပါတယ်။ ထို့ကြောင့် အိမ်မှာပဲဖြစ်ဖြစ် တစ်နေ့ကို ၄၅မိနစ်၊ ၁နာရီ ပုံမှန် လမ်းလျှောက်ပေးရပါမယ်။ အရင်က အလုပ်သွားရင် ကားနဲ့သွားတာထက် လမ်းလျှောက်လို့ ရရင် လမ်းလျှောက်သွားမျိုး (သို့) စက်ဘီးစီးသွားတာမျိုးက သီးသန့် လေ့ကျင့်ခန်း လုပ်စရာ မလိုပဲ သင်ရဲ့ ခန္ဓာကိုယ် အချိုးကျ လှပပြီ ကျန်းမာရေးနဲ့လည်း ညီညွှတ်စေပါတယ်။
တကယ်လို့ ဒီထက် ပိုပြီး ကယ်လိုရီတွေ လောင်ကျွမ်းစေချင်ရင်တော့ ပိုပြီး ပြင်းထန်တဲ့ (သို့မဟုတ်) အင်အားသုံးပြီး လုပ်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေါ့။ ဒီလိုလေ့ကျင့်ခန်းမျိုးက သင့်ရဲ့ ကြွက်သားတွေကိုလည်း သန်မာလာစေမှာ ဖြစ်ပါတယ်။ သင့်မှာ တောင့်တင်းတဲ့ ကြွက်သားတွေ ရှိနေတာနဲ့ကို လေ့ကျင့်ခန်းလုပ်စရာ မလိုပဲ ကယ်လိုရီတွေကို အလိုလို လောက်ကျွမ်းစေမှာ ဖြစ်ပါတယ်။
(၂) ‘မော်နီတာ’ အချိန်ကို လျှော့ချပါ
အခုခေတ်မှာ လူတွေ ကိုယ်အလေးချိန်တက်လာတာရဲ့ အဓိက အချက်တခုကတော့ ‘မော်နီတာ’ အချိန်လို့ ခေါ်တဲ့ တီဗီကြည့်ချိန်၊ ကွန်ပြူတာ မော်နီတာ သုံးချိန်၊ ဂိမ်းဆော့ချိန်တွေ များနေတဲ့အတွက် သာမန်ကိုယ်လက်လှုပ်ရှားမှု နည်းသွားတဲ့အတွက် ကိုယ်အလေးချိန်တက်လာတော့ တာပါပဲ။ ဒါကြောင့် အပန်းဖြေဖို့ ဒီလို တီဗီကြည့်ချိန်၊ အင်တာနက်ကြည့်ချိန်၊ ဂိမ်းဆော့ချိန်တွေကို တနေ့ နှစ်နာရီ ထက်လျှော့ချသင့်ပါတယ်။ တကယ်လို့ သင့်သူငယ်ချင်းတွေနဲ့ ရှော့ပင်းမောတွေမှာ အချိန်ဖြုန်းတာဟာ အင်တာနက်ပေါ်မှာ ချက်တင်နဲ့ ပြောတာထက် ကိုယ်လက်လှုပ်ရှားမှု ပိုဖြစ်စေပါတယ်။
(၃) တစ်ပန်းကန်ထဲ ပုံစားတတ်ရင် ဂရုစိုက်ပါ
တကယ်လို့ သင်ဟာ တပန်းကန်ထဲကို ဟင်းတွေ ထမင်းတွေ တခါထဲ ထည့်ပြီး ‘ပုံ’စားမယ်ဆိုရင် သာမန်ထက် ပိုထည့်မိတတ်တာကြောင့် သတိထားပေးပါ။ ဒီလို ပိုစားမိတဲ့ ကယ်လိုရီတွေကလည်း သင့်ကို ပိုဝစေပါတယ်။ စားသောက်ဆိုင်တွေမှာစာတဲ့ ဟင်းပွဲတွေမှာ သာမန်ထက် ပိုပြီး ထည့်ထားတတ်တာမို့၊ တယောက်ထဲစားတာထက် တပွဲကို နှစ်ယောက်လောက် ခွဲစားသင့်ပါတယ်။ ထို့ပြင် စားသောက်ဆိုင်သွားရင် ဆိုဒါလို၊ အချိုရည်လို ဝစေတဲ့ အချိုရည်တွေကို မှာသောက်မယ့်အစား ရေသန့် သို့မဟုတ် အချိုလျှော့ထားတဲ့ နွားနို့လိုမျိုးကိုပဲ မှာသောက်သင့်ပါတယ်။
(၄) နေ့စဉ် အသီးအနှံ များများစားပါ
အသီးအနှံတွေစားတာဟာ ဗီတာမင်ဓာတ်ရဖို့ တင်မကပါဘူး။ အသီးအနှံတိုင်းမှာ ဖိုင်ဘာ လို့ခေါ်တဲ့ အမျှင်ဓာတ်တွေ အများကြီးပါပါတယ်။ ဒီအမျှင်ဓာတ်တွေက သင့်ကို ဗိုက်ပြည့်စေပြီး၊ ဝလာမှာတော့ မဟုတ်ပါဘူး။ ဒီလို အမျှင်ဓာတ်များတဲ့ အသီးအနှံတွေကို ဗိုက်အပြည့်စားထားရင် ကယ်လိုရီဓာတ်များတဲ့ အာလူးကြော်လို၊ ကွတ်ကီးလိုမျိုးတွေကို သိပ်မစားဖြစ်တော့ဘူးပေါ့။
(၅) မနက်စာကို မစားပဲ မနေပါနဲ့
မနက်စာဟာ သင့်ရဲ့ တနေ့တာ ဇီဝကမ္မဖြစ်စဉ်ကို စတင် စက်နှိုးပေးလိုက်သလိုပါပဲ။ ဇီဝကမ္မဖြစ်စဉ်ဟာ သင့်ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေသလို တစ်နေ့တာ အလုပ်လုပ်ဖို့ ခွန်အားတွေ ဖြစ်စေပါတယ်။ မနက်စာ မစားမိတဲ့ လူတွေဟာ နေ့လည်နဲ့ ညဖက်တွေမှာ ဗိုက်ပိုဆာစေလို့၊ သာမန်ထက် ပိုစားမိတတ်ပါတယ်။ ဒါကြောင့် မနက်စာ စားတဲ့သူတွေနဲ့ယှဉ်ရင် မနက်စာကို ပုံမှန် မစားတဲ့သူတွေက ကယ်လိုရီပမာဏ ပိုများပါတယ်။
အနာဂါတ်တွင် သွေးတိုးကာကွယ်ဆေး ဖော်စပ်ထုတ်လုပ်နိုင်ဖွယ်ရှိ။
ကမ္ဘာပေါ်တွင် သွေးတိုးရောဂါ ခံစားနေရသူဦးရေ သန်းပေါင်းများစွာ ရှိပြီး သွေးထိန်းဆေးကို နေ့ စဉ်
သောက်သုံးနေရ သူများ ဖြစ်ရာဝယ် အမေရိကန်နှလုံးအသင်းက ကာကွယ်ဆေးတစ်မျိုးကို စမ်းသပ်လျက်ရှိပြီး အောင်မြင်သွားပါက သွေးတိုးရောဂါကို အနဲဆုံး ၆-လ ကာကွယ်ပေးသွားနိုင်မည်
ဖြစ်ကြောင်း သိရသည်။
သွေးတိုးရောဂါရှိသူတွေအတွက် အသုံးပြုပေးနိုင်တဲ့ ဆေးဝါးခြင်း မတူသလို သူတို့ သွေးတိုးရတဲ့ အကြောင်းရင်း အကြောင်းခံတွေလည်း ကွဲပြားခြားနားပြီး ခံစားရပုံခြင်းလည်း ကွာခြားပါတယ်။ သေခြာတာကတော့ နေ့ စဉ် ဆေး သောက်နေရတာရယ်၊ နှလုံးကြီးလာနိုင်တာရယ်၊
လေဖြတ်နိုင်တာရယ် တို့ ပဲ ဖြစ်ပါတယ်။
အခုလို သွေးတိုး ကာကွယ်ဆေးကိုသာ ထုတ်လုပ်သုံးစွဲနိုင်မယ်ဆိုရင် သွေးတိုးလူနာတွေအတွက် အများကြီးပိုပြီး အကျိုးရှိလာနိုင် ပါတယ် ဟု ဂျပန်နိုင်ငံ၊ အိုဆာကာဆေးတက္ကသိုလ်မှ ဒေါက်တာ ဟီရိုနိုရီနာကာဂါမီ က ပြောပြသည်။
ခန္ဓာကိုယ်ထဲမှာ Angiotensin II ဟိုမုန်းထွက်ပါတယ်။ ဒီဟိုမုန်းက သွေးကြောတွေကို တင်းစေပါတယ်။ သွေးကြော တင်းတော့ သွေးစီးနိုင်တဲ့လမ်းကြောင်းကလည်း ကျဉ်းသွားပါတယ်။ အဲဒီအချိန်မှာ သွေးဖိအား မြင့်တက်သွားပြီး နှလုံးက အလုပ်ပိုလုပ်ရပါတယ်။ ဒီ Angiotensin II ဟိုမုန်းကို ထုတ်လုပ်ပေးတဲ့ DNA ကို ထိန်းချုပ်နိုင်မယ်ဆိုရင် သွေးမတိုးတော့ဘူးပေါ့ ဟု နာကာဂါမီ က ဆက်လက်ရှင်းပြသည်။
လေ့လာဆန်းစစ်မှုတွင် သုတေသီများက သွေးတိုးတတ်သောကြွက်များကို ၂-ပတ်လျှင် ၃-ကြိမ်နှူန်း ကာကွယ်ဆေး ထိုးပေးခဲ့ရာ ကြွက်များသည် ၆ လ လုံးလုံး သွေးမတက်တော့သည့်အပြင် သွေးကြောမာခဲခြင်းကြောင့် နှလုံးအလုပ် ပိုလုပ်ရသည့်အတွက် နှလုံးတစ်ရှူးပျက်စီးမှုကိုလည်း သိသာထင်ရှားစွာ ထိန်းထားနိုင်ခဲ့ကြောင်း၊ အသည်းနှင့် ကျောက်ကပ်များကိုလည်း ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း တွေ့ ရှိခဲ့ရကြောင်း သိရသည်။
သမားရိုးကျ သွေးကျဆေးများသည် သွေးကြောများကို ပြန်လည်ပျော့ပြောင်းစေပြီး သွေးစီးဆင်းအားကို မှန်ကန် ကောင်းမွန်စေကာ သွေးပေါင်ချိန်ကို လျော့ချခြင်းဖြစ်ရာဝယ် ရေရှည်ခံသော အကျိုးသက်ရောက်မှုမရှိသည့်အတွက် နေ့ စဉ် ဆေးသောက်ပေးရခြင်း၊ ဆေးသောက်ထားလျင်လည်း
သွေးတိုးနိုင်သေးခြင်း တို့ ကို ခံစားရနိုင်ကြောင်း၊ ယခု တွေ့ ရှိထားသော ကာကွယ်ဆေးသည်မူ ၆လလုံးလုံး သွေးလုံးဝမတိုးအောင် သွေးတိုးစေသည့် ဟိုမုန်းကို ထုတ်လုပ်မည့် DNA အား ထိန်းချုပ်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
လေ့ကျင့်ခန်းအလွန်အကျွံ လုပ်ခြင်းဟာ သွေးထဲမှာ အဆိပ်မိခြင်းကို ဖြစ်ပေါ်စေနိုင်
International Journal of Sports Medicine နဲ့ Exercise Immunology Reviews စာစောင်တွေမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ဒီလေ့လာမှုတွေကို သြစတြေးလျနိုင်ငံ Monash တက္ကသိုလ် ၊ Nutrition and Dietetics ဌာနမှ ဒေါက်တာ Ricardo Costa က ဦးဆောင်လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။
သွေးမသန့် ခြင်းကို ဖြစ်ပေါ်စေပြီး Sepsis လို့လည်း လူသိများတဲ့ သွေးထဲမှာ အဆိပ်မိခြင်း ( Blood Poisoning ) ဟာ ရောဂါမှ ကင်းလွတ်ပြီးဖြစ်တဲ့ ဓါတုဗေဒ ပစ္စည်းတွေ သွေးကြောထဲကို စိမ့်ဝင်တဲ့အခါမှာ ဖူးရောင်မှုတွေကို အလွန်အကျွံ တုံ့ပြန်မှု ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီနောက်မှာတော့ သွေးခဲတွေ နဲ့ သွေးကြော ယိုစိမ့်မှု ကို ထပ်မံ ဖြစ်ပေါ်စေနိုင်ပါတယ်။
ရောဂါထိန်းချုပ်မှု နဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ ပြောကြားချက်တွေအရ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ပြည်သူ ၁ သန်းကျော်ခန့်ဟာ နှစ်စဉ် သွေးထဲမှာ အဆိပ်မိခြင်း ( Sepsis ) ကို ရင်ဆိုင်နေရပါတယ်။ အဲဒီ လူဦးရေ ရဲ့ ၂၈ ကနေ ၅၀ ရာခိုင်နှုန်း ခန့်ဟာ ထို အခြေအနေ ကနေ ပဲ သေဆုံးသွားကြတာတွေလည်း ရှိပါတယ်။
မွေးကာစကလေးတွေ ၊ ကလေးငယ်တွေ ၊ အသက် ကြီးသူတွေ ၊ ကင်ဆာ နဲ့ အေအိုင်ဒီအက်စ် တို့လို ရောဂါကြီးကြီးမားမား ဖြစ်နေသူတွေ ဟာ လောင်ကျွမ်းမှု အမျိုးမျိုးကို ခံစားရပြီး ကိုယ်ခန္ဓာ ခုခံအား စနစ် အားအနည်းဆုံး အချိန်ဖြစ်နေတဲ့အတွက် Sepsis ဖြစ်စေဖို့ အခွင့်အလမ်းတွေ က အမြင့်ဆုံး အခြေအနေမှာ ရှိနေပါတယ်။
ဒေါက်တာ Costa နဲ့ အဖွဲ့ကတော့ လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ခြင်း ဟာလည်း Sepsis ဖြစ်စေဖို့ အခွင့်အလမ်းအများဆုံး ဖြစ်တယ်ဆိုတာကို သုတေသန ပြုလုပ်ပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အမေရိကန် နိုင်ငံသားတွေအတွက် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု လမ်းညွှန်မှာတော့ အရွယ်ရောက်ပြီးသူတွေဟာ ထိန်းချုပ်ပြီး လှုပ်ရှားရတဲ့ အေရိုးဗစ် ကစားခြင်းမျိုးကို တစ်ပတ်မှာ အနည်းဆုံး ၁၅၀ မိနစ် နဲ့ ဖြတ်ဖြတ်လတ်လတ် လှုပ်ရှားရတဲ့ အေရိုးဗစ် ကစားခြင်းမျိုးကို တစ်ပတ်မှာ ၇၅ မိနစ် ခန့် လုပ်ပေးသင့်တယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့်လည်း ကျွန်ုပ်တို့အများစု ဟာ ထို လမ်းညွှန်ကို ရောက်ရှိနိုင်ဖို့ မဖြစ်နိုင်ခဲ့ကြပဲ တစ်ချို့ကတော့ ဆန့်ကျင်ဘက်လုပ်ရပ် ဖြစ်နေတဲ့ လေ့ကျင့်ခန်း အလွံအကျွံ လုပ်ခြင်းကို ရောက်ရှိနေကြပါတယ်။
ဒေါက်တာ Costa ရဲ့ ပြောကြားချက်အရ ၁ နေ့ကို လေ့ကျင့်ခန်း ၄ နာရီထက်ပိုလုပ်ခြင်းဟာ အလွန်အကျွံ ဖြစ်သွားပါပြီ။ မာရသွန် လိုမျိုး အလွန် အကျွံ ကြိုးစား ယှဉ်ပြိုင်ရတဲ့ ပွဲတော်တွေမှာ ပါဝင်တဲ့သူတွေဟာ ၁ နေ့ကို လေ့ကျင့်ခန်း ၄ နာရီ လောက်လုပ်ရင်း ပြိုင်ပွဲ ၀င်ဖို့ လေ့ကျင့်ရတဲ့အတွက် ခန္ဓာကိုယ်တွင်း အပူချိန်တွေကို မြင့်မားလာစေကာ ခန္ဓာကိုယ်ပေါ် အပို အားစိုက်မှု တွေ ကျရောက်လာစေနိုင်ပါတယ်။
အဲဒီ လို မာရသွန်အားကစားသမားတွေကို လေ့ကျင့်ခန်း အလွန်အကျွံလုပ်ပြီးပြီးချင်း သွေး နမူနာ ယူကာ စစ်ဆေးကြည့်တဲ့အခါမှာတော့ Sepsis ရောဂါ ကြောင့် ဆေးရုံရောက်သွားတဲ့ လူနာတွေရဲ့ သွေးနမူနာ နဲ့ တူညီတဲ့ အမှတ်အသားတွေ ရှိနေတာကိုတွေ့ရမှာပါ။
ကဖင်းဓါတ်လွန်ကဲခြင်းနှင့် ကျန်းမာရေးအန္တရယ်ကို အီးယူထုတ်ပြန်
တစ်ရက်လျှင် Espresso ကော်ဖီ ၅ ခွက်ထက်ပို၍ သောက်သူများတွင် ကျန်းမာရေးကို ထိခိုက်ပျက်စီးစေနိုင်သော ဆိုးကျိုးများကို ခံစားရနိုင်မည်ဖြစ်ကြောင်း ဥရောပ အစားအစာဘေးအန္တရယ်ကင်းရှင်းရေး အာဏာပိုင်များ (EFSA) က သတိပေးချက် ထုတ်ပြန်ထားသည်။
ကော်ဖီအသောက်များခြင်းကြောင့် ကဖင်းဓါတ်လွန်ကဲပြီး နှလုံးပြဿနာ၊ အိပ်မရသည့်ပြဿနာ၊ ဇောချွေးပြန်ကာ အသက်ရှူမ၀ဘဲ ရင်တလှပ်လှပ်ခုန်သည့် ပြဿနာများကို ခံစားရနိုင်ကြောင်း၊ ယခုအခါ ကော်ဖီကို အထိန်းအကွပ် မရှိ သောက်နေကြကြောင်း၊ ထို့ အပြင် ကဖင်းသည် ကော်ဖီတစ်မျိုးတည်းမှ ရနိုင်သည်မဟုတ်ဘဲ ကဖင်းရင်းမြစ် အမျိုးမျိုးရှိကြောင်း EFSA မှ တာဝန်ရှိသူများက ပြောသည်။
ကော်ဖီဟာ နေ့ တစ်နေ့ ရဲ့  အရေးပါတဲ့ လန်းဆန်းအစားအစာ ဖြစ်ပါတယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်၊ ချောကလက် တို့ အားလုံးမှာ ကဖင်းပါတာခြင်း တူပါတယ်။ ဒါတွေကို အရမ်းကာရော စားနေရင် ကဖင်းဓါတ်လွန်ကဲ ပြီး မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့  ကလေးငယ်တွေဟာ ကဖင်းဓါတ်ကို နဲနိုင်သမျှ နဲအောင် သုံးစွဲရမှာဖြစ်ပါတယ်ဟု EFSA မှ တာဝန်ရှိသူက ဆက်လက်ပြောပြသည်။
ကျန်းမာရေးကောင်းမွန်သော အရွယ်ရောက်ပုဂ္ဂိုလ်များအနေဖြင့် တစ်ရက်လျှင် ကဖင်း ၄၀၀ မီလီဂရမ်ကို အန္တရယ် တစ်စုံတရာမရှိဘဲ သောက်သုံးနိုင်သော်လည်း ယင်းပမာဏထက်ပို၍ သောက်သုံးနေကြသူများ ရှိနေကြောင်း၊ ဒိန်းမတ်တွင် စုစုပေါင်းလူဦးရေ၏ သုံးပုံတစ်ပုံက ကော်ဖီအသောက်လွန်ကဲနေပြီး နယ်သာလန်တွင် ၁၇ ရာခိုင်နှူန်း၊ ဂျာမနီတွင် ၁၄ ရာခိုင်နှူန်းခန့် က အန္တရယ်ကင်းအဆင့်ထက်ပိုသော ကဖင်းဓါတ်ကို သုံးစွဲနေကြကြောင်း မှတ်တမ်း များအရ သိရသည်။
မနက် ၁၁ နာရီမှာ ချောကလက်တစ်တောင့်စားပြီး နေ့ လည်စာမှာ Espresso သောက်ပြီးတော့ ညနေ ၄ နာရီမှာ လက်ဖက်ရည် ထပ်သောက်တဲ့အပြင် ညနေခင်းမှာ ကျွဲရိုင်းတစ်ဗူး သောက်သေးတယ်ဆိုရင် ကဖင်းဓါတ်လွန်ကဲမှု ကို မုချခံစားရမှာပါ ဟု EFSA မှ သုတေသီတစ်ဦးက ဥပမာဖြင့် ရှင်းပြသည်။
Petr Cech ကို အာစင်နယ်ကစားသမား ၁ ယောက်ယောက် နဲ့ လဲဖို့ Mourinho စီစဉ်
Home / featured / Petr Cech ကို အာစင်နယ်ကစားသမား ၁ ယောက်ယောက် နဲ့ လဲဖို့ Mourinho စီစဉ်
Petr Cech ကို အာစင်နယ်ကစားသမား ၁ ယောက်ယောက် နဲ့ လဲဖို့ Mourinho စီစဉ်
Staff Writer Thursday, June 11, 2015 featured
ချဲလ်ဆီး အသင်းရဲ့ မန်နေဂျာ Jose Mourinho ဟာ အသင်းရဲ့ ဂန္တ၀င် ဂိုးသမား Petr Cech ကို အာစင်နယ်အသင်းသို့ ပြောင်းရွှေ့ဖို့ခွင့်ပြုမှာ ဖြစ်ပေမယ့် အာစင်နယ် အသင်းရဲ့ ကစားသမားတစ်ယောက်နဲ့ ပြန်လဲမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ပထမအသင်းလူစာရင်းမှာ ၁၁ နှစ်တိတိ ကစားပြီးတဲ့နောက် ဂိုးသမား Petr Cech ဟာ စတန်းဖို့ဒ် ဘရစ်ခ်ျ အသင်းကို စွန့်ခွာတော့ မှာ ဖြစ်ပါတယ်။ ဒီလို ထွက်ခွာဖို့ကိုလည်း အသင်းရဲ့ ပိုင်ရှင်ဖြစ်သူ Abramovich ကလည်း သဘောတူ ခွင့်ပြုထားပါတယ်။
"Petr Cech ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတိုင်းအတွက်ပါ။ အဲဒီကလပ်မှာလည်း ကျွန်တော် သဘောကျတဲ့ ကစားသမားကို ပြန်ရှာနိုင်ပါတယ်" လို့ Mourinho ကဆိုပါတယ်။
လက်ရှိမှာ Mourinho က အာစင်နယ် အသင်းနဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့ ကျန်နေတဲ့ Theo Walcott နဲ့ Alex Oxlade-Chamberlain ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အာစင်နယ် အသင်းကသာ Petr Cech ကိုခေါ်မယ်ဆိုရင်တော့ Mourinho က ထို ကစားသမား ၂ ယောက်ထဲက တစ်ယောက်ယောက်နဲ့ လဲမှာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ Petr Cech ဟာ သူ့ရဲ့ ပထမအသင်း ဂိုးသမားနေရာကို အသက် ၂၃ နှစ်အရွယ် Thibaut Courtois နဲ့ အစားထိုးခံလိုက်ရညီ့းတဲ့နောက်မှာ အသင်းက ထွက်ခွာဖို့ စတင် စဉ်းစားခဲ့ပြီး Arsene Wenger ကလည်း Petr Cech ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
Petr Cech ဟာ ချဲလ်ဆီး အသင်းအတွက် ၄၉၄ ပွဲတိတိ ကစားပေးခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ၊ ချန်ပီယံလိဂ် ၁ ကြိမ် ၊ Europa League ၁ ကြိမ် ၊ FA ဖလား ၄ ကြိမ် နဲ့ လိဂ်ဖလား ၃ ကြိမ်တို့ကို ရယူနိုင်ခဲ့ဖူးပါတယ်။
ဖီဖာ အရှုတ်တော်ပုံ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ ငွေကြေးအရှုတ်တော်ပုံနဲ့ ပတ်သက်ပြီး ထိပ်တန်းတာဝန်ရှိသူတွေ တဦးပြီးတဦး ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပြီး အခုဆိုရင် ဆက်သွယ်ရေး တာဝန်ခံ ဒါရိုက်တာ ဝေါလ်တာ ဒီ ဂရီဂိုရီယိုလည်း ရာထူးကနေ နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
ကိုယ်တိုင် ပြီးခဲ့တဲ့ သီတင်းပတ်က ရာထူးကနေ နှုတ်ထွက်ခဲ့တဲ့ ဖီဖာ ဥက္ကဌ ဆပ်ဘလတ္တာ က မစ္စတာ ဂရီဂိုရီယို ကို ရာထူးကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဘောလုံးအဖွဲ့ချုပ်တွေရဲ့ အရေးကို သက်ဆိုင်ရာ နိုင်ငံအစိုးရတွေကနေ ၀င်ရောက်မစွက်ဖက်ပဲ ကင်းလွတ်ခွင့်ပေးရမယ့် ဥပဒေ ရှိနေပေမယ့် ဖီဖာခြစားမှုတွေနဲ့ ပတ်သက်ပြီး တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် အပေါ်မှာ လိုအပ်တဲ့ စုံစမ်းမှုတွေ ပြုလုပ်နိုင်ဖို့ ပါရာဂွေး နိုင်ငံ ဆီးနိတ်လွှတ်တော်ကနေ အဲဒီကင်းလွတ်ခွင့်ကို ပယ်ဖျက်ပေးဖို့ သဘောတူလိုက်ပါတယ်။
ဘရာဇီးလ် လက်ရွေးစင်ဟောင်း ဇစ်ကို ကလည်း ဖီဖာ ဥက္ကဌ နေရာမှာ သူဝင်အရွေးခံမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
သွင်းကုန်လုပ်ငန်းရှင်တွေကို နိုင်ငံပိုင်ဒေါ်လာတွေ တိုက်ရိုက်ရောင်းပေးမယ်
အမေရိကန် ဒေါ်လာ နဲ့ လဲလှယ်ရာ မှာ မြန်မာငွေ တန်ဖိုး ဆက်လက် ကျဆင်း နေတာ ကို ဗဟိုဘဏ် အနေနဲ့ တိုက်ရိုက် စွက်ဖက် ထိန်းချုပ် ပေး တဲ့ အနေနဲ့ ပြည်ပ သွင်းကုန် လုပ်ငန်း ရှင် တွေ ကို နိုင်ငံပိုင် ဒေါ်လာ တွေ တိုက်ရိုက် ထုတ် ရောင်း ပေး သွား မှာ ဖြစ်တယ် လို့ ဗဟို ဘဏ် တာဝန် ရှိ သူတွေ က ပြောလာ ပါတယ်။
မြန်မာ ငွေ တန်ဖိုး ကျဆင်း နေရတဲ့ ပြဿနာ ကို အဖြေ ရှာ ဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း၊ ဘဏ္ဍဍာရေး ဝန်ကြီး၊ ဗဟိုဘဏ် တာဝန်ရှိ သူ တွေ နဲ့ လွှတ်တော် ကိုယ်စား လှယ် တွေ ကြာသာပတေး နေ့ က တွေ့ဆုံ ကြတုန်း မှာ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ က ဒီ အစီအစဉ် ကို ဖွင့် ပြော လာတာ ဖြစ်ပါတယ်။
အရင် ကတော့ ဗဟိုဘဏ် အနေနဲ့ စီးပွားရေး လုပ်ငန်းရှင် တွေ ကို တိုက်ရိုက် မရောင်းချ ပဲ ပုဂ္ဂလိက ဘဏ်တွေ ကို သာ ရောင်းချ ပေးခဲ့တာ ဖြစ်ပါတယ်။
အစိုးရ တာဝန် ရှိသူတွေ နဲ့ ဒေါ်လာ အများဆုံး ဝယ်ယူ နေရ တဲ့ စက်သုံးဆီ ပြည်ပက တင်သွင်း သူတွေ ဟာ နေ ပြည်တော် မှာ ဒီကနေ့ (ဇွန်လ ၁၂ ရက် ) တွေ့ဆုံ ဖို့ ရှိပါတယ်။
အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲနှုန်း ဟာ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက စလို့ တရိပ်ရိပ် တက်လာခဲ့ပြီး ကြာသာပတေး မနက်မှာ တော့ ၁၂၈၅ ကျပ်ထိ ရောက်လာ ခဲ့ ပါတယ်။
ကိုးကန့်တပ်ရဲ့ အပစ်ရပ်ကြေညာမှုကို လေ့လာနေဆဲလို့ အစိုးရပြော
မြန်မာ နိုင်ငံ ရဲ့ အချုပ်အခြာ အာဏာ ကို ထိပါး လာတာ မှန် သမျှ ကို တပ်မတော် အနေ နဲ့ စစ်ရေး အရ အရေး ယူ သွား မှာ ဖြစ်တယ်။
ကိုးကန့်တပ် MNDAA ရဲ့ တဖက်သတ် အပစ်ရပ် ကြေညာ ချက်ကို လေ့လာ နေဆဲ ဖြစ်ပြီး မြေပြင် မှာ ကိုးကန့် တပ် အနေနဲ့ လက်တွေ့ ဘယ်လို ဆောင်ရွက် သလဲ ဆိုတာ ကို စောင့် ကြည့် သွား မှာ ဖြစ်တယ် ဆိုပြီး မြန်မာ အစိုးရ က တုန့်ပြန် လိုက် ပါတယ်။
မြန်မာ နိုင်ငံ ရဲ့ အချုပ်အခြာ အာဏာ ကို ထိပါး လာတာ မှန် သမျှ ကို တပ်မတော် အနေ နဲ့ စစ်ရေး အရ အရေး ယူ သွား မှာ ဖြစ်တယ် လို့လည်း သမ္မတ ရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် က ဘီဘီစီ ကို ပြောပါတယ်။
ကိုးကန့် ဒေသ စစ်ပွဲ တွေ ကို ဦးဖုန်ကြားရှင် ရဲ့ MNDAA တပ် ဘက်က စတင် လာခဲ့တာ ဖြစ်တယ် လို့လည်း ဦးရဲထွဋ် က ဆိုပါတယ်။
တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေး အတွက် တရုတ် အစိုးရ ရဲ့ ပြင်းပြ တဲ့ တောင်းဆိုမှု ဟာလည်း အပစ်ရပ် ပေးခြင်းရဲ့ အကြောင်းခံ တစ်ခု ဖြစ်တယ် ဆိုပြီး MNDAA ပြောထား ပါတယ်။
မြန်မာ အစိုးရ နဲ့ တရုတ် အစိုး ရကြားမှာ ရော ကိုးကန့် စစ်ပွဲ နဲ့ ပတ်သက်ပြီး ဆွေးနွေး တာ မျိုး၊ တရုတ် အစိုးရ က တောင်းဆို တာမျိုး ရှိလား ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီးတော့ ဦးရဲထွဋ် က အသေးစိတ် အချက်အလက် တွေ ကို ထုတ်ဖော် ဖို့ ငြင်းဆို လိုက်ပြီး တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေး ဟာ ၂ နိုင်လုံးရဲ့ အကျိုးစီးပွား ဖြစ်တယ် ဆိုတဲ့ အချက် အပေါ် မှာ ၂ ဘက် စလုံးက သဘောတူ ထားတယ် လို့ တော့ ပြောပါတယ်။
ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာပိုက်ကျော်ခြင်းအသင်း လေ့ကျင့်ရေးကွင်း အခက်အခဲရှိ
စင်္ကာပူနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့်(၂၈)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်နေသော မြန်မာပိုက်ကျော်ခြင်းအသင်းမှာ လေ့ကျင့်ရေးကွင်း အခက်အခဲပြသနာများနှင့်ရင်ဆိုင်နေရသည်။ ယခုအချိန်တွင် အသင်းတည်းခိုရာဟိုတယ်ရှိ ကားပါကင်တွင်သာ လေ့ကျင့်မှုများပြုလုပ်နေရသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှာ ရွှေ (၁၁)ခု၊ ငွေ (၂၂)ခု၊ ကြေး (၂၅)ခု ဖြင့် စုစုပေါင်း (၅၈)ခု ရရှိကာ ဆုတံဆိပ်ရရှိမှု အဆင့်(၇)နေရာတွင်ရပ်တည်လျက်ရှိသည်။
ခြေလက် (အရိုး) ကျိုးခြင်း
သတိလက်လွတ်၊ လုပ်ငန်းခွင် ထိခိုက်မှုတွေကြောင့် ဒဏ်ရာရပြီး အလုပ်သမားတွေ၊ လူငယ်လူရွယ်တွေ (အမျိုးသားအများစု) မှာ ခြေလက် အရိုးကျိုးတာ ပိုအဖြစ်များတယ်လို့ အရိုးအထူးကုတွေက ဆိုကြပါတယ်။
ခြေလက် အရိုးကျိုးတာတွေကို ခွဲခြားသိနိုင်ဖို့ လွယ်ကူ၊ သိသာတဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်။ မျက်စိနဲ့ကြည့်လိုက်ရင် ကျိုးတဲ့နေရာ ပုံပြောင်းသွားတာ၊ ကောက်ကွေးသွားတာ၊ လိမ်လည်နေတာ၊ တိုသွားတာတွေ တွေ့ရလေ့ရှိပါတယ်။ ကလေးငယ်တွေမှာတော့ ပုံသိပ်မပြောင်းဘဲ ကောက်သွားတာလောက် ရှိနိုင်ပါတယ်။ ခြေလက်နဲ့ အရိုးပေါ် အသာအယာ ဖိစမ်းကြည့်လိုက်ရင် အလွန့်အလွန် နာကျင်တာ ဖြစ်နိုင်ပါတယ်။ လှုပ်ရှားမှုလုပ်ခိုင်းရင် ကျိုးတဲ့နေရာမှာ ပုံမှန်အတိုင်း မလှုပ်နိုင်တာကို တွေ့ရမှာပါ။ တိုင်းတာကြည့်ရင် တိုသွားတာနဲ့ ကောက်သွားတာ ပမာဏကို သိနိုင်ပါတယ်။ နောက်ဆုံး သေချာဖို့နဲ့ ကုသမှုအတွက်တော့ ဆေးရုံမှာ ဓာတ်မှန်ရိုက်ဖို့လိုပါတယ်။
ဒါပေမဲ့ ဆေးရုံမရောက်နိုင်ခင် ခြေ၊လက်ရိုးကျိုးတဲ့ လက္ခဏာတွေ တွေ့ထားပြီး ခွဲခြားနိုင်ရင်တော့ အရေးပေါ် ရှေးဦးသူနာပြုစုမှု လုပ်ပေးဖို့ အရေးကြီးပါတယ်။ အရိုးကျိုးပြီး ကွေးကောက်သွားရာမှာ အထဲက သွေးကြောနဲ့ အာရုံကြောတွေ ထိခိုက်မှု ရှိမရှိစစ်ဆေးပြီး၊ ထိခိုက်မှုရှိခဲ့ရင် ပြန်ဖြောင့်သွားအောင် ဆရာဝန်၊ နားလည်သူက ဆွဲဆန့်ပေးနိုင်ပါတယ်။ ပြီးရင် အနာပေါက် ဖြစ်မဖြစ်၊ သွေးထွက်မထွက် စစ်ဆေးပြီး၊ သွေးထွက်နေရင် သွေးတိတ်ကြိုးစည်းတာထက် အဝတ်သန့်နဲ့ သွေးထွက်တဲ့နေရာကိုပိတ်ပြီး၊ အပေါ်က ပတ်တီစည်းပေးကာ ထိန်းပေးတာ ပိုကောင်းပါတယ်။
နောက်ဆုံး အရေးကြီးဆုံးကတော့ ကြပ်စည်းပေးဖို့ပါ။ လှုပ်ရှားမှုနည်းပြီး အတွင်းထဲက သွေးကြော၊ အာရုံကြောနဲ့ ကြွက်သားတွေကို ပိုပြီးမထိခိုက်သွားစေဖို့ပါ။ ကြပ်စည်းဖို့အတွက် အနီးနားရနိုင်တဲ့ ပစ္စည်းတွေကို သုံးနိုင်ပါတယ်၊ ဥပမာ ထီး၊ အထူးသဖြင့် အတိုအရှည်လိုသလိုရတဲ့ ခေါက်ထီးတွေနဲ့တွဲပြီး ကြပ်စည်းပေးနိုင်ပါတယ်။ ဝါးနဲ့သစ်သားချောင်းတွေနဲ့လည်း တွဲချည်၊ ကြပ်စည်း ပေးနိုင်ပါတယ်။ နောက်ဆုံး ဘာမှမရရင်တော့ လက်အတွက် ခန္ဓာကိုယ်နဲ့တွဲချည်တာ၊ ခြေထောက်အတွက် ခြေနှစ်ဖက် ပူးချည်တာတွေ လုပ်ပေးနိုင်ပါတယ်။
လည်ပင်းရိုး၊ ကျောရိုး၊ ခါးရိုး ကျိုးခြင်း
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့အထိ အန္တရာယ်ကြီးတယ်လို့ အရိုးအထူးကုဆရာဝန်တွေက သတိပေးပြောဆိုကြပါတယ်။
လည်ပင်း၊ ကျောနဲ့ ခါးရိုးတွေ ကျိုးတာတွေကို ဖြစ်လာရင် သိဖို့လွယ်ပါတယ်။ လည်ပင်းရိုးနောက်ထဲ၊ ကျောရိုး၊ ခါးရိုးနောက်ထဲ လက်နဲ့ အပေါ်အောက် အနည်းငယ်ဖိစမ်းကြည့်ရင် အလွန်နာကျင်တာ တွေ့ရမှာပါ။ နောက်ကျောရိုးထဲမှာ ရှိနေတဲ့ အာရုံကြောကြီးတွေ သေတဲ့အထိ မဖြစ်ရအောင် လူနာကို ဆေးရုံပို့ဖို့ မ,ရွှေ့ ရာမှာ အထူးဂရုစိုက် လုပ်ပေးဖို့ အရေးကြီးပါတယ်။ လူ (၄) ဦးကနေ ခေါင်း၊ ပခုံးလက်ပြင်ရိုးနေရာ၊ တင်ပါးခွင်ရိုးနေရာတွေနဲ့ ခြေထောက်တွေကနေ တပြိုင်နက် ဖြောင့်တန်းနေအောင် မဖို့ လိုပါတယ်။ အရေးပေါ် ဆေးရုံကားထဲမှာလည်း အဲဒီလို တဖြောင့်ထဲ ဖြစ်နေအောင်ထိန်းပြီး မနိုင်တဲ့ အထောက်အကူပစ္စည်းတွေ ရှိထားသင့်ပါတယ်။
ဆေးရုံမရောက်မီ အရေးပေါ် ပြုစုကုသမှုများ
ဆေးရုံမရောက်မီ အရေးပေါ် ပြုစုကုသမှုအကြောင်း မြန်မာလူထုအကြား ဗဟုသုတနည်းတာကြောင့် အသက်ဆုံးရှုံးမှုတွေ များစွာကြုံနေရတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။
အခုလို အသက်ကယ်ရာမှာ အသိသင့်ဆုံး တချက်ကတော့ သတိလစ်နေတဲ့ အရေးပေါ်လူနာကို ပက်လက်အနေအထားနဲ့ မသယ်ဘဲ ဘေးနည်းနည်းစောင်း မှောက်လျက် အနေအထားနဲ့ သယ်သင့်တယ်လို့ ပညာရှင်တွေက အကြံပြုပါတယ်။ ဘေးနည်းနည်းစောင်း မှောက်လျက်အနေအထားနဲ့ သယ်ရတာက အသက်ရှုလမ်းကြောင်း မပိတ်မိဘဲ ပွင့်နေအောင် လုပ်ပေးတာ ဖြစ်ပါတယ်။
ဆေးရုံမရောက်မီ အရေးပေါ်ပြုစုကုသမှုမှာ လူနာကိုဖြစ်တဲ့နေရာမှာ အသက်ရှုမှန်မမှန်၊ သတိရမရ နဲ့ နှလုံးခုန်မှန်မမှန် စစ်ဆေးပြုစုပေးတာအပြင်၊ ထိရောက်တဲ့ အရေးပေါ်လူနာတင်ကား ရရှိမှုကလည်း အရေးကြီးပါတယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ နှလုံးခုန်ရပ်သွားခဲ့ရင် လည်ပင်းနဲ့လက်က သွေးခုန်နှုန်း (Pulse) ရှာမတွေ့တော့ဘဲ လူနာဖြူဖျော့ပြီး၊ ခြေဖျားလက်ဖျားတွေ အေးလာနိုင်ပါတယ်။ ဒီအဆင့်ရောက်သွားရင် နှလုံးပြန်ခုန်အောင် ရင်ဘတ် ရင်ညွှန့်ရိုးအပေါ် လက်ဖဝါးနှစ်ခုထပ်ပြီး လက်မကွေးပဲ လက်ဖနောင့်နဲ့ ဖိနှိုးရတဲ့ Cardiac Massage နည်းကို လူအများ သိပြီး၊ လုပ်တတ်ဖို့လည်း အရေးကြီးပါတယ်။ဒါ့အပြင် ထိရောက်တဲ့ အရေးပေါ်လူနာတင်ကားအချိန်မှီရဖို့ ဆိုရာမှာ၊ ကားပေါ်မှာ အရေးပေါ်အသက်ကယ် ပစ္စည်းကရိယာတွေ တပ်ဆင်ထားတာအပြင် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်သုံးနိုင်သူ သူနာပြုတွေလည်း ပါလာဖို့ အထူးအရေးကြီးပါတယ်။
ထိခိုက်ဒဏ်ရာတွေအတွက် အရေးပေါ် ပြုစုကုသရာမှာ သွေးတိတ်အောင် မလုပ်နိုင်တာကြောင့် မလိုအပ်ဘဲ လူနာသေဆုံးမှုတွေ ကြုံနေရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ သွေးတိတ်အောင် သွေးထွက်တဲ့နေရာ တည့်တည့်ကို ဖိအားပြင်းပြင်းပေးတာအပြင်၊ ခြေလက်ဒဏ်ရာတွေအတွက် တော်နစ်ကေး (Tourniquet) သွေးတိတ်ကြိုးကို လက်မောင်းရင်း (သို့) ပေါင်ရင်းမှာ စည်းကြပ်ပေးဖို့ လိုပါတယ်။သွေးတိတ်ကြိုးဒဏ်ကို လူနာပြင်းပြင်းထန်ထန် မခံစားရအောင် တောက်လျှောက်စည်းမထားဘဲ၊ (၁၅) မိနစ် (သို့) မိနစ် (၃၀) တကြိမ် ပြန်ဖြေလျော့ပေးဖို့ လိုပါတယ်။ သွေးပြန်ပန်းထွက်ရင်တောင်မှ ဖြေလျော့ပေးဖို့ အရေးကြီးပါတယ်။
တရုတ်ထိပ်တန်း အကြီးအကဲဟောင်းကို တသက်တကျွန်း အပြစ်ပေး
တရုတ်နိုင်ငံ လုံခြုံရေးဆိုင်ရာအကြီးအကဲဟောင်း Zhou Yongkang ကို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် တသက်တကျွန်းချလိုက်ပါတယ်။ ဒါဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ဆောင်မှုတွေထဲမှာ အာဏာအရှိဆုံး အရာရှိကြီးတဦးကို အရေးယူလိုက်တာလို့ တရုတ်အစိုးရ ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။
အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့ Zhou က သူ့မှာ အပြစ်ရှိကြောင်း ဝန်ခံပြီး အယူခံ ဝင်မှာလည်း မဟုတ်ကြောင်း ဒီကနေ့ထုတ် ဆင်ဟွာ သတင်းမှာ ဖေါ်ပြပါတယ်။ သူ့အမှုကို တရုတ်နိုင်ငံမြောက်ပိုင်း Tianjin မြို့မှာ လျှို့ဝှက် တံခါးပိတ် စစ်ဆေးခဲ့တာပါ။
သူ့ကို အာဏာ အလွဲသုံးစား လုပ်မှု၊ နိုင်ငံ့လျှို့ဝှက်ချက် ပေါက်ကြားစေမှု၊ လာဒ်ယူမှုတွေနဲ့ ပြီးခဲ့တဲ့ လထဲမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ ကြာသပတေးနေ့ အခုလို သတင်းမှာ မကြေညာခင်အထိ သူ့အမှုကို ဘယ်နေရာမှာ ဘယ်နေ့ စစ်ဆေးမယ် ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။
Tianjin မြူနီစပယ် တရားရုံး အမှတ် ၁ ကနေ သူ့ကို တသက်တာ နိုင်ငံရေးလုပ်ခွင့် ပိတ်လိုက်တဲ့အပြင် သူ့ရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ထိန်းချုပ်လိုက်တယ်လို့ ဆင်ဟွာသတင်း မှာ ဖြစ်စဉ် အကျဉ်းကို အင်္ဂလိပ်ဘာသာနဲ့ ဖေါ်ပြထားပါတယ်။ Zhou ကို အခုလို အပြစ်ပေးလိုက်တာဟာ နှစ်ပေါင်း ၃၀ ကျော်ကာလ အတွင်း ကွန်မြူနစ်ပါတီက ထိပ်တန်းရာထူးရထားတဲ့ တရုတ်အရာရှိတဦးကို အရေးယူခဲ့တာ ဖြစ်ပါတယ်။
တချိန်က ရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းရဲ့ အကြီးအကဲတာဝန် ထမ်းဆောင်ရင်း သြဇာတဖြေးဖြေး ကြီးလာတာနဲ့အမျှ ကြွယ်ဝလာတဲ့ Zhou ဟာ တရုတ်နိုင်ငံမှာ အာဏာအရှိဆုံး ပေါလစ်ဗျူရိုရဲ့အဖွဲ့ဝင်တဦး ဖြစ်လာခဲ့တာပါ။
MERS ရောဂါစိုးရိမ်ချက်ကြောင့် တောင်ကိုရီးယားသမ္မတ ခရီးစဉ်ရွှေ့ဆိုင်း
အရှေ့အလယ်ပိုင်းဒေသ အသက်ရှုလမ်းကြောင်းဆိုင်ရာ MERS ကူးစက်မြန်ရောဂါ ပျံ့နှံ့မှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ တောင်ကိုရီးယားသမ္မတ Park Geun-hye ဟာ ရှေ့သီတင်းပတ် အမေရိကန် ပြည်ထောင်စုကိုသွားမယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အမေရိကန်သမ္မတ Barack Obama နဲ့ တွေ့ဆုံမယ့် ခရီးစဉ်ကို ပြန်စီစဉ်မယ်လို့လည်း သမ္မတရုံးက ပြောဆိုခဲ့တာပါ။
MERS ရောဂါကြောင့် နောက်ထပ် လူ ၂ ဦး သေဆုံးကြောင်း ဒီကနေ့ ထပ်မံအတည်ပြု ကြေညာခဲ့တဲ့အတွက် အခုဆိုရင်သေဆုံးသူ စုစုပေါင်းဟာ ၉ ယောက်အထိ ရှိသွားပါပြီ။ သေဆုံးသွားသူ ၂ ဦးဟာ အသက် ၆၀ ကျော်နဲ့ ၇၀ ကျော် အရွယ်တွေ ဖြစ်ကြပြီး ကျန်းမာရေးပြဿနာအခံ ရှိသူတွေ ဖြစ်တယ်လို့လည်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
ရောဂါကူးစက်ခံရသူ ၁၃ ဦး ထပ်မံတွေ့ရှိကြောင်း ကြေညာခဲ့တဲ့အတွက် စုစုပေါင်း လူနာအရေအတွက်ဟာလည်း ၁၀၈ ယောက်အထိ ရှိသွားပါပြီ။ ကူးစက်မှုတွေ အားလုံးကတော့ ဆေးရုံတွေမှာသာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ကြတာပါ။
မကြာသေးခင်က တောင်ကိုရီးယားကို ခရီးသွားပြီး ပြန်ရောက်လာသူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦး ဖျားနာပြီး၊ နှာစေးနေတဲ့အတွက် ဆေးရုံကို အပြေးအလွှားပို့ပေးခဲ့ရတဲ့ ဟောင်ကောင်ကျွန်းက စတော့ဈေးကွက်မှာတော့ ဒီကနေ့ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပြီး အစုရှယ်ယာဈေးတွေလည်း ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
ဟောင်ကောင်အာဏာပိုင်တွေကတော့ တောင်ကိုရီးယားကို ခရီးသွားမယ့်သူတွေအတွက် ဒီသီတင်းပတ်ထဲမှာပဲ သတိပေးချက် ထုတ်ပြန်ထားတာပါ။ ဒေသတွင်းက တခြားနိုင်ငံတွေမှာလည်း တောင်ကိုရီးယားကို ခရီးသွားမယ့်သူတွေအတွက် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြသလို၊ တုပ်ကွေးရောဂါ လက္ခဏာမျိုးတွေကို သတိထား စောင့်ကြည့်ကြဖို့လည်း ညွှန်ကြားထားပါတယ်။
မဲဆွယ် စည်းရုံးမှု ဆိုင်ရာ နိုင်ငံရေးပါတီများ ကျင့်ဝတ် သဘောတူညီမှု ရရှိ
ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုမှာ နိုင်ငံရေး ပါတီတွေကြား တန်းတူ အခွင့်အရေး ရရှိရေး၊ ဘာသာရေးကို နိုင်ငံရေး အကျိုး အမြတ်အတွက် အသုံးမပြုရေး အပါအ၀င် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ လိုက်နာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို နိုင်ငံရေး ပါတီတွေကြား သဘောတူညီချက် ရရှိသွားပြီ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီတွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လိုက်နာဖို့ ပျက်ကွက်ရင်လည်း နိုင်ငံရေး ပါတီတွေက တညီတညွတ်တည်း ကန့်ကွက် ရှုတ်ချ သွားဖို့ကိုလည်း သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ လူအင်အား ငွေအင်အား မတူညီတဲ့ နိုင်ငံရေး ပါတီတွေကြား အခု သဘော တူညီချက်က ဘယ်လောက် ထိရောက်မှု ရှိနိုင်လဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီးက ဦးဆောင်ပြီး မြန်မာနိုင်ငံ တွင်းက နိုင်ငံရေးပါတီ အားလုံးတို့ ၄ လနီးပါး ဆွေးနွေးခဲ့ကြတဲ့ ရွေးကောက်ပွဲ မှာ နိုင်ငံရေး ပါတီများ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို ဒီကနေ့မှာ အပြီးသတ် သဘောတူ လိုက်ကြပြီ ဖြစ်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ပြောဆို ထားတဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမှာ အင်အားကြီး နိုင်ငံရေး ပါတီကြီးတွေနဲ့ အင်အားနည်းတဲ့ နိုင်ငံရေး ပါတီကြီးတွေကြား မဲဆွယ်စည်းရုံးခွင့် တန်းတူ ရရှိရေး အတွက် လက်ရှိ မှတ်ပုံတင် ထားတဲ့ နိုင်ငံရေး ပါတီတွေကြား တသဘောတည်း ရှိကြတယ် လို့လည်း ဆွေးနွေးခဲ့ကြတဲ့ လုပ်ငန်းအဖွဲ့ဝင် ကိုမျိုးရန်နောင်သိန်းက ပြော ပါတယ်။
"မဲဆွယ်စည်းရုံးရေးသွားတဲ့အခါမှာ လေယာဉ်နဲ့သွားရင်တောင် စင်းလုံးဌား လေယာဉ်စီးခွင့်မရှိဘူး။ ရဟတ်ယာဉ်တွေ စီးခွင့်မရှိဘူး။ ဒါမျိုးတွေကအစ ကန့်သတ်ထားပါတယ်။ ဒါတွေကို ပါတီတွေ လိုက်နာမလား။ မလိုက်နာဘူးလား ဆိုတာတော့ သူတို့အပေါ် မူတည်တယ်ပေါ့။ အားလုံးကတော့ ကော်မာရှယ်ဖလိုက် လို့ခေါ်တဲ့ အများသုံးလေယာဉ်နဲ့ပဲ စီးမယ်။ ဒါမျိုးတွေ ပြောထားတာ ရှိတယ်။
ဘာသာရေးကို နိုင်ငံရေးအရ အသုံးမပြုရဆို တာကိုတော့ တော်တော်လေး ကို ပြင်းပြင်းထန်ထန် ပြောထားတာရှိတယ်။ ဒါပေမဲ့လည်းပဲ နယ်တွေမှာကျတော့ ဘာသာရေးအဆောက်အဦးတွေ ကို Public Hearing ဆိုတဲ့ လူထု အစည်းအဝေးတွေမှာ သုံးရလေ့ရှိတော့ အဲ့ဒီ့ကိစ္စမှာတော့ ကျနော်တို့က ဘာသာရေး အဆောက်အဦးမှာ ဝတ်ပြုတဲ့ နေရာကလွဲပြီးတော့ ကျန်တဲ့နေရာ အများပြည်သူ သုံးတဲ့နေရာတွေမှာ အများပြည်သူ စုဝေးတဲ့နေရာတွေမှာ ပါတီစည်းရုံးပွဲတွေ လုပ်ဖို့အတွက် ခွင့်ပြုထားတယ်။ အရေးကြီးဆုံးအချက်ထဲမှာဆိုရင်တော့ ကိုယ်နဲ့ လယ်ဗယ်တူ ကစားကွက်ရှိအောင် လုပ်ထားတယ်။ ပြီးတော့ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချအောင် တားဆီးထားတာရှိတယ်။"
နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေကြား ၄ လနီးပါး အကြိတ်အနယ် ဆွေးနွေး ခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြ တာမှာတော့ အင်အားကြီး လက်ရှိ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်က ကိုယ်စားလှယ် လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် တကယ်တန်း ရွေးကောက်ပွဲမှာ သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်လာရတဲ့ အချိန်မှာ လက်ရှိ အာဏာရ အင်အားကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေး ပါတီတွေ အနေနဲ့ အခု သဘောတူထားတဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်း လိုက်နာဖို့ ပျက်ကွက်ရင်တော့ တနည်းတဖုံ အရေးယူနိုင်အောင်လည်း စီစဉ်ထားတယ်လို့ NLD ပါတီရဲ့ ကိုယ်စားလှယ် အဖြစ်ရော အခု လိုက်နာရမယ့် ကျင့်ဝတ်တွေ ချမှတ်ရေး လုပ်ငန်းအဖွဲ့မှာပါ ပါဝင်ခဲ့သူ ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။
"လိုက်နာမလားဆိုတဲ့မေးခွန်းကတော့ ပါတီတခုရဲ့ဂုဏ်သိက္ခာနဲ့ ပဲ ဆိုင်ပါတယ်။ ပါတီတွေ အားလုံးက ဒီဟာကို သဘောတူပြီး ဆွဲခဲ့ကြတယ်။ အဖွဲ့ချုပ်အပါအဝင် အားလုံးကလိုက်နာဖို့ အရမ်းအရေးကြီးပါတယ်။ ဒါကို လိုက်နာလား မလိုက်နာဘူးလားဆိုတာ စောင့်ကြည့်ဖို့အတွက်ကို ပုံစံတခု တည်ဆောက်ဖို့ အတွက် ပြောထားတာ ရှိပါတယ်။ အဲ့တာက Fllow up နောက်ထပ် ဆက်လုပ်မယ့် အစီအစဉ်ပါ။ အင်ဒိုနီးရှားဥပမာကို ကြည့်ပြီးတော့မှ ကျနော်တို့က မလိုက်နာဘူးဆိုရင် အပြစ်တော့ေ်ပးလို့မရဘူးပေါ့။ ဘယ်လိုရှုတ်ချမလဲ ဒါမျိုးတွေ လုပ်ဖို့ရှိပါတယ်။ "
အခု နိုင်ငံရေး ပါတီတွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကိုတော့ နီပေါလ်နိုင်ငံက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဟောင်းက နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးသလို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က ဥပဒေနဲ့ ညီညွတ်မှု ရှိမရှိ စိစစ်ပေးခဲ့တာပါ။ သဘောတူထားတဲ့ နိုင်ငံရေး ပါတီတွေကြား စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်တွေကိုတော့ ဒီလတတိယပတ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ပါတီတို့က ခေါင်းဆောင်တွေ သဘောတူ လက်မှတ်ရေးထိုးကြဖို့ရှိပြီး သမ္မတ ဦးသိန်းစိန်၊ ရွေးကောက်ပွဲ ကော်မရှင်တို့ကိုလည်း ဖိတ်ကြားဖို့ စီစဉ်ထားပါတယ်။
တရုတ်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူ ထားသူ တရုတ်သမ္မတ ရှီကျင့်ပင် (Xi Jinping) နဲ့ တွေ့ဆုံပြီး တရုတ် မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ရေရှည် တည်တံ့စေရေး အလေးထား ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်ရဲ့ စီးပွားရေးနဲ့ မြန်မာနဲ့ ဆက်ဆံရေးတို့ အပေါ်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် ခရီးစဉ်က အထောက်အကူ ဖြစ်မယ်လို့လည်း တရုတ် နိုင်ငံတွင်း မျှော်လင့်ချက်တွေ ရှိနေကြပါတယ်။
တရုတ်နိုင်ငံကို ၅ ရက်ကြာ ခရီးစဉ် ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ တရုတ်သမ္မတ ရှီကျင့်ပင် တို့ ဘေဂျင်းမြို့တော် က ပြည်သူ့ခန်းမကြီးမှာ ကြာသပတေးနေ့ နေ့ခင်းပိုင်း မှာ တွေ့ဆုံခဲ့ကြပါတယ်။
အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ မြန်မာတို့ သံတမန် ဆက်ဆံရေး စတင် ထူထောင်ခဲ့တာ ၆၅ နှစ်တိုင် ခဲ့သည့်တိုင် နှစ်နိုင်ငံကြား ရင်းနှီးမှုဟာ မပြောင်းလဲဘဲ ပူးပေါင်းဆောင်ရွက်မှုတွေကနေ အကျိုးအမြတ်တွေလည်း ခံစားခဲ့ကြ ရပြီး ဖြစ်ပြီးနှစ်နိုင်ငံကြား တည်ရှိနေတဲ့ ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆက်လက် တည်တံ့ သွားစေချင်တဲ့ အကြောင်း တရုတ်သမ္မတ က ဒေါ်အောင်ဆန်းစုကြည်ကိုပြောဆိုခဲ့ပါတယ်။
မြန်မာပြည်တွင်း အခြေအနေတွေ ဘယ်လိုဘဲ အပြောင်းအလဲတွေ ရှိပါစေ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးကို မြန်မာဘက်က အစဉ်တစိုက် ထိန်းသိမ်းဆောင်ရွက်မယ်လို့ တရုတ်ဘက်က မျှော်လင့် ယုံကြည်ထားတဲ့ အကြောင်းလည်း ပြောဆိုပြီး တရုတ်ဘက်ကတော့ မြန်မာနိုင်ငံနဲ့ ဗျူဟာမြောက် ရေရှည် ဆက်ဆံရေးကို အမြဲရှေးရှု ဆောင်ရွက်နေတဲ့ အကြောင်းလည်း တရုတ် သမ္မတက ပြောဆိုခဲ့ပါတယ်။
တရုတ် ကွန်မြူနစ် ပါတီ နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတို့ကြားမှာ လည်း အမြင်ချင်း ဖလှယ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ မြန်မြန် ဆန်ဆန် တိုးတက် လာခဲ့ပြီး အခု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရုတ်နိုင်ငံ ကို ရောက်ရှိ လာခဲ့တဲ့ အပေါ် တရုတ်နိုင်ငံနဲ့ တရုတ် ကွန်မြူနစ် ပါတီတို့ အပေါ် ပိုပြီး နက်နက် ရှိုင်းရှိုင်း နားလည်လာပြီး နှစ်နိုင်ငံ အကြား၊ ပါတီ နှစ်ရပ် အကြား ဆက်ဆံရေးပိုပြီး ခိုင်မာလာဖို့လည်း သူ့အနေနဲ့ မျှော်လင့်ပါကြောင်း တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ အထွေထွေ အတွင်းရေးမှူး သမ္မတ ရှီကျင့်ပင်က ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါတီနှစ်ရပ်ကြား နဲ့ နှစ်နိုင်ငံ ပြည်သူတွေကြား ဆက်ဆံရေး ပိုပြီး ခိုင်မာလာရေး အတွက် ရှေ့တိုး ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တဲ့ အကြောင်း တုန့်ပြန်ပြောဆိုခဲ့တယ်လို့ တရုတ် နိုင်ငံပိုင် သတင်းဌာန CCTV က ဖော်ပြပါတယ်။
ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံကို ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့မှာ တရုတ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး အဖြစ် တာဝန်ယူထားတဲ့ တရုတ် သမ္မတ ရှိကျင့်ပင်နဲ့ တွေ့ဆုံပြီး နောက်ထပ်လည်း ပါတီနဲ့ နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ဟောင်းလီက ပြောဆိုခဲ့ပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန အကြီးအကဲ Wang Jiarui နဲ့ မနေ့က တွေ့ဆုံပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ NLD ပါတီကြား ဆက်ဆံရေး ပိုမို နက်ရှိုင်းလာစေရေး နှစ်ဘက်တို့ အမြင်တွေကို ဖလှယ်ခဲ့ကြတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ် အပေါ်မှာ တရုတ်ပြည်သူတွေကြား မှာလည်း မျှော်လင့်ချက်တွေ ရှိနေတယ်လို့ ဗမာပြည် ကွန်မြူနစ်ပါတီက ဖိုးသံချောင်းက ပြောပါတယ်။
" တရုတ်ပြည်တွင်းက သတင်းတွေထဲမှာတော့ ဒီခရီးဟာ ထူးခြားတယ်ပေါ့လေ။ တရုတ်ပြည်ရဲ့ ဗမာပြည်ထဲမှာ စီးပွားရေး လုပ်ငန်း အပါအဝင် တခြား တရုတ်ပြည်နဲ့ ဗမာပြည်သူတွေရဲ့နီးစပ်အောင် ချဉ်းကပ်တဲ့နေရာတွေမှာ အထောက်အကူဖြစ် လိမ့်မယ်လို့ သူတို့က ယူဆကြပါတယ်။"
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် ခရီးစဉ်ကြောင့်တော့ မြန်မာပြည်သူတွေ အတွက် အကျိုးအမြတ် ရှိမရှိ ဆိုတာကိုတော့ စောင့်ကြည့်ဖို့ လိုသေးတယ်လို့လည်း ဖိုးသံချောင်းက ရှုမြင်ပါတယ်။
"ကျနော့်အမြင်ကတော့ ဒီဟာက တရုတ်ပါတီအနေနဲ့ ဗမာပြည်ထဲမှာ သူ့ရဲ့ပုံရိပ်ကောင်းအောင် ကြိုးစားမှု တခုလို့ပဲထင်ပါတယ်။ ဗမာပြည်သူတွေအတွက် ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံ အတွက် ထူးခြားတဲ့ သက်ရောက်မှုရှိမလားလို့ ဆိုတော့ ကျနော်ထင်တယ် သိပ်များများစားစား မရှိနိုင်ဘူးလို့ ထင်တယ်။ စောင့်ကြည့်ကြသေးတာပေါ့လို့ပဲ ကျနော်ကတော့ ပြောချင်တယ်။"
မြန်မာနိုင်ငံတွင်းက တရုတ်တို့ရဲ့ ဖွံ့ဖြိုးရေး စီမံကိန်း တချို့ ဆိုင်းငံ့ခံထားရတဲ့ အခြေအနေ၊ နောက် တရုတ်နယ်စပ်ဒေသ တလျှောက် မြန်မာဘက်ခြမ်းမှာ စစ်ရေး တင်းမာနေချိန်နဲ့ ဒီနှစ် နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ပြောဆို ထားတဲ့ ရွေးကောက်ပွဲ နီးလာချိန်မှာ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို တရုတ်ပြည်သူ့ကွန်မြူနစ် ပါတီက ဖိတ်ခေါ်တွေ့ဆုံခဲ့တဲ့ အပေါ် ကမ္ဘာတ၀န်းမှာ အတော်လေး စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ ၅ ရက်ကြာ ခရီးစဉ် အတွင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဦးဖြိုးဇေယျာသော်တို့ လိုက်ပါသွားကြပါတယ်။
မြန်မာနယ်စပ်တွင် အိန္ဒိယ လုံခြုံရေး အထူး တင်းကြပ်
အိန္ဒိယ-မြန်မာနယ်စပ် ဒေသမှာ အိန္ဒိယအစိုးရက ခွဲထွက်ရေး သူပုန်တွေ အပေါ် အထူး ထိုးစစ်ဆင်မှုတရပ် ဆင်နွှဲခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ နယ်စပ်ဒေသမှာ လုံခြုံရေးကို တင်းကျပ် ဆောင်ရွက်နေတယ်လို့ အိန္ဒိယ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အကြမ်းဖက် လှုပ်ရှားမှုတွေကို အချိန်မရွေး ကြုံရနိုင်တဲ့အတွက် ကြိုတင် ကာကွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရိုက်တာ သတင်းတပုဒ်ကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပါမယ်။
အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ခွဲထွက်ရေး သူပုန်အဖွဲ့တွေကို အိန္ဒိယအစိုးရက အထူး ကွန်မန်ဒို တပ်ဖွဲ့တွေက အထူးစစ်ဆင်ရေးတရပ် ဆင်နွှဲခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ အနောက်ဘန်ဂေါ ပြည်နယ်မှာလည်း လုံခြုံရေး အထူး တင်းကျပ် ထားတယ် လို့ ဒေသဆိုင်ရာ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ Siliguri မြို့က မီးရထားဘူတာရုံနဲ့ အနီးတ၀ိုက်ဒေသတွေမှာ လုံခြုံရေးအရာရှိတွေက လိုက်လံ စောင့်ကြည့်တာ၊ ခရီးသွားတွေကို မှတ်ပုံတင်လက်မှတ် စစ်တာ၊ အနံ့ခံခွေးတွေနဲ့ ခရီးဆောင်အိပ်တွေကို အနံ့ခံစစ်ဆေးတာ အပါအ၀င် လုံခြုံရေးအတွက် အထူး တင်းကျပ် ဆောင်ရွက်နေတယ်လို့ဒေသဆိုင်ရာ လုံခြုံရေးကော်မရှင် အကြီးတန်း M.D Saquib က ပြောပါတယ်။
“လုံခြုံရေးနဲ့ ပတ်သက်လာရင် ကျနော်တို့ ဘာကိုမှ အလျော့မပေးနိုင်ပါဘူး။ အထူးသဖြင့် ခရီးသွားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လာရင် ဒါက ကျနော်တို့အတွက် အရေးကြီးဆုံး ကိစ္စပါ။ ”
မီးရထားဘူတာရုံမှာ စောင့်ကြည့် ကင်မရာတွေ တပ်ဆင်ပြီး ဘူတာရုံတ၀ိုက် သံသယဖြစ်စရာ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြတာပါ။ သူတို့အနေနဲ့ အခုလို လုပ်ဆောင်တာဟာ အကြမ်းဖက်တိုက်ခိုက်နိုင်တဲ့ တိတိကျကျ သတင်းတခုခု ရထားလို့ မဟုတ်ဘဲ ကြိုတင်ကာကွယ်တဲ့သဘော ဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်က ခွဲထွက်ရေး သူပုန်တွေအပေါ် အိန္ဒိယအစိုးရက အထူး စစ်ဆင်ရေး ဆင်နွှဲ ခဲ့ပြီးတဲ့နောက် လုံခြုံရေးကို ပိုပြီးတော့ စစ်ဆေး တင်းကျပ်ဖို့ လိုအပ်တာကြောင့် ခုလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့လည်း M.D Saquib က ပြောပါတယ်။
“ထူးထူးခြားခြား ခြိမ်းခြောက်ခံထားရတဲ့ အခြေအနေတော့ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ နယ်စပ်ဒေသတွေနဲ့ ထိစပ်နေတဲ့ နေရာမှာ အချိန်မရွေး တခုခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတိရှိနေဖို့ လိုပါတယ်။ ဒီအတွက် ကျနော်တို့ လုံခြုံရေးကို အထူးသတိထား စောင့်ကြည့်နေတာ ဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကပဲ အိန္ဒိယ အထူးကွန်မန်ဒို တပ်ဖွဲ့တွေဟာ အိန္ဒိယမြန်မာနယ်စပ်က နာဂ ခွဲထွက်ရေး သူပုန်တွေကို ချေမှုန်းတဲ့ အထူးစစ်ဆင်ရေး တရပ် ဆင်နွှဲခဲ့ပြီး သူပုန်အဖွဲ့ဝင် အများအပြား ကို ချေမှုန်းနိုင်ခဲ့တယ်လို့လည်း အိန္ဒိယ အရာရှိတွေက ပြောဆိုထားပါတယ်။
ဒီ စစ်ဆင်မှုတွင်း မြန်မာနယ်မြေ ပိုင်နက်ထဲအထိ ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့အကြောင်းနဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အိန္ဒိယအစိုးရအနေနဲ့ သည်းခံမှာမဟုတ်ဘူး ဆိုတာ ပြသခြင်း ဖြစ်တယ်လို့လည်း အိန္ဒိယ အစိုးရ အရာရှိတွေက ပြောဆိုထားတာပါ။
သူပုန်တွေကို မြန်မာ့ပိုင်နက်ထဲအထိ ၀င်ရောက် ချေမှုန်းခဲ့တယ် ဆိုတဲ့ အပေါ်မှာ မြန်မာအစိုးရ ဘက်တော့ တရားဝင် တုံ့ပြန် ပြောဆိုတာ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး နဲ့ မြန်မာနိုင်ငံခြားရေး ဌာနက အကြီးတန်း တာန်ဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပေမဲ့ အသေးစိတ် ထုတ်ပြန် ကြေညာခြင်းတော့ မရှိပါဘူး။
အိန္ဒိယ-မြန်မာနယ်စပ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ နာဂသူပုန်အဖွဲ့ကြီး ၂ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ NSCN – Kaplang အဖွဲ့က အိန္ဒိယစစ်တပ် စခန်းတွေကို ဇွန်လ ၄ ရက်နေ့က ၀င်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒါကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယစစ်တပ်က ခုလို ပြန်လည်း အထူးစစ်ဆင်ရေးတရပ် ပြုလုပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယစစ်ဘက် ပြောခွင့်ရက ပြောပါတယ်။
အိန္ဒိယ အငယ်တန်း ပြန်ကြားရေးဝန်ကြီး Rajyavardhan Singh Rathore - ရတ်သောရီ) ကတော့ အိန္ဒိယနဲ့ မြန်မာအစိုးရကြား တဘက်နိုင်ငံတွင်းမှာ ရှိနေတဲ့ လက်နက်ကိုင် သူပုန်အဖွဲ့တွေကို ၀င်ရောက် တိုက်ခိုက်ခွင့် ရှိတယ်ဆိုတဲ့ အခြေခံ သဘောတူညီချက် ရယူထားတာ ရှိတယ်လို့ ပြောပါတယ်။ နယ်စပ်ဒေသ သူပုန်အဖွဲ့ ချေမှုန်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ပဲ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေကို ဆွေးနွေးဖို့အတွက် အိန္ဒိယ အမျိုးသား လုံခြုံရေးအကြံပေး Ajit Doval ဟာလည်း မြန်မာနိုင်ငံကို သိပ်မကြာခင်မှာ သွားရောက်ဖို့ ရှိနေပါတယ်ရှင်။
IS နဲ့ သွားရောက် ပူးပေါင်းခြင်းသည် ခေတ် သစ် နိုင်ငံတော် သစ္စာဖောက်မှု
IS အစ္စလာမ်စစ်သွေးကြွအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ သြစတြေးလျ ၀န်ကြီးချုပ် Tony Abbot က ကြာသပတေးနေ့မှာ သတိပေးပြီး ဒီအဖွဲ့ရဲ့ အစွန်းရောက် ၀ါဒဆိုင်ရာ စွဲဆောင်ချက်တွေကို တိုက်ဖျက်ဖို့ ပိုလုပ်ရမယ် လို့ ပြောပါ တယ်။ ဆစ်ဒ်နီမြို့မှာကျင်းပတဲ့ ဒေသဆိုင်ရာ ညီလာခံတခုဖွင့်ပွဲမှာ မစ္စတာ Abbott က အဲဒီလိုပြောတာပါ။
အကြမ်းဖက်ဝါဒဆိုင်ရာ ၀ါဒ ဖြန့်ချိချက်တွေ ဖြန့်ဝေတာကို တန်ပြန်ဖို့နဲ့ တားဆီးဖို့ ပိုပြီး တညီတညွတ်ထဲရှိတဲ့ အစီအစဉ်တရပ်ကို အစိုးရတွေချမှတ်နိုင်ရေး အထောက်အကူဖြစ်စေဖို့ အဲဒီညီလာခံကို ရည်ရွယ်ကျင်းပတာပါ။
ပြည်ပကအကြမ်းဖက်အဖွဲ့တွေနဲ့ သွားပေါင်းတဲ့ သြစတြေးလျနိုင်ငံသားတွေအပေါ် ပိုပြီး အပြင်းအထန် အရေးယူလုပ်ဆောင်ဖို့ သြစတြေးလျအနေနဲ့ နည်းလမ်းရှာနေ တယ်လို့ ၀န်ကြီးချုပ်ကပြောပါတယ်။ အဲဒီလုပ်ရပ်ဟာ ခေတ်သစ် နိုင်ငံတော် ပုန်ကန်မှု ဖြစ်တယ်လို့ သူက သုံးနှုန်း ပြောဆိုပါတယ်။
ဒါပေမဲ့ အကြမ်းဖက်ဝါဒကို ခုခံကာကွယ်ဖို့ တကယ်တမ်းထိရောက်တဲ့ တခုတည်းသောနည်းလမ်းက အဲဒီဝါဒဟာ အချည်းနှီး ဆိုတာကို လူတွေသိအောင် စည်းရုံးဆွဲဆောင်ဖို့ဖြစ်တယ်ဆိုတာတော့ သူက လက်ခံပြောဆိုပါတယ်။
နှစ်ရက်ကြာ အဲဒီညီလာခံမှာ နိုင်ငံ ၃၀ လောက်က တာဝန်ရှိသူတွေအပြင် Facebook, Twitter နဲ့ Google တို့လို့ နည်းပညာ ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ်တွေလဲ တက်ရောက်နေပါတယ်။
Subscribe to:
Posts (Atom)





























