Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Friday, June 12, 2015
ကိုယ်အလေးချိန် လျှော့ချဖို့ အတွက် လိုအပ်ချက် ၅ချက်
လူအများစုက သူတို့ဝိတ်လျှော့တဲ့အခါ တစ်နေ့ကို ဘာအစားတွေပဲ ရွေးချယ်ပြီ စားရမယ်ဆိုတာကို ညွှန်ပြပေးတဲ့ diet လုပ်နည်းကိုပဲ အသုံးပြုလေ့ရှိပါတယ်။ ဥပမာ၊ ညဘက်မှာ ဂေါ်ဖီထုပ်ပြုတ်လောက် စားတဲ့ diet နည်းလိုမျိုးပေါ့။ သို့ပေမယ့် ဒီလို diet လုပ်တဲ့အခါ အလုပ်ဖြစ်ရဲ့လားဆိုတာတော့ အလုပ်ဖြစ်ပါတယ်။ တကယ်လည်း အစားအသောက်တွေ ရွေးချယ်ပြီ စားရင် ၀ိတ်လျှော့ကျသွားပါတယ်။ သို့သော် ဒီလို ၀ိတ်လျှော့သွားသော်လည်း မည်သူမျှ dietကို အမြဲတစေမလုပ်နိုင်သည်မို့ ၀ိတ်ကျသွားသည်မှာလည်း ခဏတာပဲ ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် diet လုပ်နေသည်ကို ရပ်တန့်လိုက်တာနှင့် အရင်ကိုယ်အလေးချိန်ကို ပြန်ရောက်သွားပြန်ရော။
ကဲ၊ ဒီလိုဆို diet လုပ်လိုက် ၀ိတ်လျှော့လိုက်၊ ရပ်လိုက် ပြန်ဝလိုက် သံသယာတော့ လည်နေပြီ။ ဒါကြောင့် နောက်တစ်နည်းအနေနဲ့ Diet လိုခဏတာပဲ စားတဲ့နည်းမဟုတ်ပဲ၊ အမြဲလည်း စားလို့ရ၊ တကယ်လည်း ပိန်စေမယ့် နည်းရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ အစားအသောက်၊ အနေအထိုင် အလေ့အကျင့်ဟောင်းတွေကို ပြောင်းလည်းလိုက်တာနဲ့ ပိန်လည်းပိန်၊ ကျန်းမာရေးအတွက်လည်း ပိုကောင်းသွားမှာ သေချာပါတယ်။ ဥပမာ အရင်က မနက်စာကို မစားတဲ့သူက မနက်စာ များများ စားပေးရမယ်၊ အရင်က ညစာကို များများစားတတ်ရင် လျှော့စားရမယ်။ ဒီလို နေ့စဉ် လုပ်နေတဲ့ ကိုယ်ရဲ့ အလေ့အထဟောင်းတွေကိုပါ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အလေ့အထ အဖြစ် ပြင်ပေးရမှာပါ။ ဒီအတွက် အချက် (၅) ချက်ကို အကြံပေးချင်ပါတယ်။
(၁) လေ့ကျင့်ခန်း
လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ပိုနေတဲ့ ကယ်လိုရီတွေကို လောက်ကျွမ်းစေမှာ ဖြစ်သလို၊ သင့်ကြွက်သားတွေကိုလည်း ပိုပြီးသန်မာလာစေပါတယ်။ ထို့ကြောင့် အိမ်မှာပဲဖြစ်ဖြစ် တစ်နေ့ကို ၄၅မိနစ်၊ ၁နာရီ ပုံမှန် လမ်းလျှောက်ပေးရပါမယ်။ အရင်က အလုပ်သွားရင် ကားနဲ့သွားတာထက် လမ်းလျှောက်လို့ ရရင် လမ်းလျှောက်သွားမျိုး (သို့) စက်ဘီးစီးသွားတာမျိုးက သီးသန့် လေ့ကျင့်ခန်း လုပ်စရာ မလိုပဲ သင်ရဲ့ ခန္ဓာကိုယ် အချိုးကျ လှပပြီ ကျန်းမာရေးနဲ့လည်း ညီညွှတ်စေပါတယ်။
တကယ်လို့ ဒီထက် ပိုပြီး ကယ်လိုရီတွေ လောင်ကျွမ်းစေချင်ရင်တော့ ပိုပြီး ပြင်းထန်တဲ့ (သို့မဟုတ်) အင်အားသုံးပြီး လုပ်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေါ့။ ဒီလိုလေ့ကျင့်ခန်းမျိုးက သင့်ရဲ့ ကြွက်သားတွေကိုလည်း သန်မာလာစေမှာ ဖြစ်ပါတယ်။ သင့်မှာ တောင့်တင်းတဲ့ ကြွက်သားတွေ ရှိနေတာနဲ့ကို လေ့ကျင့်ခန်းလုပ်စရာ မလိုပဲ ကယ်လိုရီတွေကို အလိုလို လောက်ကျွမ်းစေမှာ ဖြစ်ပါတယ်။
(၂) ‘မော်နီတာ’ အချိန်ကို လျှော့ချပါ
အခုခေတ်မှာ လူတွေ ကိုယ်အလေးချိန်တက်လာတာရဲ့ အဓိက အချက်တခုကတော့ ‘မော်နီတာ’ အချိန်လို့ ခေါ်တဲ့ တီဗီကြည့်ချိန်၊ ကွန်ပြူတာ မော်နီတာ သုံးချိန်၊ ဂိမ်းဆော့ချိန်တွေ များနေတဲ့အတွက် သာမန်ကိုယ်လက်လှုပ်ရှားမှု နည်းသွားတဲ့အတွက် ကိုယ်အလေးချိန်တက်လာတော့ တာပါပဲ။ ဒါကြောင့် အပန်းဖြေဖို့ ဒီလို တီဗီကြည့်ချိန်၊ အင်တာနက်ကြည့်ချိန်၊ ဂိမ်းဆော့ချိန်တွေကို တနေ့ နှစ်နာရီ ထက်လျှော့ချသင့်ပါတယ်။ တကယ်လို့ သင့်သူငယ်ချင်းတွေနဲ့ ရှော့ပင်းမောတွေမှာ အချိန်ဖြုန်းတာဟာ အင်တာနက်ပေါ်မှာ ချက်တင်နဲ့ ပြောတာထက် ကိုယ်လက်လှုပ်ရှားမှု ပိုဖြစ်စေပါတယ်။
(၃) တစ်ပန်းကန်ထဲ ပုံစားတတ်ရင် ဂရုစိုက်ပါ
တကယ်လို့ သင်ဟာ တပန်းကန်ထဲကို ဟင်းတွေ ထမင်းတွေ တခါထဲ ထည့်ပြီး ‘ပုံ’စားမယ်ဆိုရင် သာမန်ထက် ပိုထည့်မိတတ်တာကြောင့် သတိထားပေးပါ။ ဒီလို ပိုစားမိတဲ့ ကယ်လိုရီတွေကလည်း သင့်ကို ပိုဝစေပါတယ်။ စားသောက်ဆိုင်တွေမှာစာတဲ့ ဟင်းပွဲတွေမှာ သာမန်ထက် ပိုပြီး ထည့်ထားတတ်တာမို့၊ တယောက်ထဲစားတာထက် တပွဲကို နှစ်ယောက်လောက် ခွဲစားသင့်ပါတယ်။ ထို့ပြင် စားသောက်ဆိုင်သွားရင် ဆိုဒါလို၊ အချိုရည်လို ဝစေတဲ့ အချိုရည်တွေကို မှာသောက်မယ့်အစား ရေသန့် သို့မဟုတ် အချိုလျှော့ထားတဲ့ နွားနို့လိုမျိုးကိုပဲ မှာသောက်သင့်ပါတယ်။
(၄) နေ့စဉ် အသီးအနှံ များများစားပါ
အသီးအနှံတွေစားတာဟာ ဗီတာမင်ဓာတ်ရဖို့ တင်မကပါဘူး။ အသီးအနှံတိုင်းမှာ ဖိုင်ဘာ လို့ခေါ်တဲ့ အမျှင်ဓာတ်တွေ အများကြီးပါပါတယ်။ ဒီအမျှင်ဓာတ်တွေက သင့်ကို ဗိုက်ပြည့်စေပြီး၊ ဝလာမှာတော့ မဟုတ်ပါဘူး။ ဒီလို အမျှင်ဓာတ်များတဲ့ အသီးအနှံတွေကို ဗိုက်အပြည့်စားထားရင် ကယ်လိုရီဓာတ်များတဲ့ အာလူးကြော်လို၊ ကွတ်ကီးလိုမျိုးတွေကို သိပ်မစားဖြစ်တော့ဘူးပေါ့။
(၅) မနက်စာကို မစားပဲ မနေပါနဲ့
မနက်စာဟာ သင့်ရဲ့ တနေ့တာ ဇီဝကမ္မဖြစ်စဉ်ကို စတင် စက်နှိုးပေးလိုက်သလိုပါပဲ။ ဇီဝကမ္မဖြစ်စဉ်ဟာ သင့်ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေသလို တစ်နေ့တာ အလုပ်လုပ်ဖို့ ခွန်အားတွေ ဖြစ်စေပါတယ်။ မနက်စာ မစားမိတဲ့ လူတွေဟာ နေ့လည်နဲ့ ညဖက်တွေမှာ ဗိုက်ပိုဆာစေလို့၊ သာမန်ထက် ပိုစားမိတတ်ပါတယ်။ ဒါကြောင့် မနက်စာ စားတဲ့သူတွေနဲ့ယှဉ်ရင် မနက်စာကို ပုံမှန် မစားတဲ့သူတွေက ကယ်လိုရီပမာဏ ပိုများပါတယ်။
Labels:
ကျန်းမာရေး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment