Popular Posts

Friday, June 12, 2015

Petr Cech ကို အာစင်နယ်ကစားသမား ၁ ယောက်ယောက် နဲ့ လဲဖို့ Mourinho စီစဉ်

Home / featured / Petr Cech ကို အာစင်နယ်ကစားသမား ၁ ယောက်ယောက် နဲ့ လဲဖို့ Mourinho စီစဉ် Petr Cech ကို အာစင်နယ်ကစားသမား ၁ ယောက်ယောက် နဲ့ လဲဖို့ Mourinho စီစဉ် Staff Writer Thursday, June 11, 2015 featured
ချဲလ်ဆီး အသင်းရဲ့ မန်နေဂျာ Jose Mourinho ဟာ အသင်းရဲ့ ဂန္တ၀င် ဂိုးသမား Petr Cech ကို အာစင်နယ်အသင်းသို့ ပြောင်းရွှေ့ဖို့ခွင့်ပြုမှာ ဖြစ်ပေမယ့် အာစင်နယ် အသင်းရဲ့ ကစားသမားတစ်ယောက်နဲ့ ပြန်လဲမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ပထမအသင်းလူစာရင်းမှာ ၁၁ နှစ်တိတိ ကစားပြီးတဲ့နောက် ဂိုးသမား Petr Cech ဟာ စတန်းဖို့ဒ် ဘရစ်ခ်ျ အသင်းကို စွန့်ခွာတော့ မှာ ဖြစ်ပါတယ်။ ဒီလို ထွက်ခွာဖို့ကိုလည်း အသင်းရဲ့ ပိုင်ရှင်ဖြစ်သူ Abramovich ကလည်း သဘောတူ ခွင့်ပြုထားပါတယ်။ "Petr Cech ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတိုင်းအတွက်ပါ။ အဲဒီကလပ်မှာလည်း ကျွန်တော် သဘောကျတဲ့ ကစားသမားကို ပြန်ရှာနိုင်ပါတယ်" လို့ Mourinho ကဆိုပါတယ်။ လက်ရှိမှာ Mourinho က အာစင်နယ် အသင်းနဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့ ကျန်နေတဲ့ Theo Walcott နဲ့ Alex Oxlade-Chamberlain ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အာစင်နယ် အသင်းကသာ Petr Cech ကိုခေါ်မယ်ဆိုရင်တော့ Mourinho က ထို ကစားသမား ၂ ယောက်ထဲက တစ်ယောက်ယောက်နဲ့ လဲမှာ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ Petr Cech ဟာ သူ့ရဲ့ ပထမအသင်း ဂိုးသမားနေရာကို အသက် ၂၃ နှစ်အရွယ် Thibaut Courtois နဲ့ အစားထိုးခံလိုက်ရညီ့းတဲ့နောက်မှာ အသင်းက ထွက်ခွာဖို့ စတင် စဉ်းစားခဲ့ပြီး Arsene Wenger ကလည်း Petr Cech ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ Petr Cech ဟာ ချဲလ်ဆီး အသင်းအတွက် ၄၉၄ ပွဲတိတိ ကစားပေးခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ၊ ချန်ပီယံလိဂ် ၁ ကြိမ် ၊ Europa League ၁ ကြိမ် ၊ FA ဖလား ၄ ကြိမ် နဲ့ လိဂ်ဖလား ၃ ကြိမ်တို့ကို ရယူနိုင်ခဲ့ဖူးပါတယ်။

No comments:

Post a Comment