Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Sunday, June 7, 2015
တရုတ်နယ်စပ် စစ်ရေးလေ့ကျင့်ချိန် ကိုးကန့်တိုက်ပွဲပြန်ဖြစ်
တရုတ်-မြန်မာနယ်စပ်အနီး တရုတ်တပ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန်မှာပဲ ဒီကနေ့ ကိုးကန့်ဒေသ မြောက်ပိုင်းနဲ့ လောက်ကိုင်ဒေသဘက်မှာ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲပြင်းပြင်းထန်ဖြစ်ပွားနေပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံဘက်မှာ ဝပြည်တပ်မတော်ဘက် မြန်မာစစ်တပ်ကို ဝိုင်းထားဆဲဖြစ်တဲ့အတွက် ဝ တောင်ပိုင်းဒေသမှာ စစ်ရေးတင်းမာမှု အရှိန်မြင့်နေဆဲဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဒီနှစ်ဆန်းပိုင်းကစလို့ မြန်မာတပ်နဲ့ကိုးကန့်တပ်ကြား နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် တရုတ်ပိုင်နက်နယ်မြေထဲအထိ လက်နက်ကြီးတွေ ဗုံးဆံတွေ ကျခဲ့လို့ တရုတ်နိုင်ငံသားအချို့သေဆုံးခဲ့ရသလို နယ်စပ်လုံခြုံရေး ထိခိုက်ခဲ့ရတဲ့အတွက် တရုတ်အစိုးရဘက်က မြန်မာ အစိုးရကို သတိပေးမှုတွေ လုပ်ပြီးနောက်ပိုင်း တရုတ်မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ ဒေသတွင်းမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA) ရဲ့ ဝေဟင်နဲ့ မြေပြင် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ဒီသီတင်းပတ်ထဲ စတင်လေ့ကျင့်နေချိန်ဖြစ်ပါတယ်။ ဒီလိုကျည်အစစ်တွေနဲ့ တရုတ်ဘက်မှာ စစ်ရေး လေ့ကျင့်နေချိန်မှာပဲ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်တဲ့ ကိုးကန့်ဒေသထဲမှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ကြား လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတယ်လို့ ကိုးကန့်တပ်ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။
“တနေ့တုန်းကနဲ့ ဒီနေ့ကတော့ မုန်အိုင်ဘက်မှာလို့ ပြောတယ်။ မုန်အိုင်တို့၊ မောဆတ်တို့ဘက်မှာ။ သူတို့က ကျနော်တို့ရဲ့တပ်စခန်းတွေကို လာပြီးတော့ ထိုးစစ်ဆင်တာပေါ့။ မောထိုင်းရဲ့တောင်ဘက်ပိုင်းဖြစ်မယ်ပေါ့နော။ ဒီတော့ လောင်ပေါက်ချိုက်ဆိုတာ ဟိုးတလောတုန်းကလည်း တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့ နေရာတွေမှာပေါ့။ လက်နက်ကြီးနဲ့ပစ်တာများပါတယ်။ ပြီးတော့ ထိုးစစ်ဆင်တာကတော့ မြေပြင် ကြည်းတပ်ကတော့ ထိုးပါတယ်။ အခု လတ်တလော ကတော့ ထိုးစစ်ဆင်ရင် တိုက်ပွဲဖြစ်တယ်။ ထိုးစစ်မဆင်ရင် တိုက်ပွဲမဖြစ်ပါဘူး။”
စစ်မီးမငြိမ်းနိုင်သေးတဲ့ ကိုးကန့်ဒေသထဲက စစ်ရေးပဋိပက္ခတွေကြောင့် ကိုးကန့်ဒေသခံတွေဟာ စစ်ဘေးဒဏ်လွတ်ရာ တရုတ်-မြန်မာနယ်စပ်ဘက်ကို မိမိတို့ရဲ့ နေရပ်ရင်းတွေကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ အနေအထားမှာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိဖို့နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ မြန်မာ တပ်ဘက်က ထိုးစစ်ဆင်မှုတွေကို ရပ်ဖို့ လိုပါတယ်လို့ ကိုးကန့်တပ်ဘက်က ပြောပါတယ်။
“ဒုက္ခသည်တွေကတော့ ကျနော်သိတာကတော့ တရုတ်ပြည်ဘက်ကရှိတဲ့ Red Cross ကနေပြီးတော့ ကြက်ခြေနီကနေပြီးတော့ တာဝန်ယူပြီးတော့ စွမ်းဆောင်ပေးတာပေါ့ဗျာ။ ကျနော်တို့က အိမ်မှာနေနေတဲ့လူတွေပါ။ တပ်မတော်ပေါ်မှာ မူတည်ပါတယ်ခင်ဗျ။ သူတို့ရဲ့ စစ်ရေးပြင်ဆင်ခြင်းကို ထောက်ကြည့်ရင်တော့ သူတို့ တောက်လျှောက်လည်း လူအင်အားတွေ၊ ပြီးတော့ လက်နက်အင်အားတွေ ဆက်လက် ဖြည့်နေတုန်းပါ။ အဲဒီတော့ ဒီဥစ္စာကို သုံးသပ်ရင်တော့ တိုက်ပွဲအခြေအနေကတော့ ပြင်းထန်ဖို့ပဲ ရှိမှာပါ။ NCA ကို ကျနော်ပြောသလိုပါပဲ။ ကျနော်တို့ရဲ့မူနဲ့ကိုက်ညီရင်တော့ ကျနော်တို့ထိုးဖို့ အဆင်သင့်ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာတခုရှိတာကတော့ တဘက်ကနေပြီးတော့မှ အသိအမှတ်ပြုမှ ထိုးဖြစ်မှာပေါ့။”
အခုလိုကိုးကန့်ဒေသထဲမှာ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်ကြား နှစ်ဘက်ရင်ဆိုင် တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ နယ်ထဲမှာ သစ်ခိုးထုတ်သူတွေကို ဖမ်းဆီးမှုနဲ့ မြန်မာစစ်တပ်ကို ဝပြည်တပ်မတော် (UWSA) ဘက်က ဝိုင်းထားတဲ့ စစ်ရေးတင်းမာမှုက အရှိန်မြင့်နေဆဲ ဖြစ်ပါတယ်။ ဝတပ်နဲ့ မြန်မာစစ်တပ်ကြား အပြန်အလှန်နေရာယူထားဆဲအနေအထားနဲ့ ဒီအခြေအနေအပေါ် ဒေသတွင်းပြည်သူတွေ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ပြောခွင့်ရ ဦးအောင်မြင့်က အခုလိုပြောပါတယ်။
“ဒီကိစ္စမျိုးဟာဆိုလို့ရှိရင်ပေါ့နော၊ ကျနော်တို့သိပါတယ်။ ဖြေရှင်းတာမသင့်လို့၊ ဖြေရှင်းတာမကောင်းလို့ရှိရင် ဘာပြဿနာတက်လာနိုင်လဲဆိုတာ။ ဒါပေမယ့် ကျနော်တို့ ပြေပြေလည်လည်ဖြေရှင်းနိုင်ဖို့ ကျနော်တို့ စိတ်ဆန္ဒရှိပါတယ်။ ပြည်သူတွေစိုးရိမ်တာကတော့ ဒါက ဓမ္မတာပဲလေ။ ထိတွေ့မှုဖြစ်လာလို့၊ တိုက်ခိုက်မှုဖြစ်လာလို့ ဖြစ်တဲ့နေရာလေးမှာပဲ ပြဿနာတက်မှာမဟုတ်ဘူးလေ။ ကိုးကန့်မှာဖြစ်နေတဲ့ကိစ္စကလည်း ပြည်သူတွေ တော်တော်လေးကို ထိခိုက်ဒဏ်ရာရမှုတွေ ရှိပါတယ်။ တော်တော်လေး စိုးရိမ်ကြောင့်ကြမှု ရှိတယ်။ နေထိုင်မှုဘဝအားလုံး ပျက်စီးသွားတာရှိပါတယ်။ ကျနော်တို့အားလုံး နားလည်သဘေပေါက်ပါတယ်။ ဒါကြောင့်မို့ ဒီလိုမဖြစ်အောင် ကျနော်တို့ကလည်း ဒီဆန္ဒနဲ့ ဒီကိစ္စလေးတွေ ပြေပြေလည်လည်ဖြစ်အောင် ဆွေးနွေးသွားမယ်ဆိုတဲ့ဆန္ဒသဘောက ရှိပါတယ်။”
ကိုးကန့်နဲ့ ဝဒေသဘက်မှာ အခုလို စစ်ရေးတင်းမာမှုတွေရှိနေသလို တအာင်းတပ်မတော်နဲ့ မြန်မာစစ်တပ်ကြားမှာလည်း ဒီကနေ့ ဇွန်လ ၆ ရက်နေ့မှာ တအာင်းတပ်မဟာ (၅) နယ်မြေထဲကို တပ်မတော်ဘက်က ထိုးစစ်ဆင်ခဲ့တဲ့အတွက်ကွတ်ခိုင်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အခုလိုတိုင်းရင်းဒေသအချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာပဲ ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် လောခီးလာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ် အပြီးသတ် ချုပ်ဆိုနိုင်ဖို့နဲ့ ပြည်တွင်းစစ် ငြိမ်းနိုင်ရေး ငြိမ်းချမ်းရေး ဘယ်လို ဖော်ဆောင်နိုင်မလဲဆိုတာကို တိုင်းရင်းသားခေါင်းဆောင်တွေကြား အကြိတ်အနယ် ဆွေးနွေးအဖြေရှာနေကြဆဲ ဖြစ်ပါတယ်။
Cyber လုံခြုံရေး ကန်-တရုတ်ဆက်ဆံရေး ထိခိုက်ဖွယ်ရှိနေ
ဒီလနှောင်းပိုင်းကျင်းပဖို့ရှိတဲ့ အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေးမှာ ဆိုင်ဘာလုံခြုံရေးကိစ္စဟာ အဓိကဆွေးနွေးမယ့် အကြောင်းအရာဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြကြပါတယ်။ အမေရိကန်အစိုးရဝန်ထမ်း သန်းပေါင်းများစွာရဲ့ ကိုယ်ရေးအချက်အလက်တွေကို အင်တာနက်ကနေ ခိုးယူခဲ့တဲ့ကိစ္စနဲ့ အဲဒီလုပ်ရပ်ဟာ တရုတ်ပြည်ကနေ အခြေခံဖွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဒီကိစ္စ ထိပ်တန်းရောက်လာတာပါ။
ဝန်ထမ်းရေးရာရုံးရဲ့ ကွန်ပြူတာစနစ်ကို ထွင်းဖောက်ဝင်ရောက်ခံရတယ်ဆိုတာကို သမ္မတအိုဘားမားအစိုးရက ကြာသပတေးနေ့မှာ ထုတ်ပြန်တာပါ။ လက်ရှိနဲ့အရင်က အစိုးရဝန်ထမ်းပေါင်း ၄ သန်းလောက်ထိရဲ့ ကိုယ်ရေးမှတ်တမ်းတွေ ထိခိုက်ဖွယ်ရှိတယ်လို့ အစိုးရကပြောထားပါတယ်။
တရုတ်ပြည်မှာအခြေခံတဲ့ ခြိမ်းခြောက်မှုကို စုံစမ်းစစ်ဆေးသူတွေ သတိထားမိကြတယ်လို့ သမ္မတအိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က သောကြာနေ့မှာ ပြောပါတယ်။ ဒီလိုစွပ်စွဲချက်တွေဟာ တာဝန်မဲ့ပြောဆိုချက်တွေဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Hong Lei က တုံ့ပြန်ပြောဆို ပြီး တရုတ်နိုင်ငံဟာလည်း ဆိုင်ဘာတိုက်ခိုက်မှုခံရတဲ့ နိုင်ငံတခုဖြစ်တယ်လို့ဆိုပါတယ်။
တရုတ်အစိုးရကိုယ်တိုင် နောက်ကွယ်က ပါဝင်ဖွယ်ရှိတယ်ဆိုတာအပါအဝင် တိုက်ခိုက်မှုမှာ တရုတ်ရဲ့အခန်းကဏ္ဍပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံဆက်ဆံရေး နောက်ထပ် အဆင်မပြေဖြစ်ဖွယ် ရှိနေပါတယ်။
UEFA Champions league Final မှာ Barcelona ဗိုလ်စွဲ
ဂျာမနီနိုင်ငံမှာ စနေနေ့က ကစားခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘာစီလိုနာအသင်းက ဂျူဗင်တပ်စ်အသင်းကို အနိုင်ရပြီး ဥရောပချန်ပီယံ ဖြစ်သွားပါတယ်။ ဒီပွဲကိုနိုင်လိုက်တဲ့အတွက် ဘာစီလိုနာအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ဖလား ၃ လုံးရသွားပြီး ဥရောပဖလားကိုလည်း ၅ ကြိမ် မြောက် ဗိုလ်စွဲသွားပြီဖြစ်ပါတယ်။ ဒီပွဲအခြေအနေအပြည့်အစုံ သုံးသပ်ချက်ကို ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
၂၀၁၄-၂၀၁၅ ဥရောပချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာတော့ ဘာစီလိုနာအသင်းက အနိုင်ရပြီးချန်ပီယံဖြစ်သွားပါတယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကစားခဲ့တာမှာ စပိန်က ဘာစီလိုနာက အီတလီက ဂျူဗင်တပ်အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားခဲ့တာပါ။
ဘာစီလိုနာအတွက် ဂိုးတွေကိုတော့ ရာကီတစ်ခ်ျ၊ ဆွာရက်စ်နဲ့ နေမားတို့က သွင်းခဲ့ပြီး ဂျူဗင်တပ်စ်အတွက် ဂိုးကိုတော့ မိုရာတာက သွင်းယူခဲ့တာပါ။
ပွဲစစချင်းမှာ ဂျူဗင်တပ်စ်က ဘာစီလိုနာဘက်ကို ခြိမ်းခြောက်ခဲ့ပေမယ့် ပထမပိုင်း ၃ မိနစ်မှာ ဘာစီလိုနာအသင်းက ရာကီတစ်ခ်ျက သွင်းခဲ့တာကြောင့် ဘာစီလိုနာအသင်းရှေ့က ဦးဆောင်ခဲ့ပါတယ်။
ဒါကို ဂျူဗင်တပ်အသင်းက မိုရာတာက ဒုတိယပိုင်း ၁၀ မိနစ်မှာ ပြန်သွင်းခဲ့လို့ ၁ ဂိုးစီ သရေ ပြန်ဖြစ်ခဲ့ ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ဘာစီလိုနာ အသင်းကို ကြံ့ကြံ့ခံပြီး အနိုင်ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ၆၈ မိနစ်မှာ ဘာစီလိုနာက မက်ဆီ ကန်သွင်းလို့ ပြန်ထွက်လာတာကို ဆွာရက်စ် ပိတ်သွင်းလို့ ဒုတိယဂိုး ရသွားခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးမရဘဲ ပွဲပြီးဖို့စက္ကန့်ပိုင်းအလိုမှာ ဘာစီလိုနာအတွက် နောက်ဆုံးပွဲသိမ်းဂိုးကို နေမာက ကန်သွင်းခဲ့လို့ နောက်ဆုံးမှာ ဘာစီလိုနာအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဥရောပ ဖလားကို ၅ ကြိမ်မြောက် ဗိုလ်စွဲသွားပါတယ်။
ဘာစီလိုနာအသင်းဟာ စပိန်အမှတ်ပေးဖလား၊ စပိန်ရှုံးထွက်ဖလားတွေကိုလည်း ရထားပြီး ဒီပွဲနိုင်လိုက်တာကြောင့် ဒီနှစ်ဘောလုံးရာသီမှာ Treble လို့ ခေါ်တဲ့ ဖလား ၃ လုံးကို ဒုတိယအကြိမ်မြောက်ရသွားခဲ့ပါတယ်။ ဘာစီလိုနာ နိုင်လိုက်တဲ့အတွက်လည်း အသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ ရှာဗီလည်း ဘာစီလိုနာအသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ဒီပွဲအနိုင်ရသွားတာနဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်းအတွက် ဒုတိယဂိုးသွင်းပေးခဲ့တဲ့ လူးဝစ္စဆွာရက်စ်ပြောတာကတော့ -
“မယုံနိုင်လောက်အောင်ပါပဲ၊ ဒါက အိပ်မက်တွေတကယ်ဖြစ်လာတာဖြစ်ပြီး ဘာနဲ့မှ မတူပါဘူး။ ဒီလိုပြိုင်ပွဲမျိုးကို အနိုင်ရဖို့အတွက် အရမ်းကို ဒုက္ခတွေခံပြီး ခက်ခက်ခဲခဲ ပေးဆပ်ခဲ့ရ၊ လုပ်ခဲ့ရတာပါ။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ တန်ဖိုးရှိမှာမဟုတ်ပါဘူး။ ဒီနေ့ အနိုင်ရဖို့ ကျနော်တို့ အတော်လေး ခက်ခက်ခဲခဲ လုပ်ခဲ့ရတာပါ။”
ဒီပွဲမှာ ၃ ဂိုးသွင်းခဲ့လိုက်ရတဲ့ ဂျူဗင်တပ်အသင်းရဲ့ ဝါရင့်ဂိုးသမားကြီး ဂျီဂျီဘူဖွန်ကတော့ သူတို့နိုင်မယ်လို့ ယုံကြည်ထားခဲ့ပေမယ့် ပိုကောင်းတဲ့အသင်း အနိုင်ရသွားတာပါလို့ ပြောပါတယ်။
“ဒီပွဲကို အနိုင်ရဖို့ အခွင့်အလမ်းရှိတယ်လို့ ကျနော်တို့ အမှန်တကယ်ယုံကြည်ခဲ့တာပါ။ ဒါပေမဲ့ ကျနော်တို့ နိုင်အောင် မကန်နိုင်ခဲ့ပါဘူး။ ပိုကောင်းတဲ့ အသင်းက အနိုင်ရသွားတာပါ။ ဘောလုံးမှာ ဒီလိုပိုကောင်းတဲ့ အသင်းက အမြဲတမ်း အနိုင်မရတတ်ပေမယ့် ဒီနေ့တော့ ပိုကောင်းတဲ့အသင်း အနိုင်ရသွားတာပါ။”
ဂျူဗင်တပ်ဂိုးသမား ဘူဖွန်ဟာ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်တုန်းကလည်း ဂျူဗင်တပ်အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ခဲ့ပြီး အဲဒီတုန်းကလည်း အေစီမီလန်ကို ပယ်နယ်တီနဲ့ ရှုံးခဲ့တဲ့အတွက် ဒါဟာ သူ့အတွက် ဒုတိယအကြိမ် ဥရောပဖလားနဲ့ လွဲတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်း အနိုင်ရသွားတဲ့ အပေါ်မှာ World Football ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုဇော်မျိုးသန့် သုံးသပ်တာကတော့-
Xavi HernandezXavi Hernandez
“ပွဲတပွဲလုံးခြုံပြီး သုံးသပ်မယ်ဆိုရင်တော့ ဘာစီလိုနာကပဲ အဘက်ဘက် အသာစီးရခဲ့ပါတယ်။ အထူးသဖြင့်တော့ တိုက်စစ်ပေါ့။ ဒီနှစ် ၂၀၁၅ ခုနှစ်မှာ အရမ်းကို နာမည်ကျော်နေတဲ့ နေမာ၊ ဆွာရက်စ်၊ နောက် ဇာဗီ (Xavi Hernandez) ပေါ့။ ဇာဗီရဲ့တွဲလုံးနဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုကို ယူဗန်တပ်နောက်တန်းက ပွဲစဉ်ပြည့် တောင့်မခံနိုင်တာက ….. ဒီပွဲမှာ အခုလို ယူဗန်တပ်စ် ဂိုးပြတ် ရှုံးသွားခဲ့တဲ့ အဓိက အကြောင်းရင်းလို့ ပြောရမှာပေါ့နော်။ ပြီးတော့ ဘာစီလိုနာရဲ့ အနိုင်ရမှုက တကယ့်ကို ထိုက်ထိုက်တန်တန် အနိုင်ရပြီးတော့ ၂၀၁၅ ခုနှစ်မှာတော့ ကလပ်အသင်းပြိုင်ပွဲတွေမှာ သူတို့လောက် ကောင်းတဲ့အသင်း မရှိဘူးလို့ သတ်မှတ်ရတော့မှာပေါ့နော်။”
ဒီပွဲရဲ့ အဖြေကို အဓိက ပြောင်းလဲသွားစေခဲ့တဲ့သူ၊ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားနဲ့ ပတ်သက်ပြီး ကိုဇော်မျိုးသန့်က သူ့အမြင်ကို အခုလို ပြောပါတယ်။
“ကျနော်ကတော့ အခုနကပြောခဲ့သလို အင်နီယက်စ်တာ (Anidre’s Iniesta) ပေါ့နော်၊ Iniesta က ကွင်းလယ်ကနေပြီး ဘောလုံးချိတ်ပေးတာ ကောင်းလွန်းအားကြီးလို့ ဒီပွဲမှာ ဘာစီလိုနာ အခုလို နိုင်သွားတယ်လို့ ကျနော်က သုံးသပ်ထားပါတယ်။ ဆိုတော့ Iniesta ကိုပဲ ကျနော်က အကောင်းဆုံး ဘောလုံးသမားတယောက်အဖြစ် ရွေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘာစီလိုနာအသင်း ရသွားတဲ့ဂိုးတွေမှာ သူ့ရဲ့ပါဝင်ပတ်သက်မှုက တော်တော်လေး ပါဝင်နေတယ်လေ။ ပထမဂိုးရော၊ ဒုတိယဂိုးရောပေါ့လေ။ ကျနော်ကတော့ သူ့ကိုပဲ ရွေးချင်ပါတယ်။”
ဂျူဗင်တပ်အသင်းဟာ ဒီပွဲရှုံးလိုက်တဲ့အတွက် ဖိုင်နယ် ၈ ကြိမ်တက်ခဲ့တာမှာ ၁၉၈၅ နဲ့ ၂၀၀၆ ခုနှစ် ၂ ကြိမ်ပဲ ဗိုလ်စွဲပြီး ၆ ကြိမ် ဒုတိယဆုနဲ့ ကျေနပ် ခဲ့ရတာပါ။ ဘာစီလိုနာအသင်းအတွက်တော့ ဒါဟာ ၆ နှစ်အတွင်း ဥရောပဖလား ၃ ကြိမ်ရတာဖြစ်ပြီး ၁၉၉၂ ၊ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ချန်ပီယံ ၅ ကြိမ်ရထားတာဖြစ်ပါတယ်။
NATO ကို ရုရှားတိုက်မည်မဟုတ်ဆို
မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) ကို ရုရှားနိုင်ငံက ရုတ်တရက် ဝင်တိုက်နိုင်တယ်လို့ စဉ်းစားတဲ့သူဟာ ရူးကြောင်ကြောင်လူတယောက်ပဲ ဖြစ်လိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အီတလီသတင်းစာတစောင်နဲ့ မကြာသေးခင်က မေးမြန်းခန်းတခုမှာ ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံနဲ့ ပဋိပက္ခဖြစ်နေတာကို ကာကွယ်ပြောဆိုရာမှာလည်း ရုရှားနိုင်ငံက လုပ်ခဲ့သမျှအားလုံးဟာ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန် ဆောင်ရွက်တာသာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့တာပါ။
တနင်္ဂနွေနေ့ကျရင် စက်မှုထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေ ဂျာမနီနိုင်ငံမှာ ထိပ်သီးညီလာခံ ကျင်းပတဲ့အခါမှာတော့ ရုရှားနိုင်ငံက ယူကရိန်းနဲ့ ပြဿ နာဖြစ်နေတာတွေကို ဆွေးနွေးကြဖို့ရှိသလို ပဋိပက္ခတွေ ကြီးထွားလာမယ်ဆိုရင်လည်း ရုရှားအပေါ် စီးပွားရေး ဒဏ်ခတ်မှုတွေ ပိုပြီးပြင်းပြင်းထန်ထန် ချမှတ်ဖို့ ဆွေးနွေးစဉ်းစားကြမယ့် အလားအလာတွေလည်း ရှိနေပါတယ်။
Subscribe to:
Posts (Atom)








