Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Sunday, June 7, 2015
UEFA Champions league Final မှာ Barcelona ဗိုလ်စွဲ
ဂျာမနီနိုင်ငံမှာ စနေနေ့က ကစားခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘာစီလိုနာအသင်းက ဂျူဗင်တပ်စ်အသင်းကို အနိုင်ရပြီး ဥရောပချန်ပီယံ ဖြစ်သွားပါတယ်။ ဒီပွဲကိုနိုင်လိုက်တဲ့အတွက် ဘာစီလိုနာအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ဖလား ၃ လုံးရသွားပြီး ဥရောပဖလားကိုလည်း ၅ ကြိမ် မြောက် ဗိုလ်စွဲသွားပြီဖြစ်ပါတယ်။ ဒီပွဲအခြေအနေအပြည့်အစုံ သုံးသပ်ချက်ကို ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
၂၀၁၄-၂၀၁၅ ဥရောပချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာတော့ ဘာစီလိုနာအသင်းက အနိုင်ရပြီးချန်ပီယံဖြစ်သွားပါတယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကစားခဲ့တာမှာ စပိန်က ဘာစီလိုနာက အီတလီက ဂျူဗင်တပ်အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားခဲ့တာပါ။
ဘာစီလိုနာအတွက် ဂိုးတွေကိုတော့ ရာကီတစ်ခ်ျ၊ ဆွာရက်စ်နဲ့ နေမားတို့က သွင်းခဲ့ပြီး ဂျူဗင်တပ်စ်အတွက် ဂိုးကိုတော့ မိုရာတာက သွင်းယူခဲ့တာပါ။
ပွဲစစချင်းမှာ ဂျူဗင်တပ်စ်က ဘာစီလိုနာဘက်ကို ခြိမ်းခြောက်ခဲ့ပေမယ့် ပထမပိုင်း ၃ မိနစ်မှာ ဘာစီလိုနာအသင်းက ရာကီတစ်ခ်ျက သွင်းခဲ့တာကြောင့် ဘာစီလိုနာအသင်းရှေ့က ဦးဆောင်ခဲ့ပါတယ်။
ဒါကို ဂျူဗင်တပ်အသင်းက မိုရာတာက ဒုတိယပိုင်း ၁၀ မိနစ်မှာ ပြန်သွင်းခဲ့လို့ ၁ ဂိုးစီ သရေ ပြန်ဖြစ်ခဲ့ ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ဘာစီလိုနာ အသင်းကို ကြံ့ကြံ့ခံပြီး အနိုင်ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ၆၈ မိနစ်မှာ ဘာစီလိုနာက မက်ဆီ ကန်သွင်းလို့ ပြန်ထွက်လာတာကို ဆွာရက်စ် ပိတ်သွင်းလို့ ဒုတိယဂိုး ရသွားခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးမရဘဲ ပွဲပြီးဖို့စက္ကန့်ပိုင်းအလိုမှာ ဘာစီလိုနာအတွက် နောက်ဆုံးပွဲသိမ်းဂိုးကို နေမာက ကန်သွင်းခဲ့လို့ နောက်ဆုံးမှာ ဘာစီလိုနာအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဥရောပ ဖလားကို ၅ ကြိမ်မြောက် ဗိုလ်စွဲသွားပါတယ်။
ဘာစီလိုနာအသင်းဟာ စပိန်အမှတ်ပေးဖလား၊ စပိန်ရှုံးထွက်ဖလားတွေကိုလည်း ရထားပြီး ဒီပွဲနိုင်လိုက်တာကြောင့် ဒီနှစ်ဘောလုံးရာသီမှာ Treble လို့ ခေါ်တဲ့ ဖလား ၃ လုံးကို ဒုတိယအကြိမ်မြောက်ရသွားခဲ့ပါတယ်။ ဘာစီလိုနာ နိုင်လိုက်တဲ့အတွက်လည်း အသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ ရှာဗီလည်း ဘာစီလိုနာအသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ဒီပွဲအနိုင်ရသွားတာနဲ့ ပတ်သက်ပြီး ဘာစီလိုနာအသင်းအတွက် ဒုတိယဂိုးသွင်းပေးခဲ့တဲ့ လူးဝစ္စဆွာရက်စ်ပြောတာကတော့ -
“မယုံနိုင်လောက်အောင်ပါပဲ၊ ဒါက အိပ်မက်တွေတကယ်ဖြစ်လာတာဖြစ်ပြီး ဘာနဲ့မှ မတူပါဘူး။ ဒီလိုပြိုင်ပွဲမျိုးကို အနိုင်ရဖို့အတွက် အရမ်းကို ဒုက္ခတွေခံပြီး ခက်ခက်ခဲခဲ ပေးဆပ်ခဲ့ရ၊ လုပ်ခဲ့ရတာပါ။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ တန်ဖိုးရှိမှာမဟုတ်ပါဘူး။ ဒီနေ့ အနိုင်ရဖို့ ကျနော်တို့ အတော်လေး ခက်ခက်ခဲခဲ လုပ်ခဲ့ရတာပါ။”
ဒီပွဲမှာ ၃ ဂိုးသွင်းခဲ့လိုက်ရတဲ့ ဂျူဗင်တပ်အသင်းရဲ့ ဝါရင့်ဂိုးသမားကြီး ဂျီဂျီဘူဖွန်ကတော့ သူတို့နိုင်မယ်လို့ ယုံကြည်ထားခဲ့ပေမယ့် ပိုကောင်းတဲ့အသင်း အနိုင်ရသွားတာပါလို့ ပြောပါတယ်။
“ဒီပွဲကို အနိုင်ရဖို့ အခွင့်အလမ်းရှိတယ်လို့ ကျနော်တို့ အမှန်တကယ်ယုံကြည်ခဲ့တာပါ။ ဒါပေမဲ့ ကျနော်တို့ နိုင်အောင် မကန်နိုင်ခဲ့ပါဘူး။ ပိုကောင်းတဲ့ အသင်းက အနိုင်ရသွားတာပါ။ ဘောလုံးမှာ ဒီလိုပိုကောင်းတဲ့ အသင်းက အမြဲတမ်း အနိုင်မရတတ်ပေမယ့် ဒီနေ့တော့ ပိုကောင်းတဲ့အသင်း အနိုင်ရသွားတာပါ။”
ဂျူဗင်တပ်ဂိုးသမား ဘူဖွန်ဟာ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်တုန်းကလည်း ဂျူဗင်တပ်အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ခဲ့ပြီး အဲဒီတုန်းကလည်း အေစီမီလန်ကို ပယ်နယ်တီနဲ့ ရှုံးခဲ့တဲ့အတွက် ဒါဟာ သူ့အတွက် ဒုတိယအကြိမ် ဥရောပဖလားနဲ့ လွဲတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်း အနိုင်ရသွားတဲ့ အပေါ်မှာ World Football ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုဇော်မျိုးသန့် သုံးသပ်တာကတော့-
Xavi HernandezXavi Hernandez
“ပွဲတပွဲလုံးခြုံပြီး သုံးသပ်မယ်ဆိုရင်တော့ ဘာစီလိုနာကပဲ အဘက်ဘက် အသာစီးရခဲ့ပါတယ်။ အထူးသဖြင့်တော့ တိုက်စစ်ပေါ့။ ဒီနှစ် ၂၀၁၅ ခုနှစ်မှာ အရမ်းကို နာမည်ကျော်နေတဲ့ နေမာ၊ ဆွာရက်စ်၊ နောက် ဇာဗီ (Xavi Hernandez) ပေါ့။ ဇာဗီရဲ့တွဲလုံးနဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုကို ယူဗန်တပ်နောက်တန်းက ပွဲစဉ်ပြည့် တောင့်မခံနိုင်တာက ….. ဒီပွဲမှာ အခုလို ယူဗန်တပ်စ် ဂိုးပြတ် ရှုံးသွားခဲ့တဲ့ အဓိက အကြောင်းရင်းလို့ ပြောရမှာပေါ့နော်။ ပြီးတော့ ဘာစီလိုနာရဲ့ အနိုင်ရမှုက တကယ့်ကို ထိုက်ထိုက်တန်တန် အနိုင်ရပြီးတော့ ၂၀၁၅ ခုနှစ်မှာတော့ ကလပ်အသင်းပြိုင်ပွဲတွေမှာ သူတို့လောက် ကောင်းတဲ့အသင်း မရှိဘူးလို့ သတ်မှတ်ရတော့မှာပေါ့နော်။”
ဒီပွဲရဲ့ အဖြေကို အဓိက ပြောင်းလဲသွားစေခဲ့တဲ့သူ၊ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားနဲ့ ပတ်သက်ပြီး ကိုဇော်မျိုးသန့်က သူ့အမြင်ကို အခုလို ပြောပါတယ်။
“ကျနော်ကတော့ အခုနကပြောခဲ့သလို အင်နီယက်စ်တာ (Anidre’s Iniesta) ပေါ့နော်၊ Iniesta က ကွင်းလယ်ကနေပြီး ဘောလုံးချိတ်ပေးတာ ကောင်းလွန်းအားကြီးလို့ ဒီပွဲမှာ ဘာစီလိုနာ အခုလို နိုင်သွားတယ်လို့ ကျနော်က သုံးသပ်ထားပါတယ်။ ဆိုတော့ Iniesta ကိုပဲ ကျနော်က အကောင်းဆုံး ဘောလုံးသမားတယောက်အဖြစ် ရွေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘာစီလိုနာအသင်း ရသွားတဲ့ဂိုးတွေမှာ သူ့ရဲ့ပါဝင်ပတ်သက်မှုက တော်တော်လေး ပါဝင်နေတယ်လေ။ ပထမဂိုးရော၊ ဒုတိယဂိုးရောပေါ့လေ။ ကျနော်ကတော့ သူ့ကိုပဲ ရွေးချင်ပါတယ်။”
ဂျူဗင်တပ်အသင်းဟာ ဒီပွဲရှုံးလိုက်တဲ့အတွက် ဖိုင်နယ် ၈ ကြိမ်တက်ခဲ့တာမှာ ၁၉၈၅ နဲ့ ၂၀၀၆ ခုနှစ် ၂ ကြိမ်ပဲ ဗိုလ်စွဲပြီး ၆ ကြိမ် ဒုတိယဆုနဲ့ ကျေနပ် ခဲ့ရတာပါ။ ဘာစီလိုနာအသင်းအတွက်တော့ ဒါဟာ ၆ နှစ်အတွင်း ဥရောပဖလား ၃ ကြိမ်ရတာဖြစ်ပြီး ၁၉၉၂ ၊ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ချန်ပီယံ ၅ ကြိမ်ရထားတာဖြစ်ပါတယ်။
Labels:
အားကစားသတင်းများ
Subscribe to:
Post Comments (Atom)




No comments:
Post a Comment