Popular Posts

Friday, June 12, 2015

တာရှည်ပင်ပန်းနေသူတို့အတွက်

ခံစားနေရတဲ့ တာရှည်ပင်ပန်းမှု ဝေဒနာသက်သာအောင် မိမိဘာသာပြောင်းလဲ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။ ၁။ စိတ်ဖိစီးမှုကို လျှော့ချပါ စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းရတဲ့ကိစ္စတွေကို ရှောင်ရှားနိုင်ဖို့ အစီအစဉ်တစ်ခု ချမှတ်ထားပါ။ နေ့တိုင်းစိတ်သက်သာရာရအောင် လုပ်ဆောင်နိုင်ဖို့ အချိန်ပေးပါ။ ၂။ အိပ်ရေးဝဝအိပ်ပါ အိပ်ရေးဝဝအိပ်တာဟာ တာရှည်ပင်ပန်းမှုမဖြစ်အောင် ကူညီနိုင်တဲ့ နည်းလမ်းကောင်းပါ။ အိပ်ချိန်အလုံအလောက်ရဖို့အပြင် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်တွေကို တိတိကျကျ သတ်မှတ်ထားပြီး အိပ်စက်တဲ့ အလေ့အထကို တည်ဆောက်လေ့ကျင့်ပါ။ ၃။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ လေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန် စတင်ပြုလုပ်ပြီး တဖြည်းဖြည်းနဲ့ တိုးမြှင့်ပြုလုပ်သွားပါ။ ပုံမှန်အားကစားလုပ်တာဟာ တာရှည်ပင်ပန်းနေတာကို ပြေပျောက်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းစတဲ့ လေ့ကျင့်ခန်းတွေနဲ့ အကြောဆန့် ထုတ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းစတဲ့ စိတ်အပန်းပြေ လေ့ကျင့်ခန်းတွေကို အဆင်ပြေသလို လုပ်ဆောင်ပေးပါ။ ၄။ ပုံမှန်ပဲ အလုပ်လုပ်ပါ တချို့နေ့တွေမှာ ခန္ဓာကိုယ်အင်အားနဲ့မမျှအောင် အလုပ်လုပ်တာမျိုးကို ရှောင်ပါ။ နေ့စဉ် ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ညီမျှတဲ့ အလုပ်ကိုသာ လုပ်ပါ။ ၅။ ကျန်းမာရေးနဲ့ အညီနေပါ ကောင်းမွန်တဲ့ အစားအသောက်စားပါ။ အရည်များများ သောက်ပါ။ ကဖင်းဓာတ်ပါတဲ့ အရည်ကို လျှော့သောက်ပါ။ ဆေးလိပ်မသောက်ပါနဲ့။ ပြည့်ပြည့်ဝဝအနားယူပါ။ ကိုယ်လက်လှုပ်ရှား အားကစားကို ပုံမှန်လုပ်ပါ။ ကိုယ်တကယ် ဝါသနာပါပြီး လုပ်ဆောင်ချင်တဲ့ ဝါသနာအတွက် အချိန်ပေးပါ။

No comments:

Post a Comment