Popular Posts

Friday, June 19, 2015

ရီးရဲ ပရိတ်သတ် တစ်ဝက်လောက်က C.Ronaldo ကို ရောင်းထုတ်ချင်နေ

ရီးရဲ မက်ဒရစ် အသင်းရဲ့ ပရိတ်သတ် တစ်ဝက်လောက်က Cristiano Ronaldo ကို ရောင်းထုတ်ချင်နေပါတယ်။ ဒါဟာ စပိန် ၀က်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ AS က ပြီးခဲ့တဲ့ အပတ်ကပဲ ပရိတ်သတ် ၃၁၄၇၄ ယောက်ကို မဲပေး ဆုံးဖြတ်စေခဲ့ရာမှာတော့ ၁၅၇၂၅ ယောက် (၄၉.၉၆ ရာခိုင်နှုန်း) က ပေါ်တူဂီ တိုက်စစ်မှုး C.Ronaldo ကို အသင်းက ထွက်ခွာသွားစေချင်နေကြပါတယ်။ အမှန်တစ်ကယ်ကတော့ Ronaldo ဟာ ၂၀၀၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကနေ ရီးရဲမက်ဒရစ် အသင်းသို့ ပြောင်းရွှေ့လာကတည်းက ဘာနေဗျူးကွင်းမှာ တာဝန်ကျေခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Ronaldo ဟာ အသင်းအတွက် ပွဲစဉ်ပေါင်း ၃၀၀ ကစားပြီးချိန်မှာ ၃၁၃ ဂိုးတိတိ သွင်းယူထားပြီးဖြစ်ပါတယ်။ မနှစ်ကလည်း Ronaldo ဟာ ၆၁ ဂိုး တိတိ သွင်းယူခဲ့ပြီး ထို ဂိုး အရေအတွက်တွေထဲက ၄၈ ဂိုးဟာ လာလီဂါပွဲစဉ် ၃၅ ပွဲ အတွင်း သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ Ronaldo ဟာ ကလပ်အသင်း မှာတင်မကပဲ နိုင်ငံ အသင်းမှာ လည်း ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ Euro 2016 ခြေစစ်ပွဲမှာလည်း အာမေနီးယား နဲ့ ပွဲစဉ်မှာ ပေါ်တူဂီ အသင်းအတွက် ဟက်ထရစ် ဂိုး သွင်းယူပြီး ၃ ဂိုး - ၂ ဂိုး နဲ့ အနိုင်ရစေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဥရောပ ပြိုင်ဘက် အသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းက Ronaldo အတွက် စတာလင်ပေါင် ၈၇ သန်း နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

No comments:

Post a Comment