Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Friday, June 19, 2015
ဘာကာ နောက်ခံလူ Martin Montoya ကို ခေါ်ယူဖို့ အာစင်နယ် စိတ်ဝင်စားနေ
အာစင်နယ် အသင်းဟာ ဘာစီလိုနာ အသင်းရဲ့ နောက်ခံလူ Martin Montoya ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အသက် ၂၄ နှစ်ရှိနေပြီဖြစ်တဲ့ ညာနောက်ခံ ကစားသမား Montoya ဟာ ပထမဦးစားပေး လူစာရင်းမှာ ကစားခွင့်ရမယ့် အခွင့်အရေးတွေ ဆုံးရှုံးလိုက်ရတဲ့နောက် နျူးကမ့် ကွင်း ကို စွန့်ခွာဖို့ ပြင်ဆင်နေပါတယ်။
စပိန်နိုင်ငံသား Montoya ရဲ့ ကိုယ်စားလှယ်ကလည်း ပရီးမီးယားလိဂ် အသင်းတစ်ချို့က Montoya ကို စိတ်ဝင်စားနေတယ်ဆိုတာ အတည်ပြုပေးခဲ့ပြီး Montoya ကိုယ်တိုင်ကလည်း အာစင်နယ် အသင်းက အခြေအနေတွေ စောင့်ကြည့်နေတယ်ဆိုတာကို ၀န်ခံထားပါတယ်။
"ကျွန်တော်ပြောနိုင်တာကတော့ Martin Montoya ကို အင်္ဂလန် ကလပ် အချို့ က အရမ်းစိတ်ဝင်စားနေတယ်ဆိုတာပါပဲ။ ဒါပေမယ့် အီတလီ နဲ့ ဂျာမနီ မှာရှိတဲ့ ကလပ်တစ်ချို့ကလည်း Montoya ကို စိတ်ဝင်စားနေပါသေးတယ်" လို့ Montoya ရဲ့ ကိုယ်စားလှယ်ဖြစ်သူ Juan de Dio Carrasco က ဆိုပါတယ်။
Montoya ကို စိတ်ဝင်စားနေတဲ့ ကလပ် အသင်းတွေရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသလို Montoya ရဲ့ အနာဂတ် အတွက် အကောင်းဆုံး ဖြစ်မယ့် အသင်း ကို ပြောင်းဖို့ စဉ်းစားသွားမှာ ဖြစ်တယ်လို့ Carrasco က ရှင်းပြခဲ့ပါတယ်။
၂၀၀၈ ခုနှစ်ကတည်းက ဘာစီလိုနာ B အသင်းမှာ စတင်ကစားခဲ့တဲ့ Montoya ဟာ ၂၀၁၀ ခုနှစ်မှာ ဘာစီလိုနာ အသင်းအတွက် စတင် ကစားခွင့်ရခဲ့ကာ ပွဲပေါင်း ၆၇ ပွဲ ကစားပေးခဲ့ပြီး ၂ ဂိုး သွင်းယူပေးခဲ့ဖူးတယ်လို့ သိရပါတယ်။
Labels:
အားကစားသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment