Popular Posts

Wednesday, June 17, 2015

ဟစ်တလာ ၀ှက်ထားခဲ့သည့် စတာလင်ပေါင် သန်း ၅၀ တန်ဖိုးရှိ လျှို့ဝှက်ရတနာသိုက် ၏ တည်နေရာကို တယောပြုလုပ်သူ တစ်ဦး ရှာဖွေတွေ့ရှိ

နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ ဝှက်ထားခဲ့သည့် စတာလင်ပေါင် သန်း ၅ဝ တန်ဖိုးရှိ လျှို့ဝှက် ရတနာသိုက် ၏ တည်နေရာကို နယ်သာလန် နိုင်ငံမှ တယော ပြုလုပ်သူ တစ်ဦးက ရှာဖွေတွေ့ရှိ ခဲ့ပြီ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံထုတ် သတင်းစာ တစ်စောင်တွင် ဖော်ပြထားသည်။ ဟစ်တလာ၏ ရတနာ ပစ္စည်းများ ဝှက်ထားသည့် နေရာကို ဖော်ပြထားသည့် စကားဝှက် ကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ အဆိုပါ စကားဝှက်ကို ဒုတိယ ကမ္ဘာစစ် ကာလအတွင်း က သီချင်းတစ်ပုဒ် ဖြစ်သည့် Gottefried Federlein \ Marsch Impromptu တေးသီချင်းတွင် ထည့်သွင်း ထားခြင်း ဖြစ်ကြောင်း နှင့် အဆိုပါ စကားဝှက်၏ အဓိပ္ပာယ်ကို ဖော်နိုင်ရန် အတွက် အချိန်ကာလ အားဖြင့် နှစ်နှစ်ကြာ အချိန်ယူ လေ့လာခဲ့ ရကြောင်း တယော ပြုလုပ်သူ ပညာရှင် ဆိုင်ရေး ဝစ်စတယ်လာ က ပြောကြား ထားသည်။ ဟစ်တလာ၏ ဝံပုလွေ မျက်ရည်များ (Tears of the Wolf) အမည်ရှိ ရတနာသိုက် ဝှက်ထားရာ နေရာနှင့် စပ်လျဉ်းသည့် အချက်အလက် များကို ဟစ်တလာ၏ အတွင်းရေးမှူး မာတင်ဘောမန်း က မှတ်သား ထားသော သဲလွန်စများ ပါဝင်ကြောင်း၊ Wolf မှာ ဟစ်တလာ၏ နာမည်ဝှက် ဖြစ်ပြီး Tears သည် စိန်များကို ဆိုလိုကြောင်း၊ ဝှက်စာအရ အဆိုပါ ရတနာသိုက်မှာ ဘာဗေးရီးယန်း ပြည်နယ်ရှိ မြို့တစ်မြို့ ဖြစ်သော မစ်တန်းဝေါ မြို့ရှိ ဂျာမနီစစ်ဘက် ကုန်လှောင်ရုံ ဟောင်းတစ်ခု၏ သံဆူးကြိုးများ နောက်ကွယ် တွင် မြှုပ်နှံထားကြောင်း သိရသည်ဟု ဝစ်စတယ်လာ က လက်ရှိ မစ်တန်းဝေါ မြို့တော်ဝန်နှင့် ဂျာမနီ ကာကွယ်ရေး ဝန်ကြီးတို့အား ပြောကြား ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment