Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Saturday, June 20, 2015
BAE စစ်လက်နက် ကုမ္ပဏီ ဈေးနှုန်းမြှင့်မှု တရားစွဲခံရ
အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်စ် ပြည်နယ်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်တဲ့ BAE Systems Plc ရဲ့ ကုမ္ပဏီခွဲတခုကို အမေရိကန်အစိုးရက တရားစွဲထားပါတယ်။ စစ်ဘက်သုံးယာဉ် နှစ်သိန်း တည်ဆောက်ဖို့ အမေရိကန်ကြည်းတပ်နဲ့ချုပ်ဆိုတဲ့ ကန်ထရိုက် စာချုပ်တခုမှာ ဈေးနှုန်းပိုတင်ထားတာ ကြောင့်ဖြစ်တယ်လို့ အမေရိကန် တရားရေးဌာနက သောကြာနေ့မှာပြောပါတယ်။
မီရှီဂန်ပြည်နယ်၊ Warren မြို့မှာအခြေစိုက်တဲ့ ကြည်းတပ်က လုပ်ငန်းအပ်မယ့် သူတွေနဲ့ ကန်ထရိုက်စာချုပ်ကိစ္စ ပြောဆိုဆွေးနွေး ကြချိန်အတွင်း BAE Systems Tactical Vehicle Stystem LP ကုမ္ပဏီဟာ အပိုပစ္စည်းတွေနဲ့ စက်ပစ္စည်း ကိရိယာတွေရဲ့ဈေးကို ပိုတင်ပြီးပြောခဲ့တယ်လို့ တရားရေးဌာနက စွပ်စွဲပါတယ်။
လန်ဒန်အခြေစိုက် BAE Systems ရဲ့ကုမ္ပဏီခွဲ BAE Systems Inc ကတော့ တရားစွဲဖို့ အရင်းခံအကြောင်းရင်း သူတို့မတွေ့ဘူး လို့ ထုတ်ပြန်ချက် တခုမှာ ပြောပါတယ်။
အပိုပစ္စည်းအစိတ်အပိုင်း ၄၀ အတွက် ပိုသက်သာတဲ့ဈေးကို ဖွက်ထားတာအပါအ၀င် BAE ကုမ္ပဏီဟာ မတိကျတဲ့တန်ဖိုးကို သိသိကြီးနဲ့ တင်သွင်းခဲ့တာကြောင့် လိမ်ညာ၍ အဆိုတင်သွင်းမှုဆိုင်ရာ ဥပဒေကို ၂၀၀၈ ခုနှစ်မှာ ချိုးဖောက်ခဲ့တယ်လို့ အစိုးရ ရှေ့နေတွေကပြောပါတယ်။
BAE ကုမ္ပဏီကသာ ပိုသက်သာတဲ့ဈေးနှုန်းကို တင်သွင်းခဲ့ရင် ကန်ထရိုက်တခုလုံးအတွက် ကုန်ကျ စရိတ်ဟာ ဒေါ်လာ သန်း ၂၀ ကျော် သက်သာသွားမယ်လို့ တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment