Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Saturday, June 20, 2015
ဘုရားကျောင်း သေနတ်သမား စတင် ရုံးထုတ်
တောင်ကာရိုလိုင်းနားပြည်နယ်၊ Charleston မြို့က Emanuel AME ခရစ်ယာန် ဘုရားကျောင်း မှာ သေနတ်နဲ့ပစ်ခတ်မှုနဲ့ စွပ်စွဲခံ ထားရသူကို ဦးတည်ပြီး သေဆုံး သွားသူ ကိုးဦးရဲ့ မိသားစု ဆွေမျိုးသားချင်းတွေက သောကြာနေ့ တရားခွင်မှာ စကား ပြောဆိုခဲ့ကြပါတယ်။
"ရှင်ဟာ ကျမဆီက အင်မတန်တန်ဖိုးကြီးမားတဲ့ တစုံတခုကို ယူသွားတယ်၊ သူ့ကို ကျမ ဘယ်တော့မှ စကားပြောရတော့မှာ မဟုတ်ဘူး၊ သူ့ကို ကျမ ဘယ်တော့မှ ဆုပ်ကိုင်ခွင့် ရတော့မှာမဟုတ်ဘူး" လို့ သေဆုံးသွားသူတွေထဲက တဦးဖြစ်သူ အသက် ၇၀ အရွယ် Ethel Lance ရဲ့သမီးဖြစ်သူက ခံစားချက်မဲ့အမူအရာနဲ့ ရပ်နေတဲ့ သေနတ်သမားလို့ စွပ်စွဲခံထားရသူ Dylann Roof ကိုပြောပါတယ်။
“ဒါပေမဲ့ ဘုရားသခင်က ရှင့်ကို ခွင့်လွှတ်ပါတယ်၊ ကျမ ရှင့်ကို ခွင့်လွှတ်ပါတယ်လို့ နာကျင်ကြေကွဲတဲ့ အသံနဲ့ သူက ဆက်ပြောပါတယ်။ Ethel Lance ဟာ Emanuel ဘုရားကျောင်းရဲ့ ဝေယျာဝစ္စအလုပ်တွေကို လုပ်ကိုင်ပေးသူတဦးပါ။
သေတ္တာလို အခန်းထဲမှာရှိနေတဲ့ Roof ရဲ့ဘေးမှာ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ရပ်နေပြီး သူ့ကို ဗွီဒီယို ကင်မရာနဲ့ရိုက်ပြီးတော့ တရားရုံးထဲက တီဗွီပေါ်မှာ ပြထားတာပါ။
လူကိုးဦးကိုသတ်ဖြတ်မှုနဲ့ တရားစွဲခံနေရတဲ့ Roof ဟာ အကျဉ်းထောင်ထဲမှာ ဆက်နေရမှာဖြစ်ပြီး အာမခံပေးဖို့ အစီအစဉ်မရှိဘူး ဆိုတာကို လက်ခံထားပြီးပါပြီ။ လက်နက်မှုဆိုင်ရာ နောက်ထပ် စွဲချက်အတွက် အာမခံငွေ ဒေါ်လာ ၁ သန်း လျာထား သတ်မှတ် ပါတယ်။
သေဆုံးသွားသူ ကိုးဦးကတော့ အသက် ၈၇ နှစ်အရွယ် အဖွားအိုတဦးအပါအ၀င် အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၃ ဦး ပါပါတယ်။ တခြားလူသုံးဦးလဲ ဒဏ်ရာရပါတယ်။ အသက် ၂၁ နှစ်အရွယ် Roof ဟာ ကြာသပတေးနေ့က သေနတ်နဲ့ပစ်ပြီးတဲ့ နောက် ကားနဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်ဘက် ထွက်ပြေးရင်း အဖမ်းခံရတာပါ။
သူ့ရဲ့ နောက်တကြိမ် တရားရုံးချိန်းကတော့ အောက်တိုဘာလမှာဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment