Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Saturday, June 20, 2015
SSPP/SSA နယ်မြေအနီးသို့ အစိုးရတပ်မတော် အင်အားတိုးကပ်စခန်းချ
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာအုပ်စု အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA ထိမ်းချုပ် တပ်စခန်းအနီးသို့ အစိုးရတပ်များ တိုးကပ် စခန်းချ လာနေကြောင်း ကြားသိရသည်။
၂၀၁၅ ဂျွန် ၁၇ ရက်နေ့ မှစ၍ ယနေ့ အထိ အစိုးရ တပ်မတော် ခမရ ၅၇၇ အခြေချ လှုပ်ရှား စစ်ကြောင်းက မိုင်းရှူးမြို့ အနောက်တောင်ဘက် နားပေရွာ အရှေ့ဘက်မှ မြောက်ဘက်သို့ နမ့်ပန် ချောင်းအတိုင်း မြောက်ဘက်သို့ ဆန်တက်ကာ နောင်ခေတ် - မိုင်းခန် လမ်းခွဲ နောက်ခေတ် သင်္ချိုင်းကုန်းသို့ လာရောက်စခန်းချသည်ဟု ဆိုသည်။
စကခ ၁၇ လက်အောက်ခံ မိုင်းပန်အခြေစိုက် ခမရ ခြေမြန်တပ်ရင်း အမှတ် ၅၇၇ လက် အောက်ခံ ဗိုလ်မှူးလင်းစိုး ဦးဆောင်သည့် စစ်သည်အင်အား ၄၃ ဦးက အဆိုပါ နောင်ခေတ် ယာယီတပ်စခန်းမှ အထက်သို့ ပန်ချောင်းအတိုင်း ထပ်မံဆန်တက်ကာ SSPP/SSA ၏ တပ်စခန်းအနီး တာ့ဆမ်ပူး ကူးတို့ဆိပ် သို့ လည်ပတ်ကြည့်ရှုခွင့်တောင်းဆိုခဲ့ကြောင်း ဌာနချုပ်ရုံးအရာရှိကြီးတဦးက ဤသို့ပြောသည်။
“ကျနော်တို့ တပ်စခန်းနဲ့ အနီးအနားဝန်းကျင် ကိုလာရောက်ကြည့်ရှုလို တယ် တဲ့။ ကျနော်တို့ က ခွင့်မပြုနိုင်ဘူး။ ခေါင်းဆောင်ပိုင်း တယောက်နှ စ်ယောက် စစ်အသုံးပစ္စည်းတွေမပါဘဲနဲ့ လာရင်တော့ အထက်အမိန့်အရ ခွင့်ပြုတယ်လို့ ပြောတော့ သူတို့ ဗိုလ်မှူးနဲ့ နောက်လိုက် နှစ်ယောက် က ကူးတို့ဆိပ် ၊ ဘုန်းကြီး ကျောင်း နဲ့ စေတီတွေကို ဓါတ်ပုံလာရိုက်သွားတယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
ဒေသအတွင်း သျှမ်းပြည်တပ်မတော် အရာရှိတဦးက တာ့ကောင်းမူးတံတား တပ်စခန်း နားပေ ရွာကနေ မိုင်းခေတ် မှာ တပ်စခန်းအသစ် တိုးချ ဖို့ဖြစ်နိုင်ကြောင်း၊ တာ့ဆမ်ပူး ကူးတို့ဆိပ် တပ်စခန်းအား စိုးမိုးလိုသည့် အစီအစဉ်လည်း ဖြစ်နိုင်ကြောင်း ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ခိုလမ် စစ်တိုင်းရုံးအသိုင်းအဝိုင်းက - သျှမ်းပြည်တပ်တော် တပ်စ ခန်းအားတိုက်ဖို့ မဟုတ်ပါဘူး။ တိုက်ဖို့လဲ အစီအစဉ်မရှိပါဘူး၊ တာ့ကောင်းမူး တံတားအစောင့် တွေက နယ်မြေ စိုးမိုးရေး နယ်မြေရှင်းလင်းရေး စီမံကိန်းအရ အဲဒီဒေသ အနီးအနားကို သွားရောက်လေ့လာ တာဘဲဖြစ် ပါတယ် ဟု ပြောသည်။
၂၀၀၉ ခုနှစ်မှစ၍ တာ့ဆမ်ပူးကူးတို့ဆိပ်တပ်စခန်း နှင့် အနီးအနား ဝန်းကျင် အား နယ်မြေ စိုးမိုးရေးပြု လုပ်နိုင်ရန် အစိုးရတပ်မတော် အကြိမ်ကြိမ်ကြိုး ပမ်းလာခဲ့သည်။
သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်းနှင့် ၁၀ မိုင်ခန့်သာ ကွာဝေးပြီး တောင်ဘက်ပိုင်း အသက်ရှူလမ်းကြောင်းလည်းဖြစ်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်သည်။
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရ တို့ သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည့် သူများဖြစ်ကြသည်။
သို့သော် ၂၀၁၂ ဂျန္နဝါရီ ၂၈ ပြည်ထောင်စု အဆင့် လက်မှတ်ရေး ထိုးသည့်တိုင် သျှမ်းပြည်တပ်မတော်၏ အရေးပါ တပ်စခန်းများအား အင်အားသုံး၍ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ဖူးသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment