Popular Posts

Thursday, June 18, 2015

ကန်ဘုရားကျောင်းမှာ ပစ်ခတ်မှုဖြစ် လူ ၉ ဦးသေ

အမေရိကန်နိုင်ငံ ​South ​Carolina ​ပြည်နယ် ​Charleston ​မြို့က ​သမိုင်းဝင် ​လူမည်း ​ဘုရားကျောင်းကို ​သေနတ်သမား ​ဝင်ရောက် ​ပစ်ခတ်လို့ ​လူ ​၉ ​ယောက် ​သေဆုံးခဲ့ပါတယ်။ အမေရိကန် ​စံတော်ချိန် ​ဗုဒ္ဓဟူး ​ည ​၉ ​နာရီလောက်မှာ ​ပစ်ခတ်မှု ​ဖြစ်ပွားတာ ​ဖြစ်ပြီး ​ပစ်ခတ်သူ ​သေနတ်သမားကတော့ ​အသက် ​၂၁ ​နှစ်အရွယ် ​လူဖြူ ​ဖြစ်ပါတယ်။ လူ ​၈ ​ယောက်ကတော့ ​ဘုရားကျောင်းအတွင်းမှာပဲ ​သေဆုံးတာ ​ဖြစ်ပြီး ​လူနှစ်ယောက်ကို ​ဆေးရုံ ​တင်ရာက ​တစ်ယောက် ​ထပ်မံ ​သေဆုံးတာ ​ဖြစ်ပါတယ်။ ပစ်ခတ်မှု ​ဖြစ်တဲ့ ​ဘုရားကျောင်းဟာ ​လူမည်းတွေ ​အတက်များတဲ့ ​Emanuel ​ဘုရားကျောင်းဖြစ်ပြီး ​အမေရိကန် ​တောင်ပိုင်းမှာ ​သမိုင်းဝင်တဲ့ ​ဘုရားကျောင်း ​ဖြစ်တယ်လို့ ​ဆိုပါတယ်။ ဗုဒ္ဓဟူးည ​သန်းခေါင်ချိန်အထိ ​သေနတ် ​သမားကို ​မမိသေးဘူးလို့ ​သိရပါတယ်။ အခုအချိန်အထိတော့ ​အသေးစိတ် ​အချက်တွေ ​မသိရသေးပါဘူး။

No comments:

Post a Comment