Popular Posts

Thursday, June 18, 2015

IS အဖွဲ့ကိုတိုက်ဖို့ အီရတ်မှာ စစ်သား ပိုမိုလိုအပ်

အီရတ်နိုင်ငံထဲမှာ လာမယ့် ဆောင်းဦးပေါက်ကာလ မတိုင်မီ စစ်သား ၂ ၄၀၀၀ ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အမေရိကန် စစ်ဘက် ထိပ်တန်းအကြီးအကဲ ၂ ယောက်က ပြောဆိုလိုက်ပါတယ်။ အီရတ်နိုင်ငံထဲမှာ အမေရိကန်က ပေးနေတဲ့ စစ်သင်တန်းတွေမှာ တက်ရောက်ဖို့ လုံလောက်တဲ့ စစ်သားအရေအတွက် မရနိုင်ဖြစ်နေတယ်လို့ အမေရိကန် ကွန်ကရက်စ် လွှတ်တော်ကြားနာပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ashton Carter ကရော ပူးတွဲစစ်ဦးချုပ်ရုံးရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Martin Dempsey ကပါ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ IS တွေကို အပြီးတိုင် ချေမှုန်းနိုင်ဖို့ဆိုရင် အီရတ်နိုင်ငံတွင်းက တပ်ဖွဲ့တွေကိုယ်တိုင် မြေပြင်တိုက်ပွဲတွေ ဆင်နွှဲဖို့ လိုအပ်နေတယ်ဆိုပြီး မစ္စတာ Carter ကပြောသွားပါတယ်။ IS အဖွဲ့ကို ကိုင်တွယ်နိုင်ရေးမှာ အီရတ်အစိုးရ အနေနဲ့ ပိုပြီး အလေးအနက်ထား ဆောင်ရွက်ဖို့နဲ့ အီရတ်နိုင်ငံထဲက ဆွန်နီမွတ်စလင်တွေကိုလည်း IS ဆန့်ကျင်ရေးစစ်ပွဲတွေမှာ ပိုမိုပါဝင်လာအောင် ပြုလုပ်ပေးဖို့ အမေရိကန်က တိုက်တွန်း ထားပါတယ်။

No comments:

Post a Comment