Popular Posts

Thursday, June 18, 2015

ဟာင်ကောင် ရွေးကောက်ပွဲ မူကြမ်းကို အမတ်တွေ ပယ်ချ

တရုတ်အစိုးရက ထောက်ခံတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူးသစ် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေး မူကြမ်းကို လွှတ်တော်မှာ အချေအတင် ဆွေးနွေးပြီးတဲ့နောက် မဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်အမတ်တွေက ပယ်ချခဲ့ပါတယ်။ လွှတ်တော်အမတ် ၃၇ ဦးရှိတဲ့အနက် ၈ ဦးက ထောက်ခံပြီး ၂၈ ဦးက ကန့်ကွက်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲရေး မူကြမ်းဟာ အနည်းဆုံး ၄၇ မဲရရှိမှ အတည်ဖြစ်မှာ ဖြစ်ပါတယ်။ လွှတ်တော်အမတ် အများစုက ကန့်ကွက်ခဲ့အတွက် ဒီမူကြမ်းဟာ အောင်မြင်မှု မရနိုင်ဘူးလို့လည်း သတင်းတွေက ဆိုပါတယ်။ အခုလို ဟောင်ကောင် လွှတ်တော်အမတ်တွေက ကန့်ကွက်ခဲ့တဲ့အတွက် ထောက်ခံမဲ ၃ ချိုး ၂ ချိုး မရရှိတာကြောင့် ဒီမူကြမ်းဟာ အတည်မဖြစ်နိုင်ပါဘူးလို့ ဟောင်ကောင် ဥပဒေပြုကောင်စီ ဥက္ကဌ Jasper Tsang က ပြောပါတယ်။ ဟောင်ကောင် အုပ်ချုပ်ရေးမှူးသစ်ကို တရုတ်အစိုးရက ချပေးထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲကသာ ဟောင်ကောင်ပြည်သူတွေက ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ် မူကြမ်းနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြတဲ့ ဟောင်ကောင်ရှိ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ဒါဟာ ဒီမိုကရေစီ အတုအယောင်သာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး အကြီးအကဲကို ဟောင်ကောင် ပြည်သူတွေ ပထမဆုံးအကြိမ် မဲပေး ရွေးချယ်ခွင့် ရရှိမှာဖြစ်ပေမယ့် တရုတ်အစိုးရကို လိုလားတဲ့ ကိုယ်စားလှယ်လောင်း ၁၂၀၀ ဦးပါ ကော်မတီက သူတွေကိုသာ ရွေးချယ် အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲ မူကြမ်းအပေါ် ဆန့်ကျင်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment