Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Wednesday, June 24, 2015
ပုဒ်မ ၄၃၆ ပြင်ဖို့ ဒေါ်စု ထပ်မံတိုက်တွန်း
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်စေချင်ရင် ပုဒ်မ ၄၃၆ ကို ပြင်ဆင်မှ ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောဆိုလိုက်ပါတယ်။
ပုဒ်မ ၄၃၆ ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ဖို့ အဓိက ကျတဲ့ အချက် ဖြစ်တဲ့အတွက် အဲဒီ ပုဒ်မကို ပြင်ဆင်ဖို့ NLD ပါတီက ကြိုးစားနေတာ ဖြစ်ပါတယ်။
ပုဒ်မ ၄၃၆ အရ လွှတ်တော်အမတ် ၇၅% နှုန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ ထောက်ခံမှသာ ပြင်ဆင်နိုင်မယ်လို့ ပါရှိပါတယ်။ အခုလောလောဆယ် ဥပဒေကြမ်းမှာတော့ ၇၀% ကို လျှော့ချဖို့ ပြင်ဆင်နေပါတယ်။
အခုလောလောဆယ်တော့ လွှတ်တော်မှာ စစ်တပ်က အလိုအလျှောက် ၂၅% အမတ်နေရာ ရထားတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဒီအချိန်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရမယ့် အချိန်မဟုတ်သေးဘူး ဆိုတဲ့ သဘောတဲ့ ဂျပန် သတင်းဌာနတစ်ခုကို ပြောသွားတာ ရှိပါတယ်။
၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ စ ကို ဒီကနေ့ လွှတ်တော်မှာ စတင်ဆွေးနွေးပြီး ကြာသပတေးနေ့အထိ ဆွေးနွေးကြဖို့ ရှိတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးချက်ဟာ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှု ဖြစ်လာနိုင်တဲ့ နောက်ဆုံးသော အခွင့်အရေး တစ်ခုလို ဖြစ်နေပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment