Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Wednesday, June 24, 2015
Pert Cech ကို ပေါင် ၁၁ သန်းနဲ့ အာစင်နယ် ခေါ်ယူပြီးစီး
အာစင်နယ် အသင်းဟာ မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်းမှ ဂိုးသမား Petr Cech ကို စတာလင်ပေါင် ၁၁ သန်းနဲ့ စာချုပ်ချုပ်ခေါ်ယူပြီးစီးခဲ့ပြီဖြစ်ပါတယ်။
အခုလိုပြောင်းပြီးပြီးချင်းပဲ Petr Cech ဟာ ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြန်မစခင်မှာ အာစင်နယ် အသင်းရဲ့ ဂိုးသမားတစ်ယောက်အဖြစ် လန်ဒန်မြို့ခံပြိုင်ဘက်ဖြစ်တဲ့ ချဲလ်ဆီး အသင်းနဲ့ Community ဒိုင်း အတွက် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
Petr Cech ရဲ့ သဘောတူညီမှု ၀င်ငွေ ဟာ တစ်ပတ်ကို စတာလင်ပေါင် ၁၀၀,၀၀၀ ဖြစ်ပြီး အာစင်နယ် အသင်းရဲ့ ရာဇ၀င်မှာ ရော လက်ရှိ ပရီးမီးယားလိဂ်မှာပါ ၀င်ငွေအကောင်းဆုံး ဂိုးသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
အာစင်နယ် အသင်းအတွက်လည်း Petr Cech ဟာ ပီအက်စ်ဂျီ အသင်းရဲ့ ကမ်းလှမ်းမှုတွေကို ကျော်လွန်ပြီး ဒီနှစ် နွေရာသီမှာ ပထမဆုံး အသင်းအတွက် စာချုပ်ချုပ်နိုင်သူတစ်ယောက် ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာတော့ ချဲလ်ဆီးအသင်းမှာရှိတဲ့ Petr Cech ရဲ့ ပထမဦးစားပေး လူစာရင်း ဂိုးသမား နေရာ ဟာ အက်သလက်တီကို မက်ဒရစ် အသင်းကို အငှားချထားတဲ့ ဂိုးသမား Thibaut Courtois ပြန်ရောက်လာကာ သူ့ လက်ထဲကျရောက်သွားတဲ့နောက်မှာတော့ Petr Cech အနေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျ ကို စွန့်ခွာဖို့ ဖြစ်လာခဲ့ပါတော့တယ်။
Petr Cech အနေနဲ့ ပီအက်စ်ဂျီ အပါအ၀င် အခြား ဥရောပ အသင်းတွေကို ငြင်းပယ်ခဲ့ရတဲ့အကြောင်းအရင်းကတော့ သူ့မိသားစု ဟာ လန်ဒန် မှာ အခြေကျနေတဲ့အတွက်ပါ။ ဒါကြောင့် သူဟာ ချဲလ်ဆီး အသင်းနဲ့ လန်ဒန်မြို့ခံပြိုင်ဘက်ဖြစ်တဲ့ အာစင်နယ်ကို သာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
Labels:
အားကစားသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment