Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Wednesday, June 24, 2015
IS အဖွဲ့ဝင် သြစီ ၂ဦး သေဆုံးမှု ရှိမရှိ စုံစမ်းနေ
IS အစ္စလာမ်မစ် အဖွဲ့နဲ့ ပူးပေါင်းခဲ့တဲ့ သြစတြေးလျနိုင်ငံသား နှစ်ဦး ဝေဟင်တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားခြင်း ရှိမရှိ ဆိုတာကို သြစတြေးလျ အစိုးရက အတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။
အခုအချိန်အထိတော့ အကြမ်းဖက်သမား Mohammed Elomar နဲ့ လုပ်ဖောင်ကိုင်ဖက် Khaled Sharrouf ဆိုသူ သေဆုံးခြင်း ရှိမရှိဆိုတာကို သြစတြေးလျ လုံခြုံရေးသမားတွေက စုံစမ်းနေဆဲပဲလို့ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်က ပြောပါတယ်။
အဲဒီနှစ်ယောက်စလုံးဟာ အီရတ်နိုင်ငံက IS အဖွဲ့နဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက် သမား နှစ်ဦးရဲ့ မိသားစုဝင်နဲ့ နီးစပ်သူ လူတစ်ယောက်က မိုဆူလ် မြို့ ဝေဟင်တိုက်ခိုက်မှုအတွင်း သြစတြေးလျနိုင်ငံသား နှစ်ယောက် ကျဆုံးသွားပြီလို့ အေဘီစီ 7.30 ရုပ်မြင်သံကြား အစီအစဉ်ကို ပြောပြခဲ့ပါတယ်။
မိုဆူလ်မြို့ သတင်းကို ရဖို့ ခက်ခဲတဲ့အတွက် အဲဒီ သတင်းက ဟုတ်မဟုတ် ဆိုတာကို အတည်ပြုပေးဖို့ ခက်တယ်လို့ သြစတြေးလျ အစိုးရက ပြောပါတယ်။
အဲဒီ နှစ်ယောက် တကယ် သေသွားတယ်ဆိုရင်တော့ သြစတြေးလျ အစိုးရအတွက် အကြမ်းဖက် သမား ၂ ယောက် နည်းလာလို့ စိတ်သက်သာမှု ရမှာ ဖြစ်ပါတယ်။
Elomar နဲ့ Sharrouf တို့ဟာ သြစတြေးလျနိုင်ငံကနေ ဆီးရီးယားကိုသွားပြီး အဲဒီနောက် အီရတ်နိုင်ငံက IS အဖွဲ့နဲ့ ပူးပေါင်းတာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ပြတ်နေတဲ့ လူရဲ့ ဦးခေါင်းကို သူတို့ နှစ်ယောက်က ကိုင်ထားတဲ့ ဗီဒီယိုတွေ ထွက်ပေါ်လာပါတယ်။
သြစတြေးလျ အစိုးရက သူတို့ နှစ်ယောက်စလုံးအပေါ်ကို အရင်နှစ်ကတည်းက ဖမ်းဝရမ်း ထုတ်ထားတာ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment