Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Wednesday, June 24, 2015
အသားကပ်ဂျင်းဘောင်းဘီတွေဝတ်ဆင်ခြင်းဟာ ကျန်းမာရေးအတွက် မကောင်း
အမျိုးသမီး တွေရဲ့ ဖက်ရှင် ရွေးချယ်မှု အပိုင်းမှာတော့ ၁၉၇၀ ခုနှစ်ဝန်းကျင် ဖက်ရှင်တွေကနေ ၁၉၉၀ ခုနှစ်ဖက်ရှင်တွေထိသာမက ယနေ့ခေတ် ဖက်ရှင် တွေအထိ အမျိုးသမီးတိုင်း ရွေးချယ်နေတဲ့ ဖက်ရှင်ကတော့ အသားကပ် ဂျင်းဘောင်းဘီ (Skinny Jean) တွေပါပဲ။
အနုပညာရှင် အမျိုးသမီး တွေကလည်း အသားကပ်ဂျင်းဘောင်းဘီတွေ ၀တ်ဆင်ရတာ နှစ်သက်ကြတဲ့အတွက် အမျိုးသမီးတွေ အသက်အရွယ် မရွေး အသားကပ်ဂျင်းဘောင်းဘီ တွေကို နှစ်သက်ကြပြန်ပါတယ်။
ဒါပေမယ့်လည်း အခုတော့ လေ့လာမှု တစ်ခုက အရမ်းကျပ်တဲ့ ဘောင်းဘီတွေဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါပြီ။
အရမ်းကျပ် တဲ့ ဘောင်းဘီတွေဝတ်ဆင်ခြင်းဟာ ခြေထောက်မှာရှိတဲ့ အာရုံကြောတွေနဲ့ ကြွက်သားတွေကို ထိခိုက်မှု ရှိလာစေပြီး သွေးမလျှောက်တဲ့ ရောဂါ တစ်မျိုးကို ခံစားရစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။
ဗဟိဒ္ဓကုထုံးဆရာ တစ်ယောက်ဖြစ်တဲ့ Sammy Margo က သတိပေးခဲ့တာကတော့ အသားကပ် ဘောင်းဘီ တွေ ၀တ်ဆင်ခြင်းဟာ သင့်ကို ၀လာစေပြီး အ၀လွန်ခြင်းကိုလည်း ဖြစ်လာအောင် နှိုးဆွပေးနိုင် သေးတယ်ဆိုတာပါပဲ။
အသားကပ် ဘောင်းဘီ တွေဝတ်ဆင်ထားခြင်းဟာ ပေါင် နဲ့ တင်ပါးတို့မှာ ရှိတဲ့ ကြွက်သားတွေကို သေးသွယ် ကျစ်လစ် သွားစေတဲ့အတွက် အသာကပ်ဂျင်းဘောင်းဘီ ၀တ်ဆင်ထားချိန်မှာတော့ သင်ဟာ သင့်ရဲ့ ခန္ဒာကိုယ်အလှကို ခံစားနေရမှာပါ။ ပေါင်နဲ့ တင်ပါးတို့မှာရှိတဲ့ ကြွက်သားတွေက ကျစ်လစ်သွားအောင် အတင်းအကျပ်စေခိုင်းခြင်းခံထားရတဲ့အတွက် အစာအိမ်ကိုလည်း ကျုံ့ထားရ သလို ဖြစ်နေစေပြီး ဗိုက်သားတွေကလည်း လှပနေမှာပါ။
ဒါပေမယ့်နွေရာသီရောက်လာတဲ့အခါမျိုး ၊ သင့်အနေနဲ့ အသားကပ်ဂျင်းဘောင်းဘီ တွေကို ချွတ်ထားလိုက်တဲ့အခါမျိုးတွေမှာတော့ ပေါင်နဲ့ တင်ပါးမှာ ရှိတဲ့ ကြွက်သားတွေဟာ ဖြေလျော့ သက်သာသွားတဲ့အတွက် သင့်ခန္ဓာကိုယ်ဟာ သင်ထားသလောက် လှပ မှု မရှိတော့တာကို တွေ့ရမှာပါ။
ဒါ့အပြင် အချိန်ကြာကြာ အသားကပ်ဂျင်းဘောင်းဘီ ၀တ်ဆင်ထားခဲ့မှု ကြောင့် ခြေထောက်မှာ ရှိတဲ့ သွေး လည်ပတ်မှုတွေဟာ ကြန့်ကြာ နှေးကွေးသွားပြီး မထင်မှတ်ထားတဲ့ ထိခိုက်မှု တွေရှိလာနိုင်ပါတယ်။ သွေးခဲသွားတဲ့အတွက် ခြေထောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေလည်း အားနည်းလာနိုင်သလို အ၀လွန်လာခြင်းကိုလည်း ခံစားရမှာဖြစ်ပြီး အသားကပ်ဂျင်းဘောင်းဘီ ၀တ်ဆင်ပြီး ထိုင်နေတာ များတဲ့အခါမှာ ကယ်လိုရီ ပမာဏ ပိုမိုများပြားလာစေနိုင်တယ်ဆိုတာကို လေ့လာမှု က တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment