Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Wednesday, June 24, 2015
Jackson Martinez အက်သလက်တီကိုမက်ဒရစ် အသင်းသို့ ပြောင်းရန် သဘောတူပြီးဖြစ်
Jackson Martinez ဟာ အာစင်နယ်ကို စိတ်မ၀င်စားပဲ စပိန်လာလီဂါ ကလပ် အသင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်း ကို ပြောင်းဖို့ သဘောတူပြီးဖြစ်တယ်လို့ သူ့ရဲ့ ကိုယ်စားလှယ်ဖြစ်သူ Luiz Henrique Pompeo က အတည်ပြုပြောကြားလိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ပေါ်တူဂီ ကလပ် အသင်းဖြစ်တဲ့ ပေါ်တို အသင်းရဲ့ တိုက်စစ်မှုး Jackson Martinez ကို အာစင်နယ် အသင်းရဲ့ မန်နေဂျာ Arene Wenger အပါအ၀င် စီးရီးအေ ထိပ်တန်း ကလပ် အေစီမီလန် အသင်းကလည်း စိတ်ဝင်စားနေပေမယ့် Martinez ကတော့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ဗင်းဆင့်ကယ်လ်ဒီရွန် ကွင်းကြီး ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
စပိန် သတင်းဌာန တစ်ခုဖြစ်တဲ့ AS ရဲ့ ဖော်ပြချက်အရ အက်သလက်တီကို မက်ဒရစ် အသင်းဟာ Jackson Martinez အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၄.၈ သန်း နဲ့ ၄ နှစ်စာချုပ် ချုပ်ဆို သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
"ဒီနေ့ပဲ အပြီးသတ်ခဲ့ပါပြီ။ ကျွန်ုပ်တို့အနေနဲ့ အေစီမီလန် အသင်း ကို နောက်ဆုံးအချိန် အထိ စိတ်ဝင်စားနေခဲ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့ အဲဒီအတွက် အရမ်းလည်း ဂုဏ်ယူမိပါတယ် " လို့ Pompeo က AS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အက်သလက်တီကို မက်ဒရစ် အသင်းဟာလည်း အသင်းကြီး တစ်သင်းဖြစ်တဲ့အလျောက် လိဂ်မှာတင်မကပဲ ဥရောပ မှာပါ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် Jackson ဟာလည်း ပိုမို ကောင်းမွန်တဲ့ အတွေ့အကြုံတွေရလာဖို့ မျှော်လင့်ထားပြီး ဒါတွေဟာ သူ့ရဲ့ အိပ်မက် ဖြစ်ကြောင်း ၊ သူ့အနေနဲ့ ပျော်ရွှင်ကာ စိတ်လှုပ်ရှား နေမယ့်အကြောင်း တွေကို Pompeo က ပြောပြခဲ့ပါသေးတယ်။
အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ မန်နေဂျာ Diego Simeone ကိုလည်း Jackson Martinez ကိုယ်တိုင်က အောင်မြင်နိုင်စွမ်းရှိတဲ့ နည်းပြ တစ်ယောက် ဖြစ်တယ်လို့ ချီးကျူးစကားဆိုထားပါသေးတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment