Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Sunday, June 14, 2015
ကန်လေကြောင်းတိုက်ခိုက်မှုကြောင့် Al-Qaida ထိပ်တန်းခေါင်းဆောင်သေဆုံး
လစ်ဗျားနိုင်ငံမှာ အမေရိကန်က ပြုလုပ်ခဲ့တဲ့ လေကြောင်း စစ်ဆင်ရေးအတွင်း ၂ဝ၁၃ ခုနှစ်တုန်းက Algeria နိုင်ငံက ဓါတ်ငွေ့ပိုက်လိုင်းကို တိုက်ခိုက်မှုနဲ့ အလိုရှိနေတဲ့ al-Qaida အဖွဲ့ ထိပ်တန်း ခေါင်းဆောင်တဦးသေဆုံးသွားတယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လစ်ဗျားအစိုးရက ပြောပါတယ်။
လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှာ စနေနေ့က ပြုလုပ်တဲ့ တိုက်ခိုက်မှုအတွင်း Mokhtar Belmokhtar ဆိုသူ သေဆုံးသွားတယ်လို့ လစ်ဗျား အရာရှိတွေက ပြောပါတယ်။ အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လစ်ဗျားနိုင်ငံအတွင်းမှာရှိတဲ့ al-Qaida အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ အကြမ်းဖက်သမား တဦး သေဆုံးသွားတယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး Steve Warren က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေဟာ အောင်မြင်ကြောင်း စစ်တပ်အရာရှိတွေကပြောတယ်လို့ ပြောတာကလွဲ တိုက်ခိုက်မှုနဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေ ကိုတော့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။
Signed in Blood Battalion လို့ သူတို့ကိုယ်သူတို့ အမည်ပေးထားတဲ့ အဖွဲ့ရဲ့ခေါင်းဆောင် Belmokhtar ကို အမေရိကန် နိုင်ငံခြားရေးဌာနက ဆုငွေ ဒေါ်လာ ၅ သန်း ထုတ်ပြန်ထားတာပါ။ အမေရိကန်နိုင်ငံသား ၃ ယောက်အပါအဝင် လူပေါင်း ၃၇ ဦး သေဆုံးခဲ့တဲ့ အဲဒီ Algeria နိုင်ငံအတွင်းက ဓါတ်ငွေ့ ပိုက်လိုင်းကို ၂ဝ၁၃ ခုနှစ်တုန်းက တိုက်ခိုက်မှုမှာ Mokhtar Belmokhtar က ဦးဆောင် ပါဝင်ခဲ့တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲထားတာပါ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment