Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Sunday, June 14, 2015
တာချီလိတ်၌ မီးလောင်မှုဖြစ်ပွား
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဒေါ်နန်းစံနွန်းဖွင့်လှစ်ထားသည့် အလျား ပေ ၃ဝ၊ အနံ ပေ ၂ဝ ရှိ အုတ်ကြွတ်မိုး၊ သွပ်ကာ နှစ်ထပ်ဆိုင်ခန်းတွင် ဇွန် ၁၄ ရက် မွန်းတည့်က လျှပ်စစ် မိန်းခလုတ်ခုံ အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်းဦးဆောင်သည့် တပ်မတော်သားများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကျော်နိုင် ဦးဆောင်သည့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ ခန့်တွင် မီးထိန်းနိုင်ပြီး ၁၂ နာရီ မိနစ် ၅ဝ တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။
''မီးလောင်ကျွမ်းတဲ့အိမ်က ကြွေထည်၊ လျှပ်စစ်၊ ပလတ်စတစ်စတဲ့ အိမ်သုံးပစ္စည်းတွေရောင်းချတဲ့ဆိုင်ပါ။ အိမ်က ဂိုဒေါင်လိုဖြစ်နေပြီး နံရံကို သွပ်ပြားတွေနဲ့ကာရံထား တာမို့ မီးငြှိမ်းသတ်ရာမှာ အဟန့်အတား တွေရှိနေပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေက နေအိမ်ထဲကို ခက်ခက်ခဲခဲ ဝင်ရောက်ပြီး မီးငြှိမ်းသတ်ခဲ့ရပါတယ်။ ပြည်သူတွေကလည်း တတ်စွမ်းသမျှ ဝိုင်းဝန်းပြီး မီးငြှိမ်းသတ်တာတွေ၊ ပစ္စည်းတွေ သယ်ထုတ်ပေးတာတွေဆောင်ရွက်ပေးကြပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်နဲ့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးပြီး လူနဲ့တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး''ဟု မြို့နယ်မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး ကော်မတီဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်နန်းစံနွန်းအား တာချီလိတ်မြို့မရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment