Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Sunday, June 14, 2015
ဖောက်ထွင်းမြင်နိုင်မယ့် ကွန်ပျူတာ Screen တစ်ခုကို Samsung ပြသ
LG ကုမ္မဏီက သံလိုက် နဲ့ နံရံ မှာ ကပ်ထားလို့ရပြီး အလွန်ပါးလွှာတဲ့ TV တစ်လုံးကို မိတ်ဆက်ပြသပြီးတဲ့နောက် Samsung ကလည်း ဖောက်ထွင်းမြင်ရနိုင်တဲ့ မျက်နှာပြင်အကြည်နဲ့ ကွန်ပျူတာ Screen တစ်ခုကို မိတ်ဆက်ပြသလာပါတယ်။ အဲဒီ Screen ကိုတော့ Gestures တွေနဲ့ ထိန်းချုပ်လို့ ရနိုင်မယ်လို့လည်း ဆိုထားပါသေးတယ်။
Intel ကုမ္မဏီ နဲ့ ပူးပေါင်းပြီး တောင်ကိုရီးယားနည်းပညာ ကုမ္မဏီ Samsung ဟာ OLED နည်းပညာကို အသုံးပြု တည်ဆောက်ထားတဲ့ ၅၅ လက်မ အကျယ်ရှိ ကွန်ပျူတာ Screen ကို ပြသခဲ့တာပဲဖြစ်ပါတယ်။
ထို Screen မှာတော့ Intel ရဲ့ နည်းပညာ တစ်ခုဖြစ်တဲ့ RealSense နည်းပညာ ကိုထည့်သွင်းထားပါတယ်။ အဲဒီနည်းပညာကတော့ Microsoft ကုမ္မဏီ ရဲ့ Gesture ထိန်းချုပ်တဲ့ နည်းပညာ Kinect System နဲ့တော့ ပုံစံ ချင်းနီးစပ်တာကိုတွေ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ Samsung ကုမ္မဏီက မှန် လို အသုံးပြုနိုင်မယ့် OLED မျက်နှာပြင်တစ်ခုကိုလည်း ထုတ်လုပ်ထားပါသေးတယ်။ အဲဒီ မျက်နှာပြင်ကတော့ အ၀တ်လဲခန်းတွေ ရေချိုးခန်း တွေမှာ အသုံးပြုဖို့ ဖန်တီးထားတာဖြစ်ပြီး ထို မျက်နှာပြင်ကို သာမန် မှန် တစ်ချပ် လိုပဲ အသုံးပြုနိုင်ပြီး ဒစ်ဂျစ်တယ် သတင်းအချက်အလက် တွေကို လိုအပ်တဲ့အခါမှာ ပြသစေနိုင်မှာ ဖြစ်ပါတယ်။
ထို မျက်နှာပြင်ကို အထူးသဖြင့် ဈေးဝယ်စင်တာ တွေမှာ ရှိတဲ့ အ၀တ်လဲခန်းတွေမှာ အသုံးပြုနိုင်ဖို့ ပစ်မှတ်ထားထားတာ ဖြစ်ပါတယ်။ ဈေးဝယ်သူတွေအနေနဲ့ ထို မျက်နှာပြင်မှာ မှန်အဖြစ် မိမိဝယ်လိုတဲ့ အ၀တ်အစားကို ကြည့်ရှုပြီးတဲ့နောက် အခြား အရောင် အခြား ဒီဇိုင်းတွေနဲ့ လိုက်ဖက်နိုင်မလားဆိုတာကို ဒစ်ဂျစ်တယ် သတင်းအချက်အလက်တွေနဲ့ ထို မျက်နှာပြင်မှာ ရှာဖွေနိုင်မှာဖြစ်ပါတယ်။
Samsung ကုမ္မဏီကတော့ ထိုမျက်နှာပြင်ကို အိမ်တိုင်းမှာ မှန်တွေ အစား အသုံးပြုလာကြလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
Labels:
နည်းပညာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment