Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Sunday, June 14, 2015
ဗဟိုဘဏ်မှာ ငွေအင်အား မလုံလောက် ဆိုပြီး ဝေဖန်နေ
အမေရိကန် ဒေါ်လာ နဲ့ လဲလှယ် ရာ မှာ မြန်မာ ကျပ် ငွေ တန်ဖိုး ကျဆင်း နေရ တာ နဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံ မှာ ရှိ နေတဲ့ ကုန်သွယ်မှု ပမာဏ ကို ကျောထောက် နောက်ခံ ပြု နိုင်လောက် တဲ့ ငွေကြေး အင်အား မျိုး နိုင်ငံတော် ဗဟို ဘဏ် မှာ ရှိမနေ တာ က အကြောင်းအရင်း တစ်ချက် ဖြစ်တယ် ဆိုပြီး မြန်မာ စီးပွားရေး လုပ်ငန်း ရှင် တွေ က ဝေဖန် နေပါတယ်။
ဗဟို ဘဏ် က ပြောထားဖူး တဲ့ ငွေ ၁၁ ဘီလျံ ရှိတယ် ဆိုတဲ့ ပမာဏ ဟာ ငွေသား အနေနဲ့ ချက်ခြင်း ဖော် နိုင် မှု ရှိ ရင် တော့ ငွေ တန်ဖိုး အတက်အကျ ကြမ်း မှာ မဟုတ် ဘူး ဆိုပြီး ကုန်သည် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဒုဥက္ကဌ ဒေါက်တာ မောင်မောင်လေး က ဘီဘီစီ ကို ပြောပါတယ်။
ဒေါ်လာ ဈေး မြင့်တက် မှု အခက်အခဲ ကို ဖြေရှင်း ပေးဖို့ ဗဟိုဘဏ် မှာ ရှိတဲ့ နိုင်ငံခြား အရံ ငွေ တွေ ကို ကုန်သည် တွေ ဆီ တိုက် ရိုက် ထုတ် ရောင်း ပေးဖို့ တောင်းဆို ခဲ့ ပေမယ့် ဗဟို ဘဏ် ဘက်က ဖြည့်စည်း မပေး နိုင်ခဲ့ ဘူး ဆိုပြီး တော့ လည်း ဆန်စပါး လုပ်ငန်းရှင်များ အသင်းက တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်း ကပြောပါတယ်။
ဒေါ်လာဈေး ဟာ အခု သီတင်းပတ်ကုန် အတွင်း မြန်မာကျပ်ငွေ ၁၂၈၀ လောက် အထိ ဈေးတက် ခဲ့ပြီး နောက်မှာ တော့ ၁၁၈၀ လောက် အထိ ဈေးပြန်ကျ သွားခဲ့ပါတယ်။
အဲဒီလို ဈေးနှုန်း အတက်အကျ ကြမ်းတဲ့ အတွက် ငွေလဲ ကောင်တာ အချို့ မှာ လက်ကျန် ဒေါ်လာငွေ မရှိဘူး ဆိုပြီး အရောင်း ရပ်ဆိုင်းတဲ့ အထိ ဖြစ်ခဲ့ပါတယ်။
လောလောဆယ် မှာ အစိုးရက ဒေါ်လာ မှောင်ခို ဈေး ကစားသူ တွေ ကို ဖမ်းဆီး အရေး ယူနေတယ် ဆိုပေမယ့် တကယ်တမ်း ဈေးကွက်ထဲက ဝယ်လိုအားကို လုံလုံ လောက်လောက် မဖြည့်တင်း နိုင်ဘူး ဆိုရင်တော့ ဒေါ်လာဈေး ဟာ ဆက်လက် မြင့်တက်မယ့် အနေအထား မှာ ရှိတယ် လို့ သုံးသပ် ပြောဆို နေကြပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment