Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Sunday, June 14, 2015
Hillary Clinton ရဲ့ ပထမဆုံး လူထုစည်းဝေးပွဲ
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်ဖို့ လုပ်နေတဲ့ ဟီလာရီကလင်တန်ဟာ ပထမဆုံး မဲဆွယ်စည်းရုံး ပွဲကြီး တခုကို စနေနေ့က လုပ်ခဲ့ပါတယ်။ တန်းတူအခွင့်အရေးရဖို့နဲ့ ရုန်းကန်နေရတဲ့ လူလတ်တန်းစားတွေ အတွက် လုပ်ဆောင်သွားမယ်လို့ ကတိပေးပြီး သူလုပ်မယ့် အစီအစဉ်တွေအကြောင်း ကိုယ်တိုင် တွေ့ကြုံခံစားရတာတွေနဲ့အတူ ဟာသစွက်တဲ့ မိန့်ခွန်းတခုကို ခွန်အားအပြည့်နဲ့ပြောခဲ့ပါတယ်။
အဲဒီမဲဆွယ်စည်းရုံးပွဲကို နယူးယောက်ပြည်နယ်၊ Roosevelt ကျွန်းမှာလုပ်တာဖြစ်ပြီး သူ့မိန့်ခွန်းကို ရုပ်မြင်သံကြားကနေတဆင့် တနိုင်ငံလုံးကို ထုတ်လွှင့်ပါတယ်။ စီးပွားကျဆင်းပြီးတဲ့နောက် အဆင်မပြေဖြစ်ကုန်ကြသူတွေ အပါအဝင် အမေရိကန်နိုင်ငံသားအားလုံးအတွက် သူ ရွေးကောက်ပွဲ ဝင်တာလို့ ထောက်ခံသူ ထောင်ပေါင်းများစွာကို မစ္စစ်ကလင်တန်က ပြောပါတယ်။
ရီပတ်ဘလီကန်ပါတီဘက်မှာ သမ္မတရွေးကောက်ပွဲဝင်မယ့်လူ အများအပြားဖြစ်နေတာဟာ မတူကွဲပြားခြားနားတဲ့ မဲဆန္ဒရှင်တွေနဲ့ အထိအတွေ့ ကင်းမဲ့တာကို ပြနေတယ်ဆိုပြီး ရီပတ်ဘလီကန်ပါတီကို မစ္စစ်ကလင်တန်က အပြင်းအထန် ထိုးနှက်ပါတယ်။
သူ့အဆိုအားဖြင့် မိမိတို့ရဲ့ရွေးကောက်ပွဲတွေကို ပုံပျက်ပန်းပျက်ဖြစ်အောင်လုပ်နေတဲ့ လျှို့ဝှက်ပြီး တာဝန်ခံမှုမရှိတဲ့ငွေတွေ အဆုံးမရှိဝင်နေတာကို အဆုံးသတ်မယ်လို့လည်း သူက ကတိပြုပြောဆိုပါတယ်။
မိဘက စွန့်ပစ်တာကိုခံရပြီးတဲ့နောက် အသက်ငယ်ငယ်မှာ အိမ်အကူအဖြစ်လုပ်ခဲ့ရတဲ့ သူ့မိခင်ရဲ့ နိမ့်ပါးတဲ့နောက်ခံသမိုင်းကို ပြောသွားတာနဲ့အမျှ သူတို့ရဲ့ပြဿနာတွေကို နားလည်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ သမ္မတကတော်ဟောင်း မစ္စစ်ကလင်တန်က မဲဆန္ဒရှင်တွေကို ပြောသွားပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment