Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Sunday, June 14, 2015
မြန်မာနိုင်ငံဆိုင်ရာ တရုတ်မူဝါဒ ပြောင်းလဲ လာပြီလား
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ပထမဆုံး တရုတ်ပြည် ၅ ရက်ကြာ ခရီးစဉ် ပြီးဆုံးပြီး တနင်္ဂနွေ နေ့ ကပဲ မြန်မာ နိုင်ငံ ကို ပြန် ရောက် လာပြီ ဖြစ်ပါတယ်။
တရုတ် ကွန်မြူနစ် ပါတီ ကနေ မြန်မာ အတိုက်အခံ ပါတီ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ကို ဖိတ် ခေါ် ခဲ့တဲ့ ဒီ ခရီး စဉ် အတွင်း မှာ ပါတီ ၂ ခုရဲ့ ခေါင်းဆောင် တွေ ဖြစ်တဲ့ တရုတ် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေး မှုး လည်းဖြစ်၊ တရုတ်ပြည် ဗဟို စစ်ကော်မရှင် ဥက္ကဌ လည်း ဖြစ်တဲ့ တရုတ် သမ္မတ ရှီကျင်းပင် နဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံ ခဲ့ ကြတာ ဖြစ် ပါတယ်။
တရုတ် အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အနောက် အုပ်စု နဲ့ နီးစပ် သူ တစ်ယောက် အဖြစ် သဘော ထား ရာ ကနေ မြန်မာ ပြည်သူ တွေ ကို ကိုယ်စားပြု တဲ့ ခေါင်းဆောင် အဖြစ် အလေးထား ရှု့မြင် လာ ကြပြီး ဆက်ဆံ မှု တည်ဆောက် လာတာ ဖြစ်တယ်လို့ တရုတ် ပြည် အခြေစိုက် ဘီဘီစီ သတင်းထောက် ဦးမျိုးသစ် က သုံးသပ် ပါတယ်။
တရုတ် အစိုးရ ဟာ သူတို့ အစဉ် အဆက် ဆက်ဆံ ရေး ထိန်းသိမ်း ခဲ့တဲ့ မြန်မာ အာဏာပိုင် တွေ နဲ့ အကြား နယ်စပ် တည်ငြိမ် ရေး လို ကိစ္စ တွေ နဲ့ ပတ်သက်ပြီး တင်းမာ မှု တွေ ရှိ လာတဲ့ အတွက် လည်း မြန်မာ့ နိုင်ငံ ရေး မှာ အလားအလာ ရှိ တဲ့ အတိုက်အခံ ခေါင်းဆောင် နဲ့ ဆက်ဆံ ရေး တိုးမြှင့် လာတဲ့ မူဝါဒ ပိုင်း ဆိုင်ရာ အပြာင်း အလဲ တစ်ရပ် ဖြစ်တယ် လို့ ဦး မျိုးသစ် က သုံးသပ် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ် ခရီးစဉ် အတွင်း မှာ ဘေဂျင်း မြို့တော် ကို သာမက ရှိုင်ဟိုင်း လို အဓိ က စီးပွား ရေး မြို့ ကြီး အပါအဝင် မြန်မာ နဲ့ နယ်စပ်ချင်း ထိစပ် နေတဲ့ ယူနန် ပြည် နယ် ကို သွားရောက် ခဲ့ ပါတယ်။
တရုတ် ပြည် ခရီးစဉ် နဲ့ ပတ်သက်ပြီး NLD ဘက်က ထုတ်ပြန်ချက် တစ်စောင် မကြာခင် ထွက် လာဖို့ မျှော်လင့် ရပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment