Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Sunday, June 14, 2015
Snowden စာတွေကြောင့် ဗြိတိသျှသူလျှိုတွေ နေရာ ပြောင်းရွှေ့
အမေရိကန်ထောက်လှမ်းရေးဝန်ထမ်းဟောင်း Edward Shnowden ဆီက သင်္ကေတသုံး ထိပ်တန်း လျှို့ဝှက်စာရွက်စာတမ်းတွေကို ရုရှားနဲ့တရုတ်နိုင်ငံတို့ကရသွားခဲ့တဲ့အတွက် သဘောထားတင်းမာတဲ့နိုင်ငံတွေမှာတာဝန်ချထားတဲ့ ဗြိတိသျှအစိုးရရဲ့ သူလျှိုတွေကို နေရာပြောင်းရွှေ့ခဲ့ရတယ်လို့ ဗြိတိန်ထိပ်တန်းသတင်းစာတစောင်ကဖော်ပြပါတယ်။
Snowden အမေရိကန်နိုင်ငံကနေ ၂ဝ၁၃ ခုနှစ်ကထွက်ပြေးသွားတုန်း ခိုးယူသွားခဲ့တဲ့ လျှို့ဝှက်သင်္ကေတသုံး စာတမ်းပေါင်း တစ်သန်းကျော်ကို ရုရှားတို့ကရသွားခဲ့ပြီးတဲ့နောက် အခုလို သူလျှိုတွေကိုရွှေ့ပြောင်းလိုက်ရတာလို့ The Sunday Times သတင်းစာက ပြောပါတယ်။ သူအခုလို ထွက်ပြေးသွားပြီး မကြာခင်မှာဘဲ ရုရှားသမ္မတ Vladimir Putin က Snowden ကို ယာယီနိုင်ငံရေးခိုလှုံခွင့် ပေးလိုက်ပြီး ရုရှားပြည်တွင်းလွပ်လပ်စွာသွားလာနိုင်တဲ့ နေထိုင်ခွင့်ပါမစ်ကိုပါ နောက်ပိုင်းမှာ ချပေးလိုက်တာပါ။
လျှို့ဝှက်စာတမ်းတွေကို အခုလိုရသွားခဲ့တဲ့အတွက် သူလျှိုတွေရဲ့လုပ်ပုံကိုင်ပုံတွေသိသွားကြတာကြောင့် သူတို့ကို နေရာပြောင်းရွှေ့ လိုက်ရတာဖြစ်ပြီး သိပ်အရေးကြီးတဲ့သတင်းတွေရဖို့မဖြစ်နိုင်တော့ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ရတဲ့သတင်းရင်းမြစ်ကို ကိုးကားပြီး The Times သတင်းစာကဖော်ပြပါတယ်။
ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်ရုံးကတော့ ဘယ်သူမှ အန္တာရာယ်ကျရောက်တာမျိုးမှ မတွေ့ရဘူးဆိုတဲ့ပြောဆိုချက်ကိုလည်း တဆက်တည်း ဖော်ပြထားတာပါ။တရုတ်နိုင်ငံကလည်း အနောက်နိုင်ငံတွေရဲ့ သူလျှိုလုပ်ငန်းနဲ့ပတ်သက်လို့ ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ လုပ်ကိုင် နေသလဲ ဆိုတဲ့အချက်အလက်တွေရသွားတယ်လို့ အခြားအစိုးရသတင်းရင်းမြစ်တွေအရ the times သတင်းစာကဖော်ပြသွားပါတယ်။
အမေရိကန်နဲ့ ဗြိတိန်အစိုးရဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ဘယ်လိုမှတ်ချက်မျိုးမှမပြောသေးပါဘူး။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment