Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Tuesday, June 16, 2015
Republican သမ္မတ ကိုယ်စားလှယ်လောင်းစာရင်း Jeb Bush ပါဝင်
Florida ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ အရင် အမေရိကန်သမ္မတဟောင်းတွေရဲ့ သားနဲ့ညီဖြစ်သူ Jeb Bush ဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ကိုယ်လှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း တနင်္လာနေ့က တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
သူဟာ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းတွေထဲက ၁၁ ဦးမြောက်အဖြစ် ၀င်ရောက် လာတာဖြစ်ပေမယ့် သူ့ပါတီဘက်က နောက်ထပ် ပါဝင်လာမယ့်သူတွေ ရှိလာနိုင်သေးတယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အကြီးအကျယ် မှားယွင်းတဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိနေတယ်လို့Miami မြို့မှာပြုလုပ်တဲ့ သမ္မတလောင်းအဖြစ် တရားဝင်ကြေညာပွဲမှာ Bush က ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။ တိုင်းပြည်အတွင်း တင်းကျပ်တဲ့ ဥပဒေတွေ အဆက်မပြတ်ထုတ်ပြန်ပြီး အမေရိကန်စီးပွားရေးကျဆင်းအောင် ဒီမိုကရက်တစ်ပါတီက လုပ်ဆောင်နေတယ်လို့ သူက အပြစ်တင်လိုက်ပါတယ်။
ဝါရှင်တန် ဒီစီမြို့မှာ လက်ခံနေတဲ့ လုပ်ရိုး လုပ်စဉ်တွေကို ပြုပြင် ပြောင်းလဲနိုင်မယ့် သမ္မတ လိုအပ်ကြောင်းနဲ့ အဲဒီလို လုပ်နိုင်တဲ့ သမ္မတဟာ သူဖြစ်ကြောင်း Jeb Bush က ပြောပါတယ်။
ရီပတ်ဘလီကန်ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ့် သမ္မတ ကိုယ်စားလှယ်လောင်းအများစုဟာ ပါတီရဲ့ရှေးရိုးစွဲ Conservative ၀ါဒကို လက်ခံတဲ့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုရရှိဖို့ ကြိုးပမ်းနေကြတာဖြစ်ပေမယ့် Jeb Bush ကတော့ မဲဆွယ်လှုပ်ရှားတဲ့ ဗွီဒီယိုထဲမှာ သူ့အနေနဲ့ ပိုမို ကျယ်ပြန့်တဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်လိုတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် သရုပ်ဖော်ထားပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment