Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Tuesday, June 16, 2015
ချဲလ်ဆီးအသင်းနဲ့ Radamel Falcao တို့အကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိ
Radamel Falcao ဟာ ချဲလ်ဆီးအသင်းနဲ့ ပုဂ္ဂိုလ်ရေးဆွေးနွေးရာမှာ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။
ဒါကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ အသက် ၂၉ နှစ်အရွယ် ကိုလံဘီယာ နိုင်ငံသား တိုက်စစ်မှုး Falcao ကို ခေါ်ယူဖို့အတွက် မိခင်ကလပ် အသင်းဖြစ်တဲ့ မိုနာကို အသင်းနဲ့ ပြောင်းရွှေ့ကြေးဆိုင်ရာ ငွေကြေး ကိစ္စတွေမှာ ဆက်လက်ဆွေးနွေးသွားဖို့သာ ကျန်တော့မှာပါ။
ချဲလ်ဆီးအသင်းဟာ Falcao ကို နှစ်ရှည် အငှားစာချုပ်နဲ့သာ ခေါ်ယူချင်နေတာဖြစ်ပြီး အမြဲတမ်းအတွက် သေချာတဲ့ သဘောတူညီမှု တော့ ဆွေးနွေးမှု ရလဒ်တွေမှာပါဝင်လာခြင်းမရှိပါဘူး။ ဒါပေမယ့် မိုနာကို အသင်းကတော့ မန်ယူက Falcao ကို အငှားစာချုပ် ပြည့်သွားပေမယ့် စာချုပ်ချုပ် မခေါ်ယူခဲ့တဲ့နောက်မှာ ပိုမိုကောင်းမွန်တဲ့ သဘောတူညီမှုတွေကိုသာ လိုချင်နေပါတယ်။
Falcao ရဲ့ လက်ရှိ လုပ်အားခမှာ တစ်ပတ်ကို စတာလင်ပေါင် ၂၆၅,၀၀၀ ပေါင် ခံစားခွင့်ရှိနေပေမယ့်လည်း သူဟာ လုပ်အားခ ဖြတ်တောက်ခံရဖို့ကလည်း သဘောတူထားပါတယ်။ အကြောင်းအရင်းကတော့ Falcao ဟာ ပရီးမီးယားလိဂ်မှာ ပဲ ဆက်လက်တဲ့ ကစားလိုတဲ့ ဆန္ဒရှိနေပြီး လန်ဒန်ကို ပြောင်းဖို့ ကြိုးစားနေတဲ့အတွက် ဖြစ်တယ်လို့ Mirror သတင်းဌာန က မတ်လကတည်းက ဖော်ပြခဲ့ဖူးပါတယ်။
မိုနာကို အသင်းကတော့ ချဲလ်ဆီးအသင်းကို Falcao အတွက် ငှားရမ်းခ များများပေးဖို့ နဲ့ နောက်နှစ်မှာ စတာလင်ပေါင်သန်း ၃၀ နဲ့ Falcao ကို ခေါ်ယူဖို့အတွက် ဖိအားတွေပေးနေတယ်လို့ သိရပါတယ်။
Labels:
အားကစားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment