Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Tuesday, June 16, 2015
နိုင်ငံပေါင်း ၁၀၀ မှ ကလေးငယ်များကို ISIS စစ်သွေးကြွအဖွဲ့ စုဆောင်းလျက်ရှိ
ISIS စစ်သွေးကြွ များသည် ၄င်းတို့အဖွဲ့ အခြေစိုက် လှုပ်ရှားနေသည့် နိုင်ငံများ အတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် အတွက် နိုင်ငံပေါင်း ၁ဝဝ မှ ကလေးငယ် များကို စစ်သွေးကြွ အဖွဲ့ဝင်သစ်များ အဖြစ် စုဆောင်းလျက် ရှိကြောင်း အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ်အဘာဒီ က ဇွန် ၁၅ ရက်တွင် ပြောကြားသည်။
နိုင်ငံပေါင်း ၁ဝဝ မှ ကလေးငယ် များကို အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် အတွက် ISIS စစ်သွေးကြွ အဖွဲ့က စုဆောင်းမှုများ ပြုလုပ်လျက် ရှိကြောင်းနှင့် လူသတ်မှုများ ကျူးလွန်ရန် အတွက် ကလေးငယ် များကို
အသုံးချ ခြင်းသည် စက်ဆုပ် ရွံရှာဖွယ် ကောင်းသည့် ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် အယ်လ်အဘာဒီ က ပြောကြားသည်။
ISIS စစ်သွေးကြွ များသည် ၂ဝ၁၅ ခုနှစ် အတွင်းတွင် ဆီးရီးယား နိုင်ငံတွင်းရှိ ကလေးငယ် အနည်းဆုံး ၄ဝဝ ခန့်ကို ၄င်းတို့၏ အဖွဲ့ဝင်သစ် များအဖြစ် စုဆောင်း ခဲ့ကြောင်း၊ ထို့ပြင် ၄င်းကလေးငယ် များကို အစွန်းရောက် အတွေးအခေါ် များကို အသုံးပြု၍ စစ်ရေး လုပ်ဆောင် မှုများကို လေ့ကျင့် သင်ကြား ပေးခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်သစ် အဖြစ် ၄င်းတို့ စုဆောင်းထားသည့် ကလေး အားလုံးမှာ ၁၈ နှစ်အောက် အရွယ်များ ဖြစ်ကြောင်း လန်ဒန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ တစ်ဖွဲ့က မတ်လ အတွင်းက ပြောကြားသည်။
ကလေးငယ်များအား အကြမ်းဖက်မှု လုပ်ငန်းများ လုပ်ဆောင်ရန် စုဆောင်း နေသည့် ISIS စစ်သွေးကြွ များ၏ လုပ်ရပ်ကို လူသား မဆန်သည့် ရက်စက် ကြမ်းကြုတ်မှု လုပ်ရပ်အဖြစ် ဝေဖန် ရှုတ်ချရန် အီရတ် ဝန်ကြီးချုပ် က ကုလသမဂ္ဂသို့ တောင်းဆို ခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)


No comments:
Post a Comment