Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Tuesday, June 16, 2015
Harry Kane ကို မခေါ်ယူသင့်ဘူးလို့ မန်ယူ ကစားသမားဟောင်း Andy Cole ဆို
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တ၀င် ကစားသမားကြီး Andy Cole က Harry Kane ဟာ တော့တင်ဟမ် အသင်းကနေ မန်ယူ အသင်းကို ပြောင်းဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတာကို သံသယ ရှိနေတယ်လို့ ဆိုပါတယ်။
မန်ယူ ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ တော့တင်ဟမ် အသင်းအတွက် ၃၁ ဂိုး သွင်းပေးနိုင်ခဲ့တဲ့ ခြေတက် လူငယ် ကစားသမား တစ်ယောက်ဖြစ်ပြီး Harry Kane ကို ခေါ်ယူဖို့အတွက် လည်း မန်ယူ အသင်းက စတာလင်ပေါင် သန်း၄၀ နဲ့ ကမ်းလှမ်းထားပါတယ်။
လက်ရှိ အင်္ဂလန် ယူ-၂၁ အသင်းနဲ့ အတူ ဥရောပ ချန်ပီယံရှစ်ပ် ပြိုင်ပွဲ ၀င်ပြိုင်နေတဲ့ Kane ဟာ လက်ရှိ အင်္ဂလန် အသင်းမှာလည်း အကောင်းဆုံး လူငယ်ကစားသမား တစ်ယောက်ဖြစ်နေပါသေးတယ်။
ဒါပေမယ့်လည်း မန်ယူ မှာ ၈ နှစ်တိတိ တိုက်စစ်မှုး အဖြစ် ကစားပြီး ၁၂၁ ဂိုး တိတိ သွင်းယူပေးခဲ့တဲ့ ဂန္တ၀င် ဘောလုံးသမားကြီး Andy Cole ယုံကြည်ထားတာကတော့ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှုး Kane အတွက် မန်ယူအသင်းရဲ့ သက်သေပြနေမှုတွေက အရမ်းများနေတယ်ဆိုတာပါပဲ။
Andy Cole အနေနဲ့ တစ်ကယ်ယုံကြည်နေတာက မြို့ခံ ပြိုင်ဘက် အသင်းဖြစ်တဲ့ မန်စီးတီး အသင်းရဲ့ တိုက်စစ်မှုး Sergio Aguero သာလျှင် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး တိုက်စစ်မှုး တစ်ယောက်ဖြစ်ပြီး မန်ယူ အသင်းအနေနဲ့ Aguero ကို ပဲ စတာလင်ပေါင် သန်း ၆၀ လောက်ပေးပြီး ခေါ်ယူလိုက်တာ ပိုကောင်းမယ်လို့ Cole က ထင်နေပါတယ်။
ဒါ့အပြင် မန်ယူ နည်းပြ အသစ် Louis van Gaal ရဲ့ အသင်းကို စတင်ကိုင်တွယ်တဲ့ ဘောလုံးရာသီဟာ ခက်ခဲမယ်ဆိုတာကို Cole က ၀န်ခံထားပြီး Van Gaal အနေနဲ့ လက်ရှိတိုက်စစ်မှုးတစ်ယောက်ဖြစ်တဲ့ Radamel Falcao ရဲ့ အငှားစာချုပ်ပြည့်သွားပြီဖြစ်သလို Van Persie လည်း အသင်းက ထွက်ခွာသွားမယ်ဆိုရင်တော့ သူတို့ နေရာမှာ အစားထိုးနိုင်မယ့် တိုက်စစ်မှုး မျိုးကို ခေါ်ယူသင့်တယ်လို့လည်း Andy Cole က မှတ်ချက်ပြုခဲ့ပါတယ်။
Labels:
အားကစားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment