Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Tuesday, June 16, 2015
ရန်ကုန်မြို့ မိုးသည်းထန်၍ ယာဉ်ကြောပိတ်ဆို့ လျှပ်စစ်ပြတ်တောက်
ယနေ့ညနေ ၃ နာရီခန့်က ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာ သွန်းမှုကြောင့် ယာဉ်ကြော ကျပ်တည်းမှုများ နေရာအနှံ့ အပြားတွင်ဖြစ်ပေါ်ခဲ့ပြီး မိုးနှင့် အတူ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်၊ ရပ်ကွက်အချို့၌ လျှပ်စစ် ဓာတ်ကြိုးများ ပြတ်တောက်မှုတို့ ဖြစ်ပေါ်ခဲ့သည်။
''ဒီနေ့မိုးရွာတာ သည်းထန်ပြီး ရေတော်တော်ပါတယ်။ မထင်မှတ် ဘူး။ ဒီလောက် မိုးရေပါမယ်လို့ တောင်မထင်ရဘူး။ ပြီးတော့ မိုးရွာပြီး ရုံးဆင်းချိန်လည်းဆိုတော့ ရန်ကုန် မြို့ နေရာအတော်များများမှာ ယာဉ်ကြောကျပ်တည်းမှုတွေ ဖြစ်တာ တွေ့ရတယ်။ ကျွန်တော်တို့လမ်းမှာဆို ဓာတ်ကြိုးပြတ်တောက်မှုတွေဖြစ်ပြီး မီးတောင်မရတော့ဘူး''ဟု တာမွေ သမိန်ဗရမ်းလမ်း၌ နေထိုင်သည့် ဦးမိုးသူက ပြောကြားသည်။
ရန်ကုန်မြို့၏ ယနေ့မိုးရွာသွန်းမှု သည် မွန်းလွဲ ၂ နာရီခွဲကျော်က စတင်ရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ၃ နာရီ ကျော်အထိ မိုးသည်းထန်စွာ ရွာသွန်း ခဲ့သည်။ မိုးရွာချိန် နာရီဝက်ခန့်သာ ရှိသော်လည်း ရန်ကုန်မြို့ နေရာအနှံ့ အပြားတွင် ရေကြီးရေလျှံမှုဖြစ်ခဲ့သည်။
''စည်ပင်က ဝန်ထမ်းတွေလည်း ရေစီးရေလာကောင်းအောင် လုပ်နေ တာပဲ။ ဒါပေမယ့်လည်း မိုးရွာရင် ထူးခြားမှုဖြစ်မလာဘူး။ အမြဲတမ်း ရေလျှံမှုတွေဖြစ်၊ လမ်းကြောတွေ ပိတ်ပြီး လမ်းပေါ်မှာတင် သုံးလေး နာရီ အချိန်ကုန်ခဲ့တယ်။ အခုလည်း ကျွန်မမြို့ထဲကနေ ဒီတာမွေကို နှစ်နာရီကျော်တောင် ကြာတယ်။
''ပလာဇာရှေ့နဲ့ မင်္ဂလာဈေးရှေ့ မှာတင် ကားတွေသွားလို့ မရဘူးဖြစ် နေတယ်''ဟု တာမွေ ဗျိုင်းရေအိုးစင် လမ်း၌နေထိုင်သည့် မသင်းသင်းက ပြောကြားသည်။
ယနေ့ မိုးသည်းထန်မှုကြောင့် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ သမိန် ဗရမ်းလမ်းနှင့် ဗညားဒလလမ်းထောင့် ဆုံရာ တာမွေမီးပွိုင့်၌ ရေကြီးရေလျှံ မှုကြောင့် ကားများပိတ်ဆို့ကာ ခရီးသည်များ လမ်းပေါ်၌ပင် အချိန်နှောင့်နှေး ကြန့်ကြာခဲ့သည်။ အဆိုပါ ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့ပေးရန် ယာဉ်ထိန်း ရဲတပ်ဖွဲ့က လမ်းရှင်းပေးလျက် ရှိသော်လည်း အထိုက်အလျောက်သာ ပြေလျော့ခဲ့သည်။
''မိုးတွင်းကတော့ ဒီလိုပဲ ခဏ ခဏဖြစ်နေဦးမှာပါပဲဗျာ။ စည်ပင်က လည်း ရေစီးကောင်းအောင်တော့ လုပ်နေကြတာပဲ။ ဒါပေမယ့် တစ်နှစ် ထက်တစ်နှစ်က ပိုပိုဆိုးလာသလိုပဲ။ ရန်ကုန်မြို့ရဲ့ လူဦးရေထူထပ်များပြား လာမှုကြောင့်ပဲလား၊ စည်းကမ်း လျော့ရဲမှုကြောင့်ပဲလား မသိပါဘူး။ ခုလို ရေကြီးရေလျှံဖြစ်လာရင် ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ် တွေပဲ ရေထဲစီးမျောလာတာ အများ ဆုံး။ ကျွန်တော်တို့လည်း အစ်ကို တို့မြင်တဲ့အတိုင်း လမ်းရှင်းပေးရတာ တော်တော်မလွယ်ဘူး'' ဟု ယာဉ် ထိန်းရဲတစ်ဦးက တာမွေမီးပွိုင့်တွင် ကျပ်တည်းမှုဖြစ်နေသည့် ယာဉ်ကြော ရှည်ကြီးကို မနားတမ်း လက်ပြ လမ်းညွှန်ရင်း ဝီစီကို တကျီကျီမှုတ် ရင်း ရှင်းပြခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့သာယာလှပ ရေး၊ ရေစီးရေလာကောင်းမွန်ရေး ကို ရေတို/ရေရှည်စီမံကိန်းတို့ဖြင့် အကောင်အထည်ဖော်သည်မှာ ယခင် နှစ်အနည်းငယ်အတွင်းကပင် ဖြစ် သည်။ ရန်ကုန်မြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေး ရေထုတ်မြောင်းများ ကို စီမံကိန်းဖြင့် ရန်ကုန်မြို့နေရာ အတော်များများ၌ အကောင် အထည်ဖော် လုပ်ဆောင်လျက်ရှိ သည်။ သို့ရာတွင် ယနေ့ထက်တိုင် ရေကြီးရေလျှံမြဲဖြစ်ရာ ပြည်သူများ အကျိုးခံစားမှု အပြည့်အဝ မရှိ သေးပေ။
ရန်ကုန်မြို့၌ ယနေ့ နာရီဝက်ခန့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့တွင်း ကျောက်တံတား၊ အလုံ၊ ကြည့်မြင်တိုင်၊ တာမွေ၊ မင်္ဂလာ တောင်ညွန့်နှင့် သင်္ဃန်းကျွန်းမြို့နယ် များရှိ ယာဉ်သွားလမ်းများနှင့် ရပ်ကွက်တွင်းလမ်းများ၌ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment