Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Tuesday, June 16, 2015
Petr Cech ဘယ်ကို ပြောင်းမှာလည်း?
လက်ရှိ ချဲလ်ဆီး အသင်းမှာ နေရာမရ ဖြစ်နေတဲ့ Petr Cech ရဲ့ ဂိုး နည်းပြ Christophe Lollichon က ချဲလ်ဆီး ရဲ့ ဂန္တ၀င် ကြယ်ပွင့်ဟာ အာစင်နယ် ကို ပြောင်းလိုတဲ့ ဆန္ဒရှိနေတယ်လို့ ယုံကြည်နေပါတယ်။
အာစင်ဝင်းဂါးကလည်း အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ချဲလ်ဆီး ဂိုးသမား Petr Cech ကို စတန်းဖို့ဒ်ဘရစ်ခ်ျ ကွင်းကြီးကနေ အီမရိတ် ကွင်း ကို ဒီတစ်ပတ် ထဲ ခေါ်ယူဖို့အတွက်လည်း ယုံကြည်မှု ရှိနေပါပြီ။
Petr Cech နဲ့ ဆယ်နှစ်ကျော်လောက် အလုပ်တွဲလုပ်ခဲ့တဲ့ Lollichon ကတော့ ချန်ပီယံ အသင်းရဲ့ နံပါတ် ၂ ဂိုးသမား ကို အာစင်နယ် အသင်းအနေနဲ့ ခေါ်ယူနိုင်မယ်ဆိုတာကိုလည်း ယုံကြည်နေပါတယ်။
"သူ့ရဲ့မိသားစု ဟာ အင်္ဂလန်ကို နှစ်သက်ပါတယ်။ သူ့ရဲ့ မိသားစု ပျော်နေရင် ကစားသမားလည်း ပျော်ပါတယ်။ သူဟာ အင်္ဂလန်မှာနေချင်နေပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုတွေဘယ်ရောက်နေလဲဆိုတာတော့ မသိပါဘူး။ ကောင်းတာတစ်ခုက အာစင်နယ် ဟာ ထိပ်တန်း အသင်းတစ်သင်းဖြစ်ပြီး လန်ဒန်တစ်မြို့ထဲဖြစ်နေတဲ့အတွက် သူ့အတွက်ပို အဆင်ပြေပါတယ်" လို့ Lollichon ကဆိုပါတယ်။
ချဲလ်ဆီး ရဲ့ မန်နေဂျာ Jose Mourinho ကတော့ Petr Cech တစ်ယောက် အာစင်နယ် အသင်းသို့ ပြောင်းမယ့် ကိစ္စကို တားဆီးသွားမယ်လို့တော့ ပြီးခဲ့တဲ့ အပတ်ကပဲ ပြောထားပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ ပိုင်ရှင် Abramovich ကတော့ Petr Cech ရဲ့ အသင်းအတွက် တာဝန်ထမ်းဆောင်ပေးခဲ့မှုတွေအတွက် သူ့အနေနဲ့ အသင်းကထွက်ခွာလိုတဲ့ ဆန္ဒရှိရင်မတားဖို့ Mourinho ကိုပြောထားပါတယ်။
လက်ရှိမှာ မန်ယူ အသင်းကလည်း ဂိုးသမား David De Gea တစ်ယောက် ရီးရဲမက်ဒရစ် အသင်းကို ပြောင်းရွှေ့တော့မှာ ဖြစ်တဲ့အတွက် Petr Cech ကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေပေမယ့် တော့တင်ဟမ် အသင်းရဲ့ ဂိုးသမား Hugo Lloris ကိုလည်း ခေါ်ယူချင်နေပါတယ်။ ဒါကြောင့် တော့တင်ဟမ်ကလည်း ဂိုးသမား လိုအပ်ကောင်းလိုအပ်နိုင်တာမို့လို့ Petr Cech ကိုလည်း မျက်စိကျနေတာဖြစ်ပါတယ်။
Petr Cech ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဟာ အာစင်နယ် ၊ မန်ယူ ၊ တော့တင်ဟမ် တို့သာမကပဲ ပြင်သစ် ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းကလည်း စိတ်ဝင်စားနေပါသေးတယ်။ ဒါပေမယ့် Petr Cech ကတော့ ပြောင်းတဲ့အခါမှာလည်း ပရီးမီးယားလိဂ်မှာ ပဲ ဆက်လက်ကစားလိုတဲ့ ဆန္ဒရှိနေပါတယ်။
Labels:
အားကစားသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment