Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Tuesday, June 16, 2015
လှေစီးဘင်္ဂလီ ၃၇ ဦး ဇွန် ၁၇ ရက်နေ့ ပြန်ပို့မည်
ရခိုင်ပြည်နယ် အနောက်ဘက်နယ် စပ် မောင်တောမြို့နယ် တောင်ပြိုမြို့တွင် ထိန်းသိမ်းထားသော လှေစီး ရေမျောကမ်းတင် ဘင်္ဂလီ ၃၇ ဦးအား ဇွန်လ ၁၇ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ် ပြန်လည် ပို့ဆောင်သွားမည်ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်လွှင်က ပြောသည်။
“ ဟုတ်ကဲ့။ နှစ်ဦးနှစ်ကဘက် သဘောတူထားပြီး။ မနက်ဖြန် ဇွန်လ ၁၇ ရက်နေ့မှာ ယခင်ကျန်နေခဲ့တဲ့ ၅၀ ထဲက ၃၇ ဦးကို လွဲပြောင်းမှာ ဖြစ်ပါတယ်။ ခေါင်းတုံးကနေ လွဲပြောင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ယင်းလွဲပြောင်းပွဲသို့ တောင်ပြိုမြို့နယ်ခွဲ လ၀ကမှူးနှင့် ဘင်္ဂလာဒေ့ရှ် ခေါင်းတုံးစခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတို့ တက်ရောက်မည်ဟု သိရသည်။
ယခုလွဲပြောင်းမည့် ၃၇ ဦးမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ အနောက်တောင်ဘက် ၄ မိုင်အကွာ ပင်လယ်ပြင်တွင် ဖမ်းဆီးမိသော ရေမျောကမ်းတင် ၂၀၀ ဦးထဲမှ ဖြစ်သည်။ ယင်းအထဲမှ ၁၅၀ ကို ဇွန်လ ၈ ရက်နေ့က သူတို့၏ နေရပ်ရင်းနိုင်ငံ ဖြစ်သော ဘင်္ဂလာဒေ့ရှ်သို့ ပြန်လည် လွဲပြောင်း ခဲ့သည်။
“ အကုန်လုံးကို လွဲမှာပါ။ ကျန်တဲ့ ၇၀၀ ကျော်ကိုလည်း စိစစ်ပြီးပြီ။ ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနကို စာရင်းပို့ထားပြီးပြီ။ ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက သူတို့မိသားစုတွေရှိတဲ့ နေရာကို သွားရောက်စိစစ်ပြီးရင် ကျန်တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားကို လွဲပြောင်း သွားမှာ ဖြစ်ပါတယ်” ဟု ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောကြားသည်။
ဧရာဝတီတိုင်းတွင် ဖမ်းမိပြီး ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တောင်ပြိုမြို့နယ် ယာယီ လက်ခံစခန်းသို့ ပို့ဆောင်ခံရသူ ဘင်္ဂလီ ၇၃၃ ဦးထဲမှ ၅၄၄ ဦးမှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားများ ဖြစ်ကြောင်း စိစစ်ထားပြီး ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment