Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Tuesday, June 16, 2015
အမျိုးသားတွေအတွက် နွေရာသီမှာ သန္ဓေအောင်နိုင်ချေများ
ရာသီ ရဲ့ ရှည်ကြာလွန်းတဲ့နေ့ အချိန်တွေနဲ့ ပူပြင်းမှုတွေဟာ ကဗျာ ဆန်ခြင်းတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နွေရာသီဟာ ဇနီးမောင်နှံတွေအတွက် ကလေးယူ ဖို့ အဖြစ်နိုင်ဆုံး အချိန်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်လိုက်ကြပါတယ်။
သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ အမျိုးသားတွေရဲ့ သုတ်ပိုးတွေဟာ နွေရာသီ လ တွေမှာ ပိုပြီး လှုပ်ရှားနိုင်ကြတယ်ဆိုတာပါပဲ။ ဒါဟာ Testosterone လိုမျိုး ဟော်မုန်း ပမာဏ ပြောင်းလဲမှုတွေနဲ့ သက်ဆိုင်နေတယ်လို့တော့ သုတေသီတွေက ဆွေးနွေးထားကြပါတယ်။
ဇနီးမောင်နှံ ၆ တွဲမှာ ၊ တစ်တွဲ လောက်က မျိုးမအောင်တဲ့ ပြသနာ ကို ရင်ဆိုင်နေရပါတယ်။ ဒါဟာ အမျိုးသားတွေရဲ့ မျိုးမအောင်မှုမှာ အများဆုံး တာဝန်ရှိနေပြီး မျိုးပွား ဖြစ်စဉ်ကို အောင်မြင်အောင်မစွမ်းဆောင်နိုင်တာဟာလည်း အမျိုးသားတွေရဲ့ သုတ်ပိုး လှုပ်ရှားနိုင်မှု (Motality) အားနည်းနေလို့ ဖြစ်ပါတယ်။
သန္ဓေအောင်ဖို့အတွက် မျိုးဥ နဲ့ မပေါင်းစပ်ခင်မှာ သုတ်ပိုးတွေဟာ သားအိမ် ၊ သားအိမ် ပြွန် ၊ သားအိမ်ခေါင်းတို့ ကို ဖြတ်သန်းလာရပါတယ်။ အဲဒီလို ဖြတ်သန်းတဲ့ အချိန်မှာ လျင်မြန်စွာ ဖြတ်သန်းနိုင်စွမ်းကို သုတ်ပိုးလှုပ်ရှားနိုင်မှု (Motality)လို့ ခေါ်တာဖြစ်ပါတယ်။ သုတ်ပိုးလှုပ်ရှားနိုင်မှု အားနည်းလာခြင်းဟာ သုတ်ပိုးကို မျိုးဥ ဆီ ရောက်နိုင်ဖို့ အခက်အခဲ ဖြစ်စေပါတယ်။
အမျိုးသားတွေဟာ သုတ်ပိုးရဲ့ ၄၀ ရာခိုင်နှုန်း ခန့် လှုပ်ရှားနိုင်ရုံနဲ့ သန္ဓေအောင်နိုင်ပါတယ်။ အီတလီနိုင်ငံ ပါးမား တက္ကသိုလ် ဆေးရုံ က ဆရာဝန်တွေဟာ အမျိုးသား ပေါင်း ၅၁၈၈ ယောက်ရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ပါတယ်။ သူတို့တွေတွေ့ရှိခဲ့ကြတာကတော့ အမျိုးသားတွေရဲ့ သုတ်ပိုး လှုပ်ရှားနိုင်မှု ( motality ) ဟာ နွေရာသီမှာ အားကောင်းပြီး မိုးရာသီ မှာ အားနည်းတတ်ပေမယ့် မိုးရာသီမှာတော့ သုတ်ပိုး ပမာဏ ကို များပြားစေနိုင်ပါတယ်။
Labels:
ကျန်းမာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment