Popular Posts

Tuesday, June 16, 2015

ဘယ်လ်ဂျီယံ နိုင်ငံမှာ လမ်းလျှောက်ရင်း စာရိုက်နိုင်မယ့် Text Walking Lane များကို စတင် ဖန်တီး ပြုလုပ်ပေးထား

သင့် ရဲ့ စမတ်ဖုန်းနဲ့ သင် ခဏလေးတောင်ခွဲနေလို့ မရတော့ဘူးဆိုရင်တော့ ဖြေရှင်းလို့ အဆင်ပြေဆုံး ဖြစ်မယ့် နည်းလမ်းက ဘယ်လ်ဂျီယံ နိုင်ငံ ကို သွားလိုက်ပါ။ အနာဂတ် အတွက် ကြိုတင် တွေးဆ မျှော်မှန်းထားတဲ့ ဥရောပနိုင်ငံ ဘယ်လ်ဂျီယံ ဟာ စမတ်ဖုန်း ပရိတ်သတ်တွေအတွက် အကောင်းဆုံးနည်းလမ်းကို ဖန်တီးပေးလိုက်ပါတယ်။ အဲဒါကတော့ လမ်းလျှောက်ရင်းလည်း စမတ်ဖုန်းနဲ့ စာတို(SMS) ပို့နေတတ်တဲ့ လူတွေအတွက် စာရိုက်ရင်းလမ်းလျှောက်နိုင်တဲ့ လမ်းကြောင်း (Text Walking Lane) ပဲ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ နိုင်ငံ Antwerp မြို့ မှာ ပြည်သူတွေ ဖုန်းနဲ့ စာရိုက်ရင်း လမ်းလျှောက်နိုင်မယ့် လမ်းကြောင်း ကို လူသွားလမ်းတွေရဲ့ အလယ်မှာ ဖန်တီး ပြုလုပ်ပေးလိုက်ပါပြီ။ ဘယ်လ်ဂျီယံ နိုင်ငံက Antwerp မြို့ဟာ တရုတ်နိုင်ငံက Chongqing မြို့ နဲ့ အမေရိကန် ပြည်ထောင်စု က Washington DC တို့လိုပဲ ပြည်သူ ပိုင်နေရာတွေဟာ အခြား လမ်းလျှောက် သွား လေ့ရှိသူတွေနဲ့ စမတ်ဖုန်းတွေအတွက် လုံခြုံမှု မရှိဘူး ဆိုတာကို သိခဲ့ပါပြီ။ ဘယ်လ်ဂျီယံ နိုင်ငံက စမတ်ဖုန်း ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ MLab ဟာ လူတွေ လမ်းလျှောက်ရင်း စာရိုက်တဲ့အခါမှာ တစ်ယောက် ကို တစ်ယောက် ၀င်တိုက်မိကြပြီး ဖုန်းတွေ ပြုတ်ကျတတ်တယ်ဆိုတာကို ရှာဖွေတွေ့ရှိ ခဲ့တယ်လို့ Bored Panda သတင်း ဌာန က ဖော်ပြထားပါတယ်။ အဲဒီနောက်မှာတော့ စမတ်ဖုန်း မျက်နှာပြင်တွေ ၊ ခလုတ် တွေ နဲ့ ကိုယ်ထည်တွေ ပျက်စီးသွားတတ်ပါတယ်။ အမှန်တစ်ကယ်တော့ အဲဒီ စာရိုက်ရင်းလမ်းလျှောက်နိုင်တဲ့ လမ်းကြောင်း ဟာ MLab ရဲ့ ဟာသ ပြုလုပ်ပြောခဲ့တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့်လည်း ပြည်သူတွေကတော့ ထို လမ်းကြောင်းတွေကို အသုံးပြုနေကြပါပြီ။

No comments:

Post a Comment