ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ
ထိခိုက်စေနိုင်တာတော့မှန်ပါတယ်။ ဒါပေမယ့်လည်း ဆေးလိပ်ဖြတ်ဖို့တော့
တော်ရုံတန်ရုံနဲ့ အောင်မြင်သွားတဲ့သူမရှိပါဘူး။ ဆေးလိပ်ကို
စွဲလန်းစေနိုင်တဲ့ နီကိုဒင်း ကြောင့်ဖြစ်စေ သင့်ရဲ့ မပြောင်းလဲနိုင်တဲ့
အမူအကျင့်ကြောင့်ဖြစ်စေ ဆေးလိပ်ဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်တော့
ဆေးလိပ်ဖြတ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် အချို့ရှိပါတယ်။ ဒါတွေကို
ဖတ်လိုက်ပြီးရင်တော့ သင်စိတ်ပြောင်းသွားနိုင်ပါတယ်။
၁။ အနံ့ဆိုးများထွက်စေခြင်း
ဆေးလိပ်သောက်ခြင်းဟာ အနံ့အသက်ဆိုးတွေကိုထွက်ပေါ်စေနိုင်ပါတယ်။ သင်ဘယ်လို
ခံတွင်းသန့်ရှင်းရေးလုပ်လုပ် ၊ သွားတိုက်ဆေး အကောင်းစားတွေ သုံးသုံး
အနံ့အသက်ဆိုးတွေ ထွက်ပေါ်တတ်တဲ့ အကျင့်ကတော့ သင်ဆေးလိပ်မဖြတ်မချင်း
ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။
၂။ အကုန်အကျများခြင်း
ဆေးလိပ်ဆိုတာကို ဘယ်သူကမှ အလကားပေးမနေပါဘူး။ စီးပွားဖြစ်ပဲ
ဆေးလိပ်ကိုထုတ်လုပ်ကြပါတယ်။ ဒါကြောင့် သင်နေ့စဉ် ဆေးလိပ် သောက်ဖို့အတွက်
ပိုက်ဆံ ဘယ်လောက် အကုန်ခံနေရလဲဆိုတာကို တွက်ကြည့်လိုက်ပါ။ သင်
ဆေးလိပ်ကြောင့် ကုန်ကျခဲ့တဲ့ ပိုက်ဆံ မနည်းဘူးဆိုတာတော့ သေချာပါတယ်။
၃။ အိုမင်းရင့်ရော်စေခြင်း
ဆေးလိပ်မသောက်တတ်သူတွေဟာ ဆေးလိပ်သမားတွေထက် နုပျိုနေတတ်ပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ထဲမှာတင် ထိခိုက်မှုတွေရှိစေတာမဟုတ်ပဲ သင့်ရဲ့
အသားအရေ ကိုလည်းထိခိုက်စေနိုင်ပါတယ်။ သင့်ရဲ့ အသားအရေ ဟာ ခြောက်သွေ့ ၊
အိုမင်း နေပါလိမ့်မယ်။ သင်ဟာ အသက် ၂၅ နှစ်အရွယ်မှာတင် အသက် ၄၀ အရွယ်လို
ပုံစံ ဖြစ်နေတာ ဆေးလိပ်ကြောင့်ပဲ ဖြစ်ပါတယ်။
၎။ မျိုးပွားခြင်းမှာ အခက်တွေ့စေနိုင်
ဆေးလိပ်သောက်ခြင်းဟာ မျိုးမအောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဓိက
ဖြစ်စေနိုင်တာတွေကတော့ ပန်းသေခြင်း ၊ သုတ်ရည် ပမာဏ နည်းပါးသွားခြင်း နဲ့
ဟော်မုန်းဆိုင်ရာ ပြသနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆေးလိပ်
သောက်ခြင်းကြောင့် သင့်ရဲ့ လိင်မှု ဘ၀ ရဲ့ သုခတွေ
ပျောက်ကွယ်သွားစေနိုင်ပါတယ်။
၅။ သွားဝါစေခြင်း
သင်ဟာ အခုမှ ဆေးလိပ်စ သောက်မယ့် လူတစ်ယောက်ဆိုရင်တော့ သင်သိထားရမှာက
သွားနဲ့ ပတ်သက်တဲ့ ထိခိုက်မှုတွေပါပဲ။ ဆေးလိပ်သောက်တတ်သူတွေဟာ ဆေးလိပ် ရဲ့
ဓါတုပစ္စည်းတွေကြောင့် အဖြူရောင်သွားတွေကနေ
အ၀ါရောင်တွေအဖြစ်ပြောင်းလဲသွားစေနိုင် သလို ခံတွင်း ကျန်းမာရေးမှာလည်း
ပြင်းထန်စွာ ထိခိုက်စေနိုင်ပါတယ်။
၆။ ဘေးလူတွေကိုပါ ထိခိုက်စေနိုင်
သင်ဟာ ကိုယ့် ပါးစပ်နဲ့ ကိုယ်ဆေးလိပ်သောက်တာ ဘယ်သူ့ကိုထိခိုက်စေလို့လည်း
လို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ ဆေးလိပ်ဟာ သောက်တဲ့ သူ
တစ်ယောက်တည်းမဟုတ်ပဲ အနားမှာ ရှိနေတဲ့သူတွေကို ပါ ကျန်းမာရေးအရ
ထိခိုက်စေနိုင်ပါတယ်။ သင်ဆေးလိပ်သောက်လိုက်တိုင်း ပတ်ဝန်းကျင်ကသူတွေကို
ကျန်းမာရေးထိခိုက်စေလိုက်တယ်ဆိုတာကို မမေ့ပါနဲ့။
Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည် ေ...
Sunday, June 14, 2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment