Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Sunday, June 14, 2015
ပညာရေးကိစ္စ ဖမ်းဆီးခံရ သူတွေ ပြန်လွှတ်ရေး မိတ္တီလာမှာ ဆန္ဒပြ
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့အတွက် မိတ္တီလာမြို့ မှာ ကျောင်းသူ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၅၀ လောက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အဖမ်းဆီးခံကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို လွတ်မြောက်ဖို့အတွက် တောင်းဆိုခဲ့ကြတာလို့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ မိထ္ထီလာမြို့ခံ ကိုထိန်မင်းခိုင် က ပြောပါတယ်။
"ကြွေးကြော်သံတွေကတော့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးရယ်၊ ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေးရယ်၊ အကြမ်းဖက်မှုရပ်တန့်ရေးရယ်၊ တရားဥပဒေစိုးမိုးရေး၊ မတရားမှုပပျောက်ရေး၊ ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး၊ ဖမ်းဆီးခံ ဝန်းရံပြည်သူများလွတ်မြောက်ရေး၊ မြန်မာပြည်ငြိမ်းချမ်းသာယာရေးပေါ့၊ အားလုံးပေါင်းကြွေးကြော်သံ ၈ ချက်ပေါ့၊ အဲ့ထဲက အဓိက ၂ ချက်ကတော့ ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး၊ ဖမ်းဆီးခံဝန်းရံပြည်သူများ လွတ်မြောက်ရေးပါ"
ဆန္ဒပြသူတွေဟာ မိထ္ထီလာမြို့ နာရီစင်အနီး အောင်မင်္ဂလာ ဇာတ်ရုံကနေ ဗိုလ်ချုပ် အောင်ဆန်း ကျောက်တိုင် အထိ လမ်းလျှောက်ဆန္ဒပြကြပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို မိထ္ထီလာမြို့က ဒေသခံတွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်တွေနဲ့ ရမည်းသင်း၊ မလိုင်နဲ့ ပျော်ဘွယ်မြို့ က ဒေသခံတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment