Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Saturday, June 13, 2015
ဒေါ်လာဈေး မတည်ငြိမ်မှုနှင့် အတူ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေ
ယခုရက်ပိုင်းအတွင်း ဒေါ်လာ ဈေးမြင့်တက်မှုများ ရှိလာခဲ့ခြင်း၏ နောက်ဆက်တွဲအဖြစ် စက်သုံးဆီ ဈေးနှုန်းများလည်း မြင့်တက်မှုများ ရှိလာခဲ့ကြောင်း ဇွန် ၁၁ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည့် သတင်းထုတ်ပြန်ခြင်း အခမ်းအနားမှ သိရသည်။
စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီ ဈေးနှုန်းသည် ယခင်က တစ်လီတာ လျှင် ငွေကျပ် ၆ဝဝ ဝန်းကျင်သာရှိခဲ့ရာ မှ လက်ရှိတွင် အမေရိကန်ဒေါ်လာဈေး တက်လာခြင်းကြောင့် ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၇၄ဝ အထိ ရှိလာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ၂ဝ၁ဝ ခုနှစ်မှစတင်ကာ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်များကို ခွင့်ပြုပေးခဲ့ရာ ယခုနှစ် ဇွန် ၃ ရက် အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ရယူ၍ လုပ်ငန်းလုပ်ကိုင်နေသည့် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ၁၅၂၂ ဆိုင်၊ ပုဂ္ဂလိကစက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေးစခန်းခြောက်ခု၊ ရေယာဉ်များသို့ စက်သုံးဆီတိုက်ရိုက် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်အား ရေယာဉ် ၁၆ စင်းနှင့် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်တစ်ခုတို့ကို ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ခွင့်ပြုပေးထားသော်လည်း ပုဂ္ဂလိက အရောင်းဆိုင်များတွင် ရောင်းချနေသော စက်သုံးဆီများအား စက်သုံးဆီအရည်အသွေးနှင့် အခြင် အတွယ် မှန်ကန်စေရေးအတွက် စစ်ဆေးအရေးယူဆောင်ရွက်လျက် ရှိပြီး ကလေးမြို့တွင် စက်သုံးဆီ အရောင်းဆိုင် မီးလောင်မှုကြောင့် ရောင်းချခွင့်လိုင်စင် ခြောက်လပိတ် သိမ်းခြင်း၊ ဘုရားကြီးမြို့နယ်အတွင်း ရှိ စက်သုံးဆီအရောင်းဆိုင်အခြင် အတွယ်မပြည့်မီခြင်းကြောင့် ရောင်းချ ခွင့်လိုင်စင် ပထမအကြိမ်တစ်လ၊ ထပ်မံစစ်ဆေးတွေ့ရှိသည့်အတွက် ဒုတိယအကြိမ် သုံးလပိတ်သိမ်းခြင်း၊ ၂ဝ လီတာစံခွက် သို့မဟုတ် လေးဂါလန် စံခွက်များမထားရှိသည့် စက်သုံးဆီအရောင်းဆိုင်လေးဆိုင်ကို သတိပေး အရေးယူခြင်းများ အပါအဝင် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ခွင့်ပြုမိန့်မရရှိသေးသည့် စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချမှုမရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေနံထွက်ပစ္စည်းများ တင်သွင်းသို လှောင် သယ်ယူချက်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီနှင့် ညှိနှိုင်းကာ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဒေါ်လာဈေးမတည်ငြိမ်မှုနှင့်အတူ စက်သုံးဆီ ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိရာတွင် ဇွန် ၁ ရက်မှ ၅ ရက်အထိ ဆိပ်ကမ်းအရောက် စက်သုံးဆီတစ်လီတာ တန်ဖိုး (ဥပမာ-အောက်တိန်း ၉၂) ငွေကျပ် ၇၂ဝ ရှိခဲ့ကြောင်း၊ သို့ရာတွင် ဆိပ်ကမ်း မှ သက်ဆိုင်ရာအရောင်းဆိုင်များ အရောက်ဆိုလျှင် သယ်ယူစရိတ်မပါ တွက်ချက်ပါက ငွေကျပ် ၇၉ဝ အထိ ကုန်ကျကြောင်း၊ သို့သော် ဝယ်ယူ သုံးစွဲသူများအတွက် သင့်တင့်သော ဈေးနှုန်းဖြစ်စေရန် စက်သုံးဆီ အရောင်းဆိုင်များနှင့် ညှိနှိုင်းကာ ငွေကျပ် ၇၉ဝ အထိ ရောင်းချခြင်း မရှိခဲ့ကြောင်း၊ ဆိပ်ကမ်းအရောက် တစ်လီတာ တန်ဖိုးနှင့် လက်လီ အရောင်းဆိုင်များ၏ တစ်လီတာ တန်ဖိုးသည်လည်း ၁ဝ ကျပ်၊ ၁၅ ကျပ်မျှသာကွာဟကြောင်းနှင့် ဒေါ်လာ ဈေး အတက်အကျအပေါ်မူတည်ကာ စက်သုံးဆီဈေးနှုန်းသည်လည်း အတက် အကျ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချ ရေးအသင်းရုံးအဖွဲ့မှူး ဦးဝင်းနိုင်က ပြောကြားခဲ့သည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment