Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Saturday, June 13, 2015
မြန်မာက ဗီယက်နမ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲတက်
ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာယူ ၂၃ နဲ့ ဗီယက်နမ်အသင်းတို့ ဒီနေ့ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
မြန်မာအသင်းက အနီရောင်ဝတ်စုံနဲ့ ပွဲထွက်ခဲ့ပြီး ဗီယက်နမ်ကတော့ အဖြူရောင်ဝတ်စုံနဲ့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
ပွဲစစချင်း ၁ မိနစ်အတွင်းမှာ မြန်မာအသင်းက ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို အသင်းခေါင်းဆောင် နေလင်းထွန်း ကန်သွင်းခဲ့ပေမယ့် ဗီယက်နမ်က ခေါင်းတိုက်ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၃ မိနစ်မှာ ဗီယက်နမ်အသင်းက ကျောနံပါတ် ၁၇ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးစည်း ကျော်သွားခဲ့ပါတယ်။ ပွဲကစားချိန် ၇ မိနစ်မှာ ဗီယက်နမ်အသင်းကပဲ တောက်လျှောက်ဖိကစားပြီး မြန်မာအသင်းကတော့ အချိတ်အဆက်မမိဖြစ်နေပါတယ်။ ပွဲချိန် ၁၀ မိနစ်မှာလည်း ဗီယက်နမ်က ရှေ့တန်းတိုက်စစ်မှူး ကျောနံပါတ် ၁၇ မြန်မာဂိုးသမားနဲ့ တယောက်ချင်း အပိုင်ကန်သွင်းခွင့်ရပေမယ့် ဂိုးသမား ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၁၈ မိနစ်မှာ ဗီယက်နမ်အသင်းက မြန်မာဂိုးဧရိယာအစပ်နားမှာ ဖြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို ဂိုးရှေ့ချပေးလို့ ခေါင်းတိုက်သွင်းရာမှာ ဂိုးတိုင်ပေါ် ကျော်တက်သွားလို့ မြန်မာအသင်း သက်သာရာရခဲ့ပါတယ်။
၂၄ မိနစ်မှာတော့ မြန်မာအသင်းက ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို ဂိုးဧရိရှေ့ ချပေးခဲ့ပေမယ့် ဗီယက်နမ်နောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ ဗီယက်နမ်ရှေ့တန်းလူ ကန်သွင်းခွင့်ရပေမယ့် မြန်မာဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။
မိနစ် ၃၀ မှာ မြန်မာအသင်းက ထောင့်ကန်ဘောရရှိခဲ့ပါတယ်။ ထောင့်ကန်ဘောကို လှိုင်းဘိုဘိုက ဗီယက်နမ်ဂိုးရှေ့ ချပေးရာမှာ ဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။
ပွဲချိန် ၃၆ မိနစ်မှာ မြန်မာအသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရပါတယ်။ ပြစ်ဒဏ်ဘောကို အသင်းခေါင်းဆောင် နေလင်းထွန်း ကန်သွင်းယူရာမှာ ဗီယက်နမ်က လက်ထိဘောကျူးလွန်လို့ ပင်နယ်တီရခဲ့ပါတယ်။ အဲဒီပင်နယ်တီကို စည်သူအောင်က အသာအယာပဲ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို ကန်သွင်းယူခဲ့ပါတယ်။
ပွဲချိန် မိနစ် ၄၀ မှာ ဗီယက်နမ်က ထောင့်ကန်ဘောကန်ခွင့်ရခဲ့ပေမယ့် မြန်မာဂိုးသမား ကျော်ဇင်ဖြိုး ဖမ်းယူနိုင်ခဲ့ပါတယ်။ မြန်မာဂိုးသမားဟာ ဗီယက်နမ်အသင်းရဲ့ အပိုင်ကန်သွင်းချက် အတော်များများကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၄၃ မိနစ်မှာ ဗီယက်နမ်အသင်းက ပြစ်ဒဏ်ဘော ကန်သွင်းခွင့်ရပေမယ့် မြန်မာနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
ဒီနောက်မှာတော့ ပထမပိုင်းပြီးဆုံးချိန်အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ ၁-၀ ဂိုးနဲ့ မြန်မာက အနိုင်ရရှိနေပါတယ်။
ဒုတိယပိုင်း ပွဲစစချင်းမှာလည်း ဗီယက်နမ်ကပဲ အချိန်အဆက်မိမိ ထိုးဖောက်ကစားခဲ့ပြီး မြန်မာအသင်းက တခါတရံမှာတော့ ပြန်လည် ထိုးဖောက်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၅၀ မှာ ရှိုင်းသူရကို ဖျက်ထုတ်တာ ကြမ်းတဲ့အတွက် မြန်မာအသင်းက ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်း ကန်တင်ရာမှာ များသွားပြီး ဂိုးလွန်ဘော ဖြစ်သွားခဲ့ပါတယ်။
ပွဲချိန် ၅၁ မိနစ်မှာ ဗီယက်နမ်အသင်းက ကျောနံပါတ် ၁၀ ကန်သွင်းခွင့်ရပေမယ့် မြန်မာအသင်းရဲ့ ဂိုးညာဘက်ကနေ ထွက်သွားပါတယ်။
ပွဲချိန် ၅၄ မိနစ်မှာလည်း ဗီယက်နမ်အသင်းက ကျောနံပါတ် ၁၇ အပိုင်ကန်သွင်းတာကို မြန်မာဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၆၄ မိနစ်မှာ ဗီယက်နမ်အသင်းက ထောင့်ကန်ဘောကန်ခွင့်ရခဲ့ပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာနောက်တန်းလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၅ မိနစ်မှာလည်း ဗီယက်နမ်ရှေ့တန်းတိုက်စစ်မှူး ကျောနံပါတ် ၁၇ ပဲ ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးဘားပေါ် ကျော်တက်သွားလို့ မြန်မာအသင်း သက်သာရာရခဲ့ပါတယ်။
မိနစ် ၇၀ အထိ ဗီယက်နမ်အသင်းကပဲ တောက်လျှောက်ဖိကစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ မြန်မာအသင်းကတော့ ချေပဂိုး ပြန်မပေးရဖို့ ခံစစ်ပဲ ကစားနေရတာပါ။
ပွဲချိန် ၇၁ မိနစ်မှာတော့ ဗီယက်နမ်အသင်းက ချေပဂိုး ပြန်လည်ရရှိသွားပါတယ်။ ကျော်နံပါတ် ၂၅ က သွင်းယူခဲ့တာပါ။
ပွဲချိန် ၇၆ မိနစ်မှာတော့ မြန်မာအသင်းက ထောင့်ကန်ဘောရရှိခဲ့ပါတယ်။ စည်သူအောင် ဂိုးရှေ့ချပေးခဲ့ပေမယ့် ဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။
ပွဲချိန် ၇၈ မိနစ်မှာတော့ မြန်မာအသင်းက ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်းက ဗီယက်နမ်ဂိုးသမားရဲ့ ညာဘက်ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီနောက် ပွဲချိန်ပြီးဆုံးချိန်ထိ ဗီယက်နမ်အသင်းက အချိန်အဆက်မိမိနဲ့ ထိုင်းဖောက်ကစားခဲ့ပေမယ့် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ ၂-၁ ဂိုးနဲ့ မြန်မာအသင်းက အနိုင်ရရှိသွားပါတယ်။
မြန်မာ ယူ၂၃ အသင်း ပွဲထွက်စာရင်းကတော့ ဂိုး- ကျော်ဇင်ဖြိုး၊နောက်တန်း- ကျော်ဇင်လွင်၊ သိန်းနိုင်ဦး၊ ဖြိုးကိုကိုသိန်း၊ ဟိန်းသီဟဇော်၊ အလယ်တန်း- နေလင်းထွန်း၊ လှိုင်းဘိုဘို၊ ရဲကိုဦး၊ စည်သူအောင်၊ ရှေ့တန်း- ကောင်းဆက်နိုင်နဲ့ ရှိုင်းသူရတို့ ဖြစ်ပါတယ်။
Labels:
အားကစားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment