Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Saturday, June 13, 2015
ရခိုင်မှာ လူပေါင်း ၄ သိန်းကျော် စာနာမှု အကူအညီ လိုအပ်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ လူမှုအ၀န်းအ၀ိုင်းနှစ်ခုအကြား ရုန်းရင်းဆန်ခတ် အခြေအနေတွေဖြစ်ခဲ့တာ သုံးနှစ်ကြာလာပြီးတဲ့ နောက် လူပေါင်း ၄၁၆,၀၀၀ ကျော် ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်ပြီး လိုအပ်နေတုန်းပဲလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုရုံး (UNOCHA) က ပြောလိုက်ပါတယ်။
အဲဒီထဲမှာ ဒုက္ခသည်စခန်းတွေထဲ ဆိုးရွားတဲ့အခြေအနေအောက်မှာ နေထိုင်နေရတဲ့ လူပေါင်း ၁၄၀,၀၀၀ နီးပါးနဲ့ သီးခြားရွာလေး တွေမှာ နိုင်ငံသား မဟုတ် ဘဲ နေထိုင်နေကြ ရသူ အများအပြားပါတယ်လို့ သောကြာနေ့က နယူးယောက်မှာ လုပ်တဲ့ ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း UNOCHA အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ပြောခွင့်ရ Stephane Dujarric ကပြောသွားပါတယ်။
ရခိုင်ပြည်နယ်က အိုးအိမ်စွန့် ထွက်ပြေးရသူတွေနဲ့ အကာအကွယ်မဲ့နေသူတွေ အတွက် သင့်တင့်လျောက်ပတ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အသက်မွေး ၀မ်းကျောင်းမှု တို့ဟာ အဓိက စိုးရိမ်ဖွယ်တခုအဖြစ် ဆက်ရှိနေတုန်းပဲလို့ ကုလသမဂ္ဂက ပြောပါ တယ်။
ရခိုင်ပြည်နယ်က ထောင်ပေါင်းများစွာသော လူတွေရဲ့ လွတ်လပ်စွာ သွားလာခွင့် အပေါ် ကန့်သတ်ထားတာကြောင့် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ တခြားအခြေခံလိုအပ်ချက်တွေ ဆိုးဆိုးရွားရွား ထိခိုက်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေါ်မှာပဲ မှီခိုအားထားနေကြရတယ်လို့ ဆိုပါတယ်။
အိုးအိမ်စွန့်ခွာထွက်ပြေးရသူ လူပေါင်း ၄၀,၀၀၀ လောက်ထိဟာ ကမ်းရိုးတန်းနဲ့ မီတာ ၅၀၀ လောက်အတွင်းမှာရှိတဲ့ စခန်းတွေမှာ နေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မုတ်သုံရာသီဝင်လာတော့မှာ ဖြစ်တာနဲ့အတူ ကမ်းရိုးတန်းတလျှောက် ရာသီဥတုအခြေအနေ ဆိုးရွားလာဖွယ်ရှိတယ်လို့ UNOCHA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment