Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Saturday, June 13, 2015
C.Ronaldo နဲ့ ယှဉ်ပြိုင်နေရမှုဟာ မီဒီယာတွေရဲ့ဖန်တီးမှုသာ ဖြစ်တယ်လို့ Messi ဆို
ဘာစီလိုနာ တိုက်စစ်မှုး ဖြစ်တဲ့ Lionel Messi က သူ့အနေနဲ့ Cristiano Ronaldo နဲ့ ယှဉ်ပြိုင်မှုမျိုးမရှိခဲ့ဖူးပဲ ဒါဟာ မီဒီယာ တွေ ဖန်တီးထားတာသာ ဖြစ်တယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။
Lionel Messi နဲ့ Cristiano Ronaldo တို့ ၂ ယောက်ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ၂၀၀၈ ခုနှစ်ကတည်း တစ်လှည့်စီ ရရှိလာခဲ့ကြပြီး လက်ရှိမှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ၂ ယောက် အဖြစ်သတ်မှတ်ခံထားရသူတွေလည်း ဖြစ်ပါတယ်။
သူတို့ ၂ ယောက်ဟာ ဥရောပ ပြိုင်ပွဲတွေမှာ ရော ပြည်တွင်း ပြိုင်ပွဲတွေမှာပါ ဂိုးသွင်းအများဆုံး ဆု ကို တစ်လှည့်စီ သိမ်းပိုက်နေကြသူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနား တိုက်စစ်မှုး Messi က Cristiano Ronaldo နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ပြင်းထန်တဲ့ ခံစားချက်တွေ မရှိသလို သူတို့ ၂ ယောက် ကြားမှာ ယှဉ်ပြိုင်နေမှုလည်း မရှိဘူးလို့ ဆိုထားပါတယ်။
"ဘာယှဉ်ပြိုင်မှုမှ မရှိပါဘူး။ ဒါဟာ မီဒီယာတွေ ဖန်တီးထားတာပါ။ ကျွန်တော်တို့ ၂ ယောက်လုံးဟာ ကိုယ့် အသင်းအတွက်ကို ကောင်းအောင် ကစားပေးနိုင်ကြပါတယ်။ ဒါဟာ Messi Vs Ronaldo ဆိုတဲ့ ယှဉ်ပြိုင်မှု မဟုတ်ပါဘူး။ ဘယ်တော့မှ လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။" လို့ Messi က Shortlist သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Messi က Ronaldo ရဲ့ ကစားဖော်ဟောင်း Wayne Rooney ကိုလည်း ချီးကျူးစကားဆိုထားပါသေးတယ်။ Messi ကို သတင်းဌာနက လာလီဂါမှာ လာကစား ရင် ခြေစွမ်းပြနိုင်မယ့် အင်္ဂလန်ကစားသမား ရှိနိုင်လားလို့ မေးမြန်းတဲ့အပေါ် Messi က မန်ယူ ရဲ့ ကပ္ပတိန် Wayne Rooney ကို ရွေးချယ်ပြီး အဖြေပေးခဲ့ပါတယ်။
" Wayne Rooney ရဲ့ နည်းစနစ်ကျတဲ့ ကစားပုံတွေကို ကြည့်မယ်ဆိုရင်တော့ သူဟာ ဥရောပ ပြိုင်ပွဲ က ကစားသမားတွေအားလုံး လိုပဲ ခြေစွမ်းရှိသူတစ်ဦးဖြစ်ပါတယ်" လို့ Messi ကဆိုပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တိုင်းတာချက်တွေအရ Messi ဟာ ကလပ်အသင်းနဲ့ နိုင်ငံ အသင်းအတွက် တစ်နှစ်ကို ပျမ်းမျှ ၅၅.၈ ဂိုးသွင်းပေးထားနိုင်ပေမယ့်လည်း Ronaldo ကတော့ ကလပ်အသင်းနဲ့ နိုင်ငံ အသင်းအတွက် တစ်နှစ်ကို ပျမ်းမျှ ၅၇.၂ ဂိုး သွင်းပေးထားနိုင်ခဲ့ပါတယ်။
Labels:
အားကစားသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment