Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Saturday, June 13, 2015
အဖမ်းခံကျောင်းသားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
ပညာရေးဒီမိုကရေစီ ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွဲခံရပြီး သာယာဝတီ ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံ ထားရတဲ့ ကျောင်းသားတွေနဲ့ ၀ိုင်းရံသူတွေ ကျန်းမာရေး ပြုစုစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေတဲ့ အပြင် ထောင်တွင်းမှာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ပတ်ဝန်းကျင်ထားရှိဖို့ AHRC အာရှလူ့အခွင့် အရေးကော်မရှင်က သက်ဆိုင်ရာဌာနနဲ့ အဖွဲ့အသီးသီးကို တိုက်တွန်းလိုက်ပါတယ်။
ထောင်တွင်းက အခြေအနေတွေဟာ အခုအခါ ဆိုးဝါးလာနေတယ်လို့ AHRC ရှေ့နေဦးမင်းလွင်ဦး က ပြောပြပါ တယ်။
လက်ပံတန်းမှာ မတ်လ ၁၀ ရက်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးတဲ့အတွက် ထိခိုက်ဒဏ်ရာရထားသူတွေ ထိုက်သင့်သလို ဆေးဝါးကုသခံယူခွင့်မရကြဘူး လို့လည်း ဆိုပါတယ်။
ဝိုင်းရံသူ ကိုတင်ဝင်းနဲ့ ကိုခင်လှိုင်တို့ဟာလည်း ဖမ်းဆီးခံရချိန်က ရိုက်နှက်ခံရတဲ့ ဒဏ်တွေကြောင့် ထိထိရောက်ရောက် ဆေးမကုသခဲ့ရဘဲ နောက်ဆုံးမှ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနကိုရောက်ရှိ သွားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
မတ်လ ၁၀ ရက် အကြမ်းဖက်ဖြိုခွင်းချိန်က ကျောင်းသားနဲ့ ၀န်းရံသူ ၁၀၀ ကျော် ဖမ်းဆီးခံရပြီး တချို့ကို စွဲချက် မတင်ဘဲ ပြန်လွှတ်ပေးပြီး တချို့ကို အာမခံပေးလိုက်ပေမဲ့ ထောင်ထဲမှာ ၇၀ နီးပါး ချုပ်နှောင်ခံထားရတုန်းပဲလို့ လည်း AHRC ကြေငြာချက်မှာ ပါရှိပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment