Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Saturday, June 13, 2015
ဟောလိဝုဒ် မင်းသား Matt Dillon ရဲ့ ရိုဟင်ဂျာ အရေး ရှင်းလင်းပွဲ
ကုလသမဂ္ဂရဲ့အဆို ရခိုင်ပြည်နယ်၊ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ လူသားချင်းစာနာမှု အကူအညီတွေ ဘယ်လောက်အထိ လိုအပ်နေတယ်ဆိုတာ ကမ္ဘာကသိစေချင်တယ်လို့ သိပ်မကြာခင်တုန်းကပဲ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေထဲကို သွားရောက်ခဲ့တဲ့ အမေရိကန် ဟောလိဝုဒ် မင်းသား Matt Dillon က ပြောပါတယ်။
"ဒီဒုက္ခသည်စခန်းတွေဟာ ပူလောင်ခြောက်သွေ့ပြီး သစ်ပင်ဆိုလို့ တပင်မှ မရှိကြောင်းနဲ့ ရွေးချယ်ခွင့်သာရှိမယ်ဆိုရင် အဲဒီလိုနေရာမျိုးကို ဘယ်သူမှ နေချင်ကြမှာမဟုတ်ကြောင်း၊ ဒုက္ခသည်တွေအတွက် ကျန်းမာရေးဆိုင်ရာ အထောက် အပံ့တွေ အလုံအလောက် မရှိတဲ့အကြောင်း၊ Matt Dillon က ၀ါရှင်တန်မြို့တော်က အမျိုးသားသတင်းထောက်များ အသင်းမှာ ပြောသွားပါတယ်။
ဟောလိဝုဒ် မင်းသား Dillon ဟာ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက လူသားချင်း စာနာမှု လိုအပ်နေတဲ့ အခြေအနေတွေကို မီးမှောင်းထိုးပြတဲ့ အနေနဲ့ ဒီလအစောပိုင်းတုန်းကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါ။ မြန်မာနိုင်ငံတွင်းဆိုးရွားတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် အများအပြားဟာ ပင်လယ်ထဲမှာ စက်လှေတွေနဲ့ အသက်စွန့် ဖြတ်ကျော်ပြီး အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ခွာနေကြတယ်လို့ ဆိုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကလည်း မြန်မာအစိုးရကို ဝေဖန်ပြောဆိုနေကြပါတယ်။
ဒါပေမဲ့ မြန်မာအစိုးရကတော့ ပင်လယ်တွင်း လှေစီးဒုက္ခသည်တွေ ဟာ နိုင်ငံတကာက ပြောသလို ရိုဟင်ဂျာ ဒုက္ခသည်တွေ မဟုတ်တဲ့အကြောင်း တုံ့ပြန်ထားပြီး မြန်မာ့ ရေပိုင်နက်တွင်းမှာကိုပဲ တွေ့ရှိ ကယ်တင်ခဲ့ရတဲ့ လှေစီးပြေး ၉၀၀ ကျော် ရှိခဲ့တဲ့အကြောင်းနဲ့ သူတို့ကို စိစစ်မှုတွေလုပ်ပြီး မူရင်းထွက်ခွာလာရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြန်လည် ပို့ပေးနေတယ်လို့လည်း ပြောဆိုထားပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment