Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Saturday, June 13, 2015
နီပေါ၌ မြေပြိုမှုများကြောင့် ၅၅ ဦးထက်မနည်းသေဆုံး
နီပေါနိုင်ငံအရှေ့မြောက်ပိုင်း တာပလီဂျန်းခရိုင်၌ ဗုဒ္ဓဟူးနေ့ ညပိုင်းနှင့် ကြာသပတေးနေ့နံနက်ပိုင်းတို့တွင် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၅၅ ဦးထက် မနည်း သေဆုံးသွားကြောင်း ဒေသမီဒီယာက ဖော်ပြသည်။
အဆိုပါကြီးမားသောမြေပြိုမှုကြောင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ခြောက်ခု အတွင်း ကျေးရွာသား ၅၅ ဦးသေဆုံးပြီး တစ်ဒါဇင်ကျော်ဒဏ်ရာရရှိကာ ကြာသပတေးနေ့နံနက်ထိ လူ ၄ဝ နီးပါး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အင်္ဂလိပ်သတင်းစာ ရီပတ်ဘလီကာက ဖော်ပြသည်။
အစောပိုင်းတွင် တာပလီဂျန်းခရိုင်အခြေစိုက် နီပေါဒုတိယရဲမှူး ဆန်ထီရပ်ကိုင်ယာလာက လူ ၂၁ ဦး၏ ရုပ်အလောင်းများတွေ့ခဲ့ပြီး ၂၇ ဦး ပျောက်ဆုံးနေသည်ဟု ဆိုသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါ မြေပြိုမှုဖြစ်ပွားရခြင်းဖြစ် ကြောင်း၊ ကျေးရွာခြောက်ရွာအတွင်း နေအိမ်များရေစီးအတွင်းမျောပါသွား ခဲ့ကြောင်း ကယ်ဆယ်ရေးတွင်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။
ကယ်ဆယ်ရေးနှင့်ရှာဖွေရေးဆောင်ရွက်လျက်ရှိပြီး ဒဏ်ရာရသူအများ အပြားမှာစိုးရိမ်ရကြောင်း၊ သေဆုံးသူအရေအတွက်တိုးလာမည်ကို စိုးရိမ် ပူပန်နေကြကြောင်း တာဝန်ရှိသူများက ပြောသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment