Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Saturday, June 13, 2015
မြန်မာနိုင်ငံတွင် ဂျီဟတ်ဆင်နွှဲရန် ပါကစ္စတန်တာလီဘန်များ တိုက်တွန်း
မြန်မာနိုင်ငံမှ မွတ်စလင်များအနေနှင့် နိုင်ငံအုပ်ချုပ်သူများကို ထကြွပုန်ကန်ကြရန် ဇွန် ၈ ရက် တင်္နလာနေ့က ပါကစ္စတန်တာလီဘန်များက တိုက်တွန်းလိုက်ပြီး ထို့အတွက်လိုအပ်သည့် လက်နက်၊ ငွေကြေးနှင့် လေ့ကျင့်ရေးအထောက်အကူများ ၎င်းတို့ထံတွင် အသင့်ရှိကြောင်း ပြောကြားလိုက်သည်။
ပါကစ္စတန်တာလီဘန်အဖွဲ့(TTP)၏ ပြောရေးဆိုခွင့်ရှိသူ အာဆန်နူလာအာဆန်က မြန်မာနိုင်ငံမှ ဖိနှိပ်ခံရိုဟင်ဂျာမွတ်စလင်များအတွက် ၀မ်းနည်းကြောင်း ပြောသည်။
မြန်မာအစိုးရက ရိုဟင်ဂျာဆိုသော အသုံးအနူန်းကို လက်မခံကြောင်း၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးဟူ၍ မရှိကြောင်း ပြောဆိုထားသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ က လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ ဒုက္ခသည်စခန်းများတွင် နေထိုင်ရဆဲဖြစ်သည်။
“မြန်မာနိုင်ငံက(မွတ်စလင်)လူငယ်တွေကို ကျွန်ုပ်ပြောမယ်။ ဘုရားသခင်ရဲ့လမ်းစဉ်အတိုင်း ဓါးကိုင်ပြီး သတ်ဖြတ်ကြလော့။ ဘုရာသခင်သည် ကျန်ုပ်တို့နဲ့အတူရှိနေတယ်ဆိုတာကို သံသယမဖြစ်လင့်။ သင်တို့ဘ၀များ သက်သောင့်သက်သာဖြစ်ရေးအတွက် ကျန်ုပ်တို့ရဲ့ လေ့ကျင့်ကွင်းတွေ၊ လူသူလက်နက်အားလုံး အသင့်ရှိတယ်။”ဟု မြန်မာနိုင်ငံကို ဘားမားဟုခေါ်ဆိုထားသော အဆိုပါပြောစကားပါ အသံဖိုင်ကို မီဒီယာများထံ ပေးပို့ခဲ့သည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နူန်းခန့်သည် မွတ်စလင်များဖြစ်ပြီး ယင်းအနက် ထက်ဝက်ခန့်သည် အဆိုပါ လူနည်းစုများဖြစ်သည်ဟု ဆိုသည်။ TTP အကြမ်းဖက်အဖွဲ့သည် ၂၀၀၇ ခုနှစ်မှစ၍ ပါကစ္စတန်နိုင်ငံတွင် လူပေါင်းထောင်ချီ သတ်ဖြတ်ခဲ့ပြီးဖြစ်သော်လည်း ပြင်ပကမ္ဘာ၏ဖြစ်ရပ်များအပေါ် အာရုံစိုက်မှု များစွာမရှိကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံမှ အဆိုပါလူနည်းစုများအရေး ကမ္ဘာ့မီဒီယာများတွင် ရေးသားဖော်ပြကြပြီးနောက် ပါကစ္စတန်နိုင်ငံတွင် လူပြောသူပြောများသော ကိစ္စရပ်တခုဖြသ်လာသည်။ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှာရစ်ဖ်က အဆိုပါလူမျိုးများအရေး ကူညီဆောင်ရွက်ပေးနိုင်ရန် အထူးကော်မတီတခုဖွဲ့စည်းပေးခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီး ဇွန် ၇ ရက် တနင်္ဂနွေနေ့က ပါကစ္စတန်အလယ်ပိုင်းရှိ မူလ်တန်မြို့တွင် ဆန္ဒပြသူများက မြန်မာနိုင်ငံအလံကို မီးရှို့ခဲ့ကြသည်။
ယင်းသို့ လမ်းပေါ်ထွက် ဆန္ဒပြမှုများ၊ ချီတက်လမ်းလျောက်မှုများ၊ ပြစ်တင်ရှုတ်ချခြင်းများသည် အရာထင်မည်မဟုတ်ကြောင်း၊ ဂျီဟတ်ဆင်နွှဲမှသာ မြန်မာအာဏာပိုင်များ၏အရေးစိုက်မှုကို ခံရမည်ဖြစ်ကြောင်း အာဆန် က ပြောသည်။ TTP အဖွဲ့သည် ယမန်နှစ် ဇွန်လကတည်းက ပါကစ္စတန်အစိုးရ၏ လိုက်လံရှာဖွေတိုက်ခိုက်ခြင်း ခံနေရသဖြင့် တိမ်းရှောင်ထွက်ပြေးနေရသော အဖွဲ့ဖြစ်သည်။
အယ်လ်ခိုင်းဒါးအပါအ၀င် အခြားသောအကြမ်းဖက်အဖွဲ့များက မြန်မာနိုင်ငံရှိ အဆိုပါ လူနည်းစုများအရေး ထောက်ခံအားပေးကြောင်းနှင့် ဂျီဟတ်လုပ်ဆောင်ရန် ခြိမ်းခြောက်ခဲ့ကြသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment